DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးမောင်းနှင်သည့် ရန်ကုန်မြို့ပတ် ဘတ်စ်ကားများ စတင်ပြေးဆွဲ 
DVB
·
September 23, 2019
အမျိုးသမီးမောင်းနှင်သည့် ရန်ကုန်မြို့ပတ် ဘတ်စ်ကားများ စတင်ပြေးဆွဲ 
1 / 4
Donate to DVB

ရန်ကုန်မြို့ပတ်ဘတ်စ်ကားခရီးစဉ်တွေကို  အောင်မင်္ဂလာအဝေးပြေးကွင်းကနေ ယာဉ် ၁၆ စီးနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။

ဒီမြို့ပတ်ယာဉ်တွေကို အဲကွန်းပါ Scania ခေတ်မီ ခရီးသည်တင်ယာဉ်တွေနဲ့ ပြေးဆွဲနေတာ ဖြစ်သလို အမျိုးသမီးယာဉ်မောင်း တွေပါ မောင်းနှင်နေတာပါ။

City Transit ကုမ္ပဏီကနေ ပြေးဆွဲတဲ့ ရန်ကုန်မြို့ပတ် ဘတ်စ်ကားတွေကို အောင်မင်္ဂလာ အဝေးပြေးကွင်းကနေ သံသုမာလမ်းကို YBS မြို့ပတ်ယာဉ် ၈ စီးနဲ့ ၈ မိုင်လမ်းဆုံ YBS မြို့ပတ်ယာဉ်လမ်းကြောင်းကို ယာဉ် ၈ စီးနဲ့ စတင်ပြေးဆွဲနေတာပါ။

ခရီးစဉ်တွေကိုတော့ အောင်မင်္ဂလာအဝေးပြေးကနေ ၆မိုင်ကွေ့၊ မြောက်ဥက္ကလာအဝိုင်း၊ ဂန္ဓမာဟိုးဆေး၊ ညောင်ပင်၊ ဘေလီ - စံပြဈေး၊ သွားဆေးတက္ကသိုလ်၊ သုဝဏ္ဏဈေး၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း - ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ (၈)မိုင်၊ မြောက်ဥက္ကလာအဝိုင်း၊ (၆)ကွေ့ကနေ အောင်မင်္ဂလာအဝေးပြေးအထိ မြို့ပတ်ပြေးဆွဲနေတာလို့ ဆိုပါတယ်။

ယာဉ်စီးခကို ပုံသေ ငွေကျပ် ၅၀၀ သတ်မှတ်ထားပြီး အောင်မင်္ဂလာအဝေးပြေးကနေ သခင်မြပန်းခြံအထိ ခရီးစဉ်တပိုင်းကို ငွေကျပ် ၅၀၀ နဲ့ ခရီးစဉ်အစအဆုံးကို ငွေကျပ် ၁၀၀၀ သတ်မှတ်ထားတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။




အမ်ိဳးသမီးေမာင္းႏွင္သည့္ ရန္ကုန္ၿမိဳ႕ပတ္ ဘတ္စ္ကားမ်ား စတင္ေျပးဆြဲ
စိုးမိုးေအာင္

ရန္ကုန္ၿမိဳ႕ပတ္ဘတ္စ္ကားခရီးစဥ္ေတြကို ေအာင္မဂၤလာအေဝးေျပးကြင္းကေန ယာဥ္ ၁၆ စီးနဲ႔ စက္တင္ဘာလ ၂၃ ရက္ေန႔က စတင္ေျပးဆြဲေနပါတယ္။

ဒီၿမိဳ႕ပတ္ယာဥ္ေတြကို အဲကြန္းပါ Scania ေခတ္မီ ခရီးသည္တင္ယာဥ္ေတြနဲ႔ ေျပးဆြဲေနတာ ျဖစ္သလို အမ်ိဳးသမီးယာဥ္ေမာင္း ေတြပါ ေမာင္းႏွင္ေနတာပါ။

City Transit ကုမၸဏီကေန ေျပးဆြဲတဲ့ ရန္ကုန္ၿမိဳ႕ပတ္ ဘတ္စ္ကားေတြကို ေအာင္မဂၤလာ အေဝးေျပးကြင္းကေန သံသုမာလမ္းကို YBS ၿမိဳ႕ပတ္ယာဥ္ ၈ စီးနဲ႔ ၈ မိုင္လမ္းဆုံ YBS ၿမိဳ႕ပတ္ယာဥ္လမ္းေၾကာင္းကို ယာဥ္ ၈ စီးနဲ႔ စတင္ေျပးဆြဲေနတာပါ။

ခရီးစဥ္ေတြကိုေတာ့ ေအာင္မဂၤလာအေဝးေျပးကေန ၆မိုင္ေကြ႕၊ ေျမာက္ဥကၠလာအဝိုင္း၊ ဂႏၶမာဟိုးေဆး၊ ေညာင္ပင္၊ ေဘလီ - စံျပေဈး၊ သြားေဆးတကၠသိုလ္၊ သုဝဏၰေဈး၊ ပုဇြန္ေတာင္၊ ဗိုလ္တေထာင္၊ ကမ္းနားလမ္း၊ ဘုရင့္ေနာင္လမ္း - ဘုရင့္ေနာင္လမ္းဆုံ၊ သမိုင္းလမ္းဆုံ၊ (၈)မိုင္၊ ေျမာက္ဥကၠလာအဝိုင္း၊ (၆)ေကြ႕ကေန ေအာင္မဂၤလာအေဝးေျပးအထိ ၿမိဳ႕ပတ္ေျပးဆြဲေနတာလို႔ ဆိုပါတယ္။

ယာဥ္စီးခကို ပုံေသ ေငြက်ပ္ ၅၀၀ သတ္မွတ္ထားၿပီး ေအာင္မဂၤလာအေဝးေျပးကေန သခင္ျမပန္းၿခံအထိ ခရီးစဥ္တပိုင္းကို ေငြက်ပ္ ၅၀၀ နဲ႔ ခရီးစဥ္အစအဆုံးကို ေငြက်ပ္ ၁၀၀၀ သတ္မွတ္ထားတယ္လို႔ ယာဥ္ေမာင္းတဦးက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013