DVB Logo
Home
မြန်မာသတင်း
ကာလုံ၏ လုပ်ပိုင်ခွင့်အာဏာတိုးမြှင့်မည့် ရည်ရွယ်ချက် အန်အယ်လ်ဒီမေးခွန်းထုတ်
DVB
·
September 23, 2019
ကာလုံ၏ လုပ်ပိုင်ခွင့်အာဏာတိုးမြှင့်မည့် ရည်ရွယ်ချက် အန်အယ်လ်ဒီမေးခွန်းထုတ်
Donate to DVB

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ တပ်ရဲ့နယ်နိမိတ်ကို ချဲ့ထွင်ချင်တဲ့ အနေ အထားကို ရည်ရွယ်ဦးတည်နေသလားလို့ အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က မေးခွန်းထုတ်လိုက်ပါတယ်။ 

တပ်မတော်ဘက်က ပါဝင်မှု အားသာနေတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာကိုတိုးမြှင့်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းက နိုင်ငံရေးမှာ တပ်ရဲ့ပါဝင်မှုကို ပိုအားကောင်းစေလိုတာကြောင့်လားလို့ ဒီဗွီဘီ သတင်းဌာနရဲ့ မေးမြန်းမှုကို ဦးအောင်ကြည်ညွန့်က ပြောဆိုခဲ့တာပါ။

“တိုင်းပြည် အခြေအနေ ယိုယွင်းလာပြီဆိုရင် လွှတ်တော်ကို ပယ်ဖျက်ဖို့ သမ္မတကို အကြံပေးနိုင်တယ်ဆိုတဲ့ ၇ ချက်လောက် ထပ်ပြီးပါလာတာကို သွားတွေ့ရတယ်။ တင်တာကတော့ ကြံ့ခိုင်ရေးက တင်လာတဲ့ ကိစ္စပေါ့။ ဖက်ဒရယ်ဒီမိုကရေစီကို သွားကြမယ်လို့ ပြောရင်းနဲ့ တပ်ရဲ့ အခြေခံနယ်နိမိတ်ကို ပိုပြီးချဲ့ထွင်လာမယ့်၊ ချဲ့ထွင်လာချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို ဦးတည်လေသလားလို့ စဉ်းစားရမယ့် အနေအထားမျိုးပါ။”

ကြံ့ခိုင်ရေးပါတီက ထပ်မံတင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းမှာ လွှတ်တော်တရပ်ရပ်မှာ ရှိနေတဲ့ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံရဲ့ အထက်က အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားခဲ့ရင် လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် သမ္မတကို အကြံပြုနိုင်တဲ့ဆိုတဲ့ အချက်ကို ထည့်သွင်းထားသလို အနည်းဆုံး ကောင်စီဝင် ၅ ဦးက တောင်းဆိုရင် အစည်းအဝေး ကျင်းပရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အတွင်းမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ ၆ ဦးထိ တပ်မတော်ဘက်က ပါဝင်နေတာပါ။

 အန်အယ်ဒီအစိုးရ တက်လာတဲ့ အချိန်ကစပြီး အခုအချိန်ထိ ကာလုံအစည်းအဝေး ခေါ်ယူပေးဖို့ အတိုက်အခံပါတီတွေဘက်က တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ကာလုံအဖွဲ့ဝင်တွေ အကုန်ပါတဲ့ အစည်းအဝေးတွေကိုသာ အာဏာရပါတီက ကျင်းပခဲ့ပြီး ကာလုံ အမည်တပ်ပြီး တွေ့ဆုံတာ မလုပ်ခဲ့ပါဘူး။ 

ဒါဟာ အန်အယ်ဒီပါတီအနေနဲ့ တပ်ရဲ့ပါဝင်မှု အခန်းကဏ္ဍကို လျှော့ချချင်တာကြောင့်လားလို့ ဒီဗွီဘီသတင်းဌာနက မေးမြန်းမှုကို ဦးအောင်ကြည်ညွန့်က အခုလို ပြောဆိုခဲ့ပါတယ်။

“ကာလုံရဲ့ အနေအထားက သူ့ဘာသာ ရှိနေတာပဲ ရှိတယ်။ သူ့ကို လျှော့ထားတာတွေ၊ နှိမ့်ချထားတာတွေ မရှိဘူး။ တတိယအချက်က တပ်နဲ့ အန်အယ်ဒီနဲ့ အားပြိုင်သလား၊ မပြိုင်ဘူးလား ဆိုတဲ့ မေးခွန်းနဲ့ဆိုရင် တကယ်တမ်း ဥပဒေကြောင်းအရ ပြောရင် ကျနော်တို့ အန်အယ်ဒီ က တပ်ကို ဘာမှ အားပြိုင်စရာ အကြောင်းမရှိဘူး။ တပ်က ပါတီ မဟုတ်ဘူး။ ကျနော်တို့က ပါတီပဲ။”

ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်မယ့်အချက်ကို ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းချိန်တုန်းက တပ်မတော်ဘက်က တောင်းဆိုခဲ့တဲ့ အချက် ဖြစ်ပါတယ်။

လက်ရှိလွှတ်တော်အတွင်းမှာ တပ်မတော် အပါအဝင် အပြိုင်အဆိုင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတွေ တင်နေပေမယ့် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ပြည်သူအများစု ပြင်ဆင်ချင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးမှာ တပ်မတော်ဘက်က မပါဝင်ခဲ့ရင် ပြင်ဆင်လို့မရဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။




ကာလုံ၏ လုပ္ပိုင္ခြင့္အာဏာတိုးျမႇင့္မည့္ ရည္႐ြယ္ခ်က္ အန္အယ္ဒီေမးခြန္းထုတ္
ေအာင္သူ
ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအေနနဲ႔ တပ္ရဲ႕နယ္နိမိတ္ကို ခ်ဲ႕ထြင္ခ်င္တဲ့ အေန အထားကို ရည္႐ြယ္ဦးတည္ေနသလားလို႔ အန္အယ္လ္ဒီ ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးေအာင္ၾကည္ၫြန႔္က ေမးခြန္းထုတ္လိုက္ပါတယ္။

တပ္မေတာ္ဘက္က ပါဝင္မႈ အားသာေနတဲ့ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕ လုပ္ပိုင္ခြင့္အာဏာကိုတိုးျမႇင့္မယ့္ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥပေဒၾကမ္းက ႏိုင္ငံေရးမွာ တပ္ရဲ႕ပါဝင္မႈကို ပိုအားေကာင္းေစလိုတာေၾကာင့္လားလို႔ ဒီဗြီဘီ သတင္းဌာနရဲ႕ ေမးျမန္းမႈကို ဦးေအာင္ၾကည္ၫြန႔္က ေျပာဆိုခဲ့တာပါ။

“တိုင္းျပည္ အေျခအေန ယိုယြင္းလာၿပီဆိုရင္ လႊတ္ေတာ္ကို ပယ္ဖ်က္ဖို႔ သမၼတကို အႀကံေပးႏိုင္တယ္ဆိုတဲ့ ၇ ခ်က္ေလာက္ ထပ္ၿပီးပါလာတာကို သြားေတြ႕ရတယ္။ တင္တာကေတာ့ ႀကံ့ခိုင္ေရးက တင္လာတဲ့ ကိစၥေပါ့။ ဖက္ဒရယ္ဒီမိုကေရစီကို သြားၾကမယ္လို႔ ေျပာရင္းနဲ႔ တပ္ရဲ႕ အေျခခံနယ္နိမိတ္ကို ပိုၿပီးခ်ဲ႕ထြင္လာမယ့္၊ ခ်ဲ႕ထြင္လာခ်င္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္မ်ိဳးကို ဦးတည္ေလသလားလို႔ စဥ္းစားရမယ့္ အေနအထားမ်ိဳးပါ။”

ႀကံ့ခိုင္ေရးပါတီက ထပ္မံတင္သြင္းတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ဥပေဒမူၾကမ္းမွာ လႊတ္ေတာ္တရပ္ရပ္မွာ ရွိေနတဲ့ ကိုယ္စားလွယ္ ၃ ပုံ ၁ ပုံရဲ႕ အထက္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လစ္လပ္သြားခဲ့ရင္ လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ သင့္၊ မသင့္ သမၼတကို အႀကံျပဳႏိုင္တဲ့ဆိုတဲ့ အခ်က္ကို ထည့္သြင္းထားသလို အနည္းဆုံး ေကာင္စီဝင္ ၅ ဦးက ေတာင္းဆိုရင္ အစည္းအေဝး က်င္းပရမယ္ဆိုတဲ့ အခ်က္လည္း ပါဝင္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ လႊတ္ေတာ္အတြင္းမွာ တပ္မေတာ္က ၂၅ ရာခိုင္ႏႈန္း ပါဝင္ေနၿပီး အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ ၁၁ ဦးမွာ ၆ ဦးထိ တပ္မေတာ္ဘက္က ပါဝင္ေနတာပါ။

အန္အယ္ဒီအစိုးရ တက္လာတဲ့ အခ်ိန္ကစၿပီး အခုအခ်ိန္ထိ ကာလုံအစည္းအေဝး ေခၚယူေပးဖို႔ အတိုက္အခံပါတီေတြဘက္က ေတာင္းဆိုမႈေတြ ရွိခဲ့ေပမယ့္ ကာလုံအဖြဲ႕ဝင္ေတြ အကုန္ပါတဲ့ အစည္းအေဝးေတြကိုသာ အာဏာရပါတီက က်င္းပခဲ့ၿပီး ကာလုံ အမည္တပ္ၿပီး ေတြ႕ဆုံတာ မလုပ္ခဲ့ပါဘူး။

ဒါဟာ အန္အယ္ဒီပါတီအေနနဲ႔ တပ္ရဲ႕ပါဝင္မႈ အခန္းက႑ကို ေလွ်ာ့ခ်ခ်င္တာေၾကာင့္လားလို႔ ဒီဗြီဘီသတင္းဌာနက ေမးျမန္းမႈကို ဦးေအာင္ၾကည္ၫြန႔္က အခုလို ေျပာဆိုခဲ့ပါတယ္။

“ကာလုံရဲ႕ အေနအထားက သူ႔ဘာသာ ရွိေနတာပဲ ရွိတယ္။ သူ႔ကို ေလွ်ာ့ထားတာေတြ၊ ႏွိမ့္ခ်ထားတာေတြ မရွိဘူး။ တတိယအခ်က္က တပ္နဲ႔ အန္အယ္ဒီနဲ႔ အားၿပိဳင္သလား၊ မၿပိဳင္ဘူးလား ဆိုတဲ့ ေမးခြန္းနဲ႔ဆိုရင္ တကယ္တမ္း ဥပေဒေၾကာင္းအရ ေျပာရင္ က်ေနာ္တို႔ အန္အယ္ဒီ က တပ္ကို ဘာမွ အားၿပိဳင္စရာ အေၾကာင္းမရွိဘူး။ တပ္က ပါတီ မဟုတ္ဘူး။ က်ေနာ္တို႔က ပါတီပဲ။”

ႀကံ့ခိုင္ေရးပါတီက တင္သြင္းတဲ့ ကာလုံရဲ႕ လုပ္ပိုင္ခြင့္ကို တိုးျမႇင့္မယ့္အခ်က္ကို ႀကံ့ခိုင္ေရးပါတီ အစိုးရလက္ထက္မွာ ပထမဆုံးအႀကိမ္ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ႀကိဳးပမ္းခ်ိန္တုန္းက တပ္မေတာ္ဘက္က ေတာင္းဆိုခဲ့တဲ့ အခ်က္ ျဖစ္ပါတယ္။

လက္ရွိလႊတ္ေတာ္အတြင္းမွာ တပ္မေတာ္ အပါအဝင္ အၿပိဳင္အဆိုင္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး မူၾကမ္းေတြ တင္ေနေပမယ့္ ႏိုင္ငံေရးအသိုင္းအဝိုင္းနဲ႔ ျပည္သူအမ်ားစု ျပင္ဆင္ခ်င္တဲ့ ပုဒ္မ ၄၃၆ ျပင္ဆင္ႏိုင္ေရးမွာ တပ္မေတာ္ဘက္က မပါဝင္ခဲ့ရင္ ျပင္ဆင္လို႔မရဘူးလို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013