DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကို အမှန်တကယ်လုပ်ဆောင်မည်ဟု  ကေအန်ယူ ကတိပေး
DVB
·
September 23, 2019
ငြိမ်းချမ်းရေးကို အမှန်တကယ်လုပ်ဆောင်မည်ဟု  ကေအန်ယူ ကတိပေး
Donate to DVB

ကရင်အမျိုးသားတွေအနေနဲ့ ငြိမ်းရေးကို အမှန်တကယ်သွားမှာဖြစ်ပြီး နှုတ်ဖျားက ပြောတဲ့စကားမဟုတ်ဘဲ ရင်ထဲအသည်းထဲက ပြောတဲ့စကားဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက ပြောပါတယ်။

ကရင်ပြည်နယ်၊ သံတောင်မြို့၊ ပသိချောင်းခန်းမမှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။

ဖဒိုစောသမိန်ထွန်းက “ကေအန်ယူအနေနဲ့ ကရင်အမျိုးသားတွေအနေနဲ့က ငြိမ်းရေးကို တကယ်သွားမှာပါ။ နှုတ်ဖျားက ပြောတဲ့စကားမဟုတ်ပါဘူး။ ရင်ထဲအသည်းထဲက ပြောတဲ့စကားပါ။ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ပြုတဲ့ဟာမှန်သမျှကို လူထုတွေက အကဲခတ်ပေးပါ” လို့ ပြောပါတယ်။

ထန်းတပင်မြို့နယ်၊ ပျဉ်ဂန်ကျေးရွာ၊ နော်စီးစီးက “ကျမတို့မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေးလုပ်ချင်တဲ့ ကျမတို့အမျိုးသမီးတွေရဲ့စိတ်မှာရှိမယ်လို့ ယုံကြည်တယ်။ တကယ်လည်း ငြိမ်းချမ်းချင်ပါတယ်။ ဒီထက်မကပိုပြီးတော့ ငြိမ်းချမ်းနိုင်မယ့် ငြိမ်းချမ်းရေးကို ကျမတို့ လိုလားတာပေါ့” လို့ ပြောပါတယ်။

ကေအန်ယူဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ၂ ဖဒိုစောလှထွန်းက “ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးက ဒီနိုင်ငံအတွက် လိုအပ်တဲ့ အရင်းခံ တခုအနေနဲ့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် မဖြစ်မနေငြိမ်းချမ်းရေးရရှိဖို့အတွက်ကို အစိုးရက လုပ်ဆောင်နေတယ်လို့ ယုံကြည်တယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၇ ရက်က ကျိုင်းတုံမြို့မှာ ငြိမ်းရေးကော်မရှင်၊ တပ်မတော်နဲ့ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တချို့ရရှိခဲ့ပေမယ့် တိကျတဲ့ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိတယ်လို့  အရပ်ဖက်အဖွဲ့အစည်းတချို့က ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ အန်အာပီစီရုံးမှာ အစိုးရနဲ့လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့တို့ တွေ့ဆုံပြီး စတုတ္ထအကြိမ်ကျင်းပမယ့်  ၂၁ ပင်လုံညီလာခံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆွေနွေးနိုင်ဖို့နဲ့ သဘောတူညီမှုတွေရရှိဖို့ ပြောဆိုခဲ့ကြပါတယ်။

သတင်း- ရဲမင်းခေါင်

==============================

ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လုပ္ေဆာင္မည္ဟု  ေကအန္ယူ ကတိေပး

DVB

ကရင္အမ်ိဳးသားေတြအေနနဲ႔ ၿငိမ္းေရးကို အမွန္တကယ္သြားမွာျဖစ္ၿပီး ႏႈတ္ဖ်ားက ေျပာတဲ့စကားမဟုတ္ဘဲ ရင္ထဲအသည္းထဲက ေျပာတဲ့စကားျဖစ္တယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး (ေကအန္ယူ)  ဗဟိုေကာ္မတီဝင္ ဖဒိုေစာသမိန္ထြန္းက ေျပာပါတယ္။

ကရင္ျပည္နယ္၊ သံေတာင္ၿမိဳ႕၊ ပသိေခ်ာင္းခန္းမမွာျပဳလုပ္တဲ့ အျပည္ျပည္ဆိုင္ရာၿငိမ္းခ်မ္းေရးေန႔ အခမ္းအနားမွာ အခုလို ေျပာဆိုခဲ့တာပါ။

ဖဒိုေစာသမိန္ထြန္းက “ေကအန္ယူအေနနဲ႔ ကရင္အမ်ိဳးသားေတြအေနနဲ႔က ၿငိမ္းေရးကို တကယ္သြားမွာပါ။ ႏႈတ္ဖ်ားက ေျပာတဲ့စကားမဟုတ္ပါဘူး။ ရင္ထဲအသည္းထဲက ေျပာတဲ့စကားပါ။ ၿငိမ္းခ်မ္းေရးကို အေႏွာင့္အယွက္ျပဳတဲ့ဟာမွန္သမွ်ကို လူထုေတြက အကဲခတ္ေပးပါ” လို႔ ေျပာပါတယ္။

ထန္းတပင္ၿမိဳ႕နယ္၊ ပ်ဥ္ဂန္ေက်း႐ြာ၊ ေနာ္စီးစီးက “က်မတို႔ျမန္မာႏိုင္ငံမွာလည္း ၿငိမ္းခ်မ္းေရးလုပ္ခ်င္တဲ့ က်မတို႔အမ်ိဳးသမီးေတြရဲ႕စိတ္မွာရွိမယ္လို႔ ယုံၾကည္တယ္။ တကယ္လည္း ၿငိမ္းခ်မ္းခ်င္ပါတယ္။ ဒီထက္မကပိုၿပီးေတာ့ ၿငိမ္းခ်မ္းႏိုင္မယ့္ ၿငိမ္းခ်မ္းေရးကို က်မတို႔ လိုလားတာေပါ့” လို႔ ေျပာပါတယ္။

ေကအန္ယူဗဟိုေကာ္မတီအေထြေထြအတြင္းေရးမႉး ၂ ဖဒိုေစာလွထြန္းက “ဘယ္လိုပဲျဖစ္ျဖစ္ ၿငိမ္းခ်မ္းေရးက ဒီႏိုင္ငံအတြက္ လိုအပ္တဲ့ အရင္းခံ တခုအေနနဲ႔ သတ္မွတ္ထားတာျဖစ္တဲ့အတြက္ မျဖစ္မေနၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ကို အစိုးရက လုပ္ေဆာင္ေနတယ္လို႔ ယုံၾကည္တယ္” လို႔ ေျပာပါတယ္။

စက္တင္ဘာ ၇ ရက္က က်ိဳင္းတုံၿမိဳ႕မွာ ၿငိမ္းေရးေကာ္မရွင္၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းလက္နက္ကိုင္ေလးဖြဲ႕ဟာ ၿငိမ္းခ်မ္းေရးအတြက္ အႀကိတ္အနယ္ေဆြးေႏြးခဲ့ၿပီး သေဘာတူညီခ်က္တခ်ိဳ႕ရရွိခဲ့ေပမယ့္ တိက်တဲ့ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္ႏိုင္တဲ့အေပၚ စိုးရိမ္မႈေတြရွိတယ္လို႔  အရပ္ဖက္အဖြဲ႕အစည္းတခ်ိဳ႕က ေျပာပါတယ္။

စက္တင္ဘာ ၁၀ ရက္က ရန္ကုန္ၿမိဳ႕ အန္အာပီစီ႐ုံးမွာ အစိုးရနဲ႔လက္မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္ ၁၀ ဖြဲ႕တို႔ ေတြ႕ဆုံၿပီး စတုတၳအႀကိမ္က်င္းပမယ့္  ၂၁ ပင္လုံညီလာခံမွာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို ေဆြေႏြးႏိုင္ဖို႔နဲ႔ သေဘာတူညီမႈေတြရရွိဖို႔ ေျပာဆိုခဲ့ၾကပါတယ္။

သတင္း- ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013