DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် ကျေးရွာ ၇  ရွာက ကလေးများ မြို့ပေါ်တက်ပညာသင်ကြားရန်အခက်အခဲဖြစ်နေ
DVB
·
September 23, 2019
တိုက်ကြီးမြို့နယ် ကျေးရွာ ၇  ရွာက ကလေးများ မြို့ပေါ်တက်ပညာသင်ကြားရန်အခက်အခဲဖြစ်နေ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကင်းမတီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၇ ရွာက ကလေးငယ်တွေဟာ  လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ တောဆင်ရိုင်းအန္တရာယ်ကြောင့် မြို့ပေါ်တက် ပညာသင်ကြားနိုင်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။

ကျောင်းသားမိဘ ဦးဇော်ဝင်းက "ကျနော်တို့ကလေးတွေကို လေးတန်းအထိ ပညာသင်ပေးပြီးရင် ဘွဲ့ရသလိုဘဲ။ မြို့ပေါ်ကိုဆက်ထားဖို့က အဆောင်လည်း မငှားနိုင်သလို ဆွေမျိုးလည်းမရှိတော့ မထားနိုင်ဘူး။ မြို့ကိုသွားဖို့က တောထဲကနေဖြတ်သွားရတော့ တောဆင်ရိုင်းအန္တရာယ်ကလည်းရှိတော့ ကလေးတွေကို စိတ်မချဘူး"လို့ပြောပါတယ်။

ကင်းမတီးကျေးရွာအလကကျောင်း ကျောင်းအုပ်ဆရာမကြီးက "ကျမက တိုက်ကြီးကနေ ဒီကိုတာဝန်ကျတာ။ လမ်းမကောင်းသလို တောဆင်ရိုင်းအန္တရာယ်ကလည်းရှိတော့ နေ့ချင်းပြန် လုပ်လို့ မရဘူး။ ကျောင်းပိတ်ရက်တွေမှာ ပြန်ရတယ်။ အစည်းအဝေးတွေဆို အမြဲနောက်ကျတယ်။ ဒီမှာက ၈ တန်းအထိရှိတယ်။ ၈ တန်းအောင်လို့ ၉ တန်း ၁၀ တန်း တက်မယ့်ကလေးတွေဆို အယောက် ၂၀ မှာ ၁၀ ယောက်လောက်ဘဲမြို့ပေါ်မှာ ကျောင်းတက်နိုင်တယ်။ ဒီကျေးရွာတွေက မြို့နဲ့မဝေးဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းရင် မြို့ပေါ်နဲ့ နေ့ချင်းပြန်သွားလို့ရတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေရှိတယ်"လို့ပြောပါတယ်။

၂၀၁၇ -၁၈ ခုနှစ်ကစပြီး ခရိုင်ချင်းဆက်လမ်း စတင်ဖောက်လုပ်နေတဲ့အတွက် ကျေးရွာသားတွေ စုပေါင်းပြီး အန္တရာယ်ကင်းကင်းနဲ့ မြို့ပေါ်သွားလာနိုင်ဖို့ ၁ မိုင် ၅ ဖာလုံရှိ မြေသားလမ်းကို ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့ပါတယ်။

လမ်းဖောက်ခဲ့တဲ့ ကော်မတီဝင်ဦးဇော်ဇော်က "ကျနော်တို့ကျေးရွာတွေက လမ်းပန်း ဆက်သွယ်ရေး မကောင်းလို့ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတွေမှာ အများကြီး ထိခိုက်တဲ့ အတွက်  မနှစ်ကခရိုင်ချင်းဆက်လမ်းကို ဆက်သွယ်ပြီးမြေသားလမ်းကို ကိုယ်ထူကိုယ်ထစုပေါင်းပြီး ဖောက်ခဲ့တယ်။ လမ်းကနွေရာသီဆို အဆင်ပြေပေမယ့် မိုးတွင်းဆိုဘယ်လိုမှ အဆင်မပြေဘူး။ ကျနော်တို့ လမ်းလေးကိုပြု ပြင်ပေးဖို့တိုင်းဒေသကြီး အစိုးရနဲ့ဌာနဆိုင်ရာတွေကို စာတင်တောင်းဆို ထားပါတယ်။ ဒီလမ်းလေးကောင်းသွားရင် ကျနော်တို့ကျေးရွာ ၇ ရွာက ကလေးတွေလည်း ပညာကောင်းကောင်းသင်လို့ရသလို ကျန်းမာရေးအတွက် အသက်တွေ ဆုံးရှုံးမှုတွေ နည်းသွားမှာပါ" လို့ ပြောပါတယ်။

ကင်းမတီးကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၇ ရွာရှိပြီးလူဦးရေ ၁၅၀၀ ကျော်ရှိပါတယ်။ စိုက်ပျိုးရေးကို အခြေခံလုပ်ကိုင်စားသောက်နေပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် အရောင်းအဝယ်တွေမှာလည်း အများနည်းတူ စျေးမရရှိဘူးလို့ ရွာသားတွေ ပြောပါတယ်။

သတင်း - မေသွယ်

=====================

တိုက္ႀကီးၿမိဳ႕နယ္ ေက်း႐ြာ ၇  ႐ြာက ကေလးမ်ား ၿမိဳ႕ေပၚတက္ပညာသင္ၾကားရန္အခက္အခဲျဖစ္ေန

DVB

ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္၊ ကင္းမတီးေက်း႐ြာအုပ္စုအတြင္းရွိ ေက်း႐ြာေပါင္း ၇ ႐ြာက ကေလးငယ္ေတြဟာ  လမ္းပန္းဆက္သြယ္ေရးအခက္အခဲနဲ႔ ေတာဆင္႐ိုင္းအႏၲရာယ္ေၾကာင့္ ၿမိဳ႕ေပၚတက္ ပညာသင္ၾကားႏိုင္ဖို႔ အခက္အခဲေတြျဖစ္ေပၚေနတယ္လို႔ ေက်း႐ြာျပည္သူေတြက ေျပာပါတယ္။

ေက်ာင္းသားမိဘ ဦးေဇာ္ဝင္းက "က်ေနာ္တို႔ကေလးေတြကို ေလးတန္းအထိ ပညာသင္ေပးၿပီးရင္ ဘြဲ႕ရသလိုဘဲ။ ၿမိဳ႕ေပၚကိုဆက္ထားဖို႔က အေဆာင္လည္း မငွားႏိုင္သလို ေဆြမ်ိဳးလည္းမရွိေတာ့ မထားႏိုင္ဘူး။ ၿမိဳ႕ကိုသြားဖို႔က ေတာထဲကေနျဖတ္သြားရေတာ့ ေတာဆင္႐ိုင္းအႏၲရာယ္ကလည္းရွိေတာ့ ကေလးေတြကို စိတ္မခ်ဘူး"လို႔ေျပာပါတယ္။

ကင္းမတီးေက်း႐ြာအလကေက်ာင္း ေက်ာင္းအုပ္ဆရာမႀကီးက "က်မက တိုက္ႀကီးကေန ဒီကိုတာဝန္က်တာ။ လမ္းမေကာင္းသလို ေတာဆင္႐ိုင္းအႏၲရာယ္ကလည္းရွိေတာ့ ေန႔ခ်င္းျပန္ လုပ္လို႔ မရဘူး။ ေက်ာင္းပိတ္ရက္ေတြမွာ ျပန္ရတယ္။ အစည္းအေဝးေတြဆို အၿမဲေနာက္က်တယ္။ ဒီမွာက ၈ တန္းအထိရွိတယ္။ ၈ တန္းေအာင္လို႔ ၉ တန္း ၁၀ တန္း တက္မယ့္ကေလးေတြဆို အေယာက္ ၂၀ မွာ ၁၀ ေယာက္ေလာက္ဘဲၿမိဳ႕ေပၚမွာ ေက်ာင္းတက္ႏိုင္တယ္။ ဒီေက်း႐ြာေတြက ၿမိဳ႕နဲ႔မေဝးဘူး။ လမ္းပန္းဆက္သြယ္ေရးေကာင္းရင္ ၿမိဳ႕ေပၚနဲ႔ ေန႔ခ်င္းျပန္သြားလို႔ရတယ္။ က်န္းမာေရးနဲ႔ပတ္သက္ၿပီး အသက္မဆုံးရႈံးသင့္ဘဲ ဆုံးရႈံးရတာေတြရွိတယ္"လို႔ေျပာပါတယ္။

၂၀၁၇ -၁၈ ခုႏွစ္ကစၿပီး ခ႐ိုင္ခ်င္းဆက္လမ္း စတင္ေဖာက္လုပ္ေနတဲ့အတြက္ ေက်း႐ြာသားေတြ စုေပါင္းၿပီး အႏၲရာယ္ကင္းကင္းနဲ႔ ၿမိဳ႕ေပၚသြားလာႏိုင္ဖို႔ ၁ မိုင္ ၅ ဖာလုံရွိ ေျမသားလမ္းကို ကိုယ္ထူကိုယ္ထေဖာက္လုပ္ခဲ့ပါတယ္။

လမ္းေဖာက္ခဲ့တဲ့ ေကာ္မတီဝင္ဦးေဇာ္ေဇာ္က "က်ေနာ္တို႔ေက်း႐ြာေတြက လမ္းပန္း ဆက္သြယ္ေရး မေကာင္းလို႔ ပညာေရး၊ က်န္းမာေရးနဲ႔ စီးပြားေရးေတြမွာ အမ်ားႀကီး ထိခိုက္တဲ့ အတြက္  မႏွစ္ကခ႐ိုင္ခ်င္းဆက္လမ္းကို ဆက္သြယ္ၿပီးေျမသားလမ္းကို ကိုယ္ထူကိုယ္ထစုေပါင္းၿပီး ေဖာက္ခဲ့တယ္။ လမ္းကေႏြရာသီဆို အဆင္ေျပေပမယ့္ မိုးတြင္းဆိုဘယ္လိုမွ အဆင္မေျပဘူး။ က်ေနာ္တို႔ လမ္းေလးကိုျပဳ ျပင္ေပးဖို႔တိုင္းေဒသႀကီး အစိုးရနဲ႔ဌာနဆိုင္ရာေတြကို စာတင္ေတာင္းဆို ထားပါတယ္။ ဒီလမ္းေလးေကာင္းသြားရင္ က်ေနာ္တို႔ေက်း႐ြာ ၇ ႐ြာက ကေလးေတြလည္း ပညာေကာင္းေကာင္းသင္လို႔ရသလို က်န္းမာေရးအတြက္ အသက္ေတြ ဆုံးရႈံးမႈေတြ နည္းသြားမွာပါ" လို႔ ေျပာပါတယ္။

ကင္းမတီးေက်း႐ြာအုပ္စုမွာ ေက်း႐ြာေပါင္း ၇ ႐ြာရွိၿပီးလူဦးေရ ၁၅၀၀ ေက်ာ္ရွိပါတယ္။ စိုက္ပ်ိဳးေရးကို အေျခခံလုပ္ကိုင္စားေသာက္ေနၿပီး လမ္းပန္းဆက္သြယ္ေရးမေကာင္းတဲ့အတြက္ အေရာင္းအဝယ္ေတြမွာလည္း အမ်ားနည္းတူ ေစ်းမရရွိဘူးလို႔ ႐ြာသားေတြ ေျပာပါတယ္။

သတင္း - ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013