DVB Logo
Home
Lead Story
ဇော်ဝင်းထွဋ်သီဆိုထားသည့် ညစ်တွန်းရုပ်ရှင် ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
September 23, 2019
ဇော်ဝင်းထွဋ်သီဆိုထားသည့် ညစ်တွန်းရုပ်ရှင် ဇာတ်ဝင်တေး(ရုပ်သံ)
Donate to DVB

“မနက်ထဲက ညစ်နေတယ်… လာမစားပါနဲ့… ငါ့ပုခုံးပေါ် ပိနေတဲ့ ကမ္ဘာကြီးထဲ… ဟာ… ညစ်နေချိန်မှာ လာမဖိနဲ့… ငါပြန်တွန်းပစ်မိမယ်… သူငယ်ချင်း”

ဒါကတော့ လက်ရှိရုံတင်ပြသနေတဲ့ ညစ်တွန်းအမည်ရတဲ့ ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးစာသားတွေဖြစ်ပြီး လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ နာမည်ကြီး နေခဲ့ပါတယ်။

ဒီသီချင်းကိုတော့ ဝါရင့်တေးရေးဆရာ မင်းချစ်သူက ရေးစပ်ပေးထားခဲ့တာဖြစ် ပြီး ရော့ခ်စတား တေးသံရှင် ဇော်ဝင်းထွဋ်က သီဆိုပေးထားခဲ့တာပါ။

“ညစ်တွန်းတွန်းတယ်… ပြောချင်ပြောကြတော့… ညစ်တွန်းတွန်းတယ်လို့… ပြော ကြတော့… ရေ့… သူများတွေအတွက်ကျတော့ နတ်ဥယျာဉ်ထဲ… ငါရောက်ရှိသွားတော့ ဝင်္ကပါထဲ… တံခါးတွေကို လာပိတ်မထားနဲ့… ငါ တွန်းဖွင့်မိမယ် သူငယ်ချင်း”

နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်နဲ့ ထက်ထက်ထွန်းတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ‘ညစ်တွန်း’ရုပ်ရှင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့တည်းက ရုံတင်ပြသနေတာပါ။

ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ အိန္ဒိယ ဇာတ်လမ်းတပုဒ်ကို တရားဝင် ဝယ်ယူရိုက်ကူးထားတာဖြစ်ပြီး လူ့စရိုက်သဘာဝအရ ဖြစ်တတ်တဲ့ ညစ်တွန်း တွန်းတတ်တဲ့ အကြောင်းအရာတွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိ သတ်တွေက ရှုစားကြရမှာဖြစ်ပြီး ဒီရုပ်ရှင်ကို မင်းခိုက်စိုးစန်နဲ့ ထက်မြတ်နိုင်ဇင်တို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မကြားရတာ ကြာပြီဖြစ်တဲ့ ရော့ခ်အဆိုတော်ကြီး ဇော် ဝင်းထွဋ်ရဲ့ သီဆိုမှုနဲ့ ဒီဇာတ်ဝင်တေးဟာ ၂ ရက်အတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ညီထွဋ်လို့ သိကြတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်ဟာ အသက် ၅၅ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး မြန်မာ့ဂီတလောကမှာ ရော့ခ်တခေတ်ကို ဦးဆောင်နိုင်ခဲ့သူလို့ အသိအမှတ်ပြု ကြရပါတယ်။

အင်ပါယာအမည်နဲ့ ကိုယ်ပိုင်တေးဂီတအဖွဲ့တည်ထောင်ထားနိုင်ခဲ့တဲ့ ဇော်ဝင်း ထွဋ်ဟာ မာကျူရီည၊ အချစ်စွမ်းအင်၊ ကြယ်တံခွန်၊ လမ်းသစ်စတဲ့ တကိုယ်တော် တေး အယ်လ်ဘမ်တွေနဲ့ တေးဂီတလောကကို စတင်ဝင်ရောက်ခဲ့တာပါ။

အဲဒီတေးအယ်လ်ဘမ်တွေတုန်းကတော့ ပရိသတ်တွေ သိပ်မသိခဲ့ကြသေးပဲ နောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Bests Of Zaw Win Htut - အကောင်း ဆုံးတေးများကတော့ သူ့ကို အောင်မြင်တဲ့ ရော့ခ်စတားတဦးအဖြစ် ရောက်ရှိသွားစေခဲ့ ပါတယ်။

အဲဒီနောက်မှာတော့ ဇော်ဝင်းထွဋ်ဟာ တကိုယ်တော်အနေနဲ့ရော၊ အဖွဲ့လိုက် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့ပါတယ်။

ဝါရင့်တေးပြုစာဆို ရွှေတိုင်ညွှန့်ရဲ့ မြေး၊ မြန်မာသံအဆိုတော် ထားရဲ့ ရင်သွေး တဦးအဖြစ် လူသိများတဲ့ သူ့ရဲ့ သီချင်းတွေထဲက အနှိုင်းမဲ့၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေကတော့ တကယ့်ကို ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

ခုလက်ရှိ ထွက်ရှိလာတဲ့ ဒီဇာတ်ဝင်တေးထဲမှာတော့ အင်အားပါပါ သီဆိုဟန်နဲ့ သူ့ရဲ့ တကျော့ပြန်သီဆိုမှုကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်သလို ရုပ်ရှင်ဇာတ်ဝင် ခန်းပုံရိပ်တွေကိုပါ ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။




ေဇာ္ဝင္းထြဋ္သီဆိုထားသည့္ ညစ္တြန္း႐ုပ္ရွင္ ဇာတ္ဝင္ေတး(႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

“မနက္ထဲက ညစ္ေနတယ္… လာမစားပါနဲ႔… ငါ့ပုခုံးေပၚ ပိေနတဲ့ ကမာၻႀကီးထဲ… ဟာ… ညစ္ေနခ်ိန္မွာ လာမဖိနဲ႔… ငါျပန္တြန္းပစ္မိမယ္… သူငယ္ခ်င္း”

ဒါကေတာ့ လက္ရွိ႐ုံတင္ျပသေနတဲ့ ညစ္တြန္းအမည္ရတဲ့ ႐ုပ္ရွင္ကားထဲက ဇာတ္ဝင္ေတးစာသားေတြျဖစ္ၿပီး လတ္တေလာ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာ ေပၚမွာ နာမည္ႀကီး ေနခဲ့ပါတယ္။

ဒီသီခ်င္းကိုေတာ့ ဝါရင့္ေတးေရးဆရာ မင္းခ်စ္သူက ေရးစပ္ေပးထားခဲ့တာျဖစ္ ၿပီး ေရာ့ခ္စတား ေတးသံရွင္ ေဇာ္ဝင္းထြဋ္က သီဆိုေပးထားခဲ့တာပါ။
“ညစ္တြန္းတြန္းတယ္… ေျပာခ်င္ေျပာၾကေတာ့… ညစ္တြန္းတြန္းတယ္လို႔… ေျပာ ၾကေတာ့… ေရ႕… သူမ်ားေတြအတြက္က်ေတာ့ နတ္ဥယ်ာဥ္ထဲ… ငါေရာက္ရွိသြားေတာ့ ဝကၤပါထဲ… တံခါးေတြကို လာပိတ္မထားနဲ႔… ငါ တြန္းဖြင့္မိမယ္ သူငယ္ခ်င္း”

နာမည္ႀကီး ဝါရင့္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္နဲ႔ ထက္ထက္ထြန္းတို႔ ေခါင္းေဆာင္ပါဝင္ထားၾကတဲ့ ‘ညစ္တြန္း’႐ုပ္ရွင္ကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၉ ရက္ေန႔တည္းက ႐ုံတင္ျပသေနတာပါ။

ဧဝရက္႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ အိႏၵိယ ဇာတ္လမ္းတပုဒ္ကို တရားဝင္ ဝယ္ယူ႐ိုက္ကူးထားတာျဖစ္ၿပီး လူ႔စ႐ိုက္သဘာဝအရ ျဖစ္တတ္တဲ့ ညစ္တြန္း တြန္းတတ္တဲ့ အေၾကာင္းအရာေတြကို ဒီ႐ုပ္ရွင္ကားထဲမွာ ပရိ သတ္ေတြက ရႈစားၾကရမွာျဖစ္ၿပီး ဒီ႐ုပ္ရွင္ကို မင္းခိုက္စိုးစန္နဲ႔ ထက္ျမတ္ႏိုင္ဇင္တို႔က ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ လူမင္းက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ မၾကားရတာ ၾကာၿပီျဖစ္တဲ့ ေရာ့ခ္အဆိုေတာ္ႀကီး ေဇာ္ ဝင္းထြဋ္ရဲ႕ သီဆိုမႈနဲ႔ ဒီဇာတ္ဝင္ေတးဟာ ၂ ရက္အတြင္း ေဖ့စ္ဘြတ္ခ္အင္တာနက္ လူမႈ ကြန္ရက္စာမ်က္ႏွာေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ တသန္းေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

ညီထြဋ္လို႔ သိၾကတဲ့ ေတးသံရွင္ ေဇာ္ဝင္းထြဋ္ဟာ အသက္ ၅၅ ႏွစ္အ႐ြယ္ရွိေနၿပီ ျဖစ္ၿပီး ျမန္မာ့ဂီတေလာကမွာ ေရာ့ခ္တေခတ္ကို ဦးေဆာင္ႏိုင္ခဲ့သူလို႔ အသိအမွတ္ျပဳ ၾကရပါတယ္။

အင္ပါယာအမည္နဲ႔ ကိုယ္ပိုင္ေတးဂီတအဖြဲ႕တည္ေထာင္ထားႏိုင္ခဲ့တဲ့ ေဇာ္ဝင္း ထြဋ္ဟာ မာက်ဴရီည၊ အခ်စ္စြမ္းအင္၊ ၾကယ္တံခြန္၊ လမ္းသစ္စတဲ့ တကိုယ္ေတာ္ ေတး အယ္လ္ဘမ္ေတြနဲ႔ ေတးဂီတေလာကကို စတင္ဝင္ေရာက္ခဲ့တာပါ။

အဲဒီေတးအယ္လ္ဘမ္ေတြတုန္းကေတာ့ ပရိသတ္ေတြ သိပ္မသိခဲ့ၾကေသးပဲ ေနာက္ပိုင္း ၁၉၈၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Bests Of Zaw Win Htut - အေကာင္း ဆုံးေတးမ်ားကေတာ့ သူ႔ကို ေအာင္ျမင္တဲ့ ေရာ့ခ္စတားတဦးအျဖစ္ ေရာက္ရွိသြားေစခဲ့ ပါတယ္။

အဲဒီေနာက္မွာေတာ့ ေဇာ္ဝင္းထြဋ္ဟာ တကိုယ္ေတာ္အေနနဲ႔ေရာ၊ အဖြဲ႕လိုက္ ေတးအယ္လ္ဘမ္ေတြမွာပါ သီခ်င္းေပါင္းမ်ားစြာကို သီဆိုေအာင္ျမင္ခဲ့ပါတယ္။

ဝါရင့္ေတးျပဳစာဆို ေ႐ႊတိုင္ၫႊန႔္ရဲ႕ ေျမး၊ ျမန္မာသံအဆိုေတာ္ ထားရဲ႕ ရင္ေသြး တဦးအျဖစ္ လူသိမ်ားတဲ့ သူ႔ရဲ႕ သီခ်င္းေတြထဲက အႏႈိင္းမဲ့၊ အခ်စ္မ်ားသူ႔ဆီမွာ စတဲ့ သီခ်င္းေတြကေတာ့ တကယ့္ကို ေရပန္းစားတဲ့ သီခ်င္းေတြ ျဖစ္ခဲ့ပါတယ္။

ခုလက္ရွိ ထြက္ရွိလာတဲ့ ဒီဇာတ္ဝင္ေတးထဲမွာေတာ့ အင္အားပါပါ သီဆိုဟန္နဲ႔ သူ႔ရဲ႕ တေက်ာ့ျပန္သီဆိုမႈကို ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္သလို ႐ုပ္ရွင္ဇာတ္ဝင္ ခန္းပုံရိပ္ေတြကိုပါ ခံစားနားဆင္ႏိုင္မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013