DVB Logo
Home
မြန်မာသတင်း
ဒေါ်လာ ၄၂ သန်းတန် မူးယစ်ဆေးများသယ်လာသည့် မြန်မာ ၆ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းဆီး
DVB
·
September 23, 2019
ဒေါ်လာ ၄၂ သန်းတန် မူးယစ်ဆေးများသယ်လာသည့် မြန်မာ ၆ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းဆီး
Donate to DVB

မြန်မာနိုင်ငံသား ၆ ဦးကို အမေရိကန် ဒေါ်လာ ၄၂ သန်း တန်ဖိုးရှိ ကတ်တမင်းမူး ယစ်ဆေး ၁၁၆၀ ကီလိုနဲ့အတူ  အိန္ဒိယကမ်းခြေစောင့်တပ်က ဖမ်းဆီးရမိတယ်လို့ နယူးဒေလီက လာတဲ့ အေအက်ဖ်ပီ သတင်းမှာဖော်ပြပါတယ်။

မူးယစ်ဆေးတွေ တင်ဆောင်လာတဲ့ စက်လှေတစီးကို အိန္ဒိယသမုဒ္ဒရာအတွင်း နီကိုဘားကျွန်း အနီးမှာ စက်တင်ဘာ ၁၈ ရက်က အိန္ဒိယကမ်းခြေစောင့်တပ်က  ကင်းထောက်လေယာဉ်တစီးက တွေ့ရှိတာလို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောပါတယ်။  

ကနဦးလေ့လာတွေ့ရှိချက်အရ လှေပေါ်မှာ တင်ဆောင်လာတဲ့ မသင်္ကာစရာ ပစ္စည်းတွေဟာ ကတ်တမင်း မူးယစ်ဆေးဝါးတွေလို့ စစ်ဆေးတွေ့ရှိရတဲ့အကြောင်း  ၁ ကီလိုဂရမ်ရှိတဲ့ အထုပ်ပေါင်း ၁၁၆၀ ထုပ်ပါရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ စက်လှေဟာ စက်တင်ဘာ ၁၄ ရက်က မြန်မာနိုင်ငံကနေ ထွက်ခွာလာခဲ့ပြီး ထိုင်းနဲ့ မလေးရှားရေပိုင်နက် နယ်နိမိတ်မျဉ်းအနား စက်တင်ဘာ ၂၁ ရက်မှာ တခြားစက်လှေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဖမ်းဆီးခံထားရသူတွေက ပြောပါတယ်။

လတ်တလော ဖမ်းဆီးရမိထားတဲ့ မြန်မာ ၆ ဦးနဲ့ စက်လှေကို ပို့ဘလဲယား ဆိပ်ကမ်းကို ခေါ်ဆောင်လာပြီး  အိန္ဒိယတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမေးမြန်းနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ-EPA-EFE




ေဒၚလာ ၄၂ သန္းတန္ မူးယစ္ေဆးမ်ားသယ္လာသည့္ ျမန္မာ ၆ ဦးကို အိႏၵိယကမ္းေျခေစာင့္တပ္ ဖမ္းဆီး
DVB
ျမန္မာႏိုင္ငံသား ၆ ဦးကို အေမရိကန္ ေဒၚလာ ၄၂ သန္း တန္ဖိုးရွိ ကတ္တမင္းမူး ယစ္ေဆး ၁၁၆၀ ကီလိုနဲ႔အတူ အိႏၵိယကမ္းေျခေစာင့္တပ္က ဖမ္းဆီးရမိတယ္လို႔ နယူးေဒလီက လာတဲ့ ေအအက္ဖ္ပီ သတင္းမွာေဖာ္ျပပါတယ္။

မူးယစ္ေဆးေတြ တင္ေဆာင္လာတဲ့ စက္ေလွတစီးကို အိႏၵိယသမုဒၵရာအတြင္း နီကိုဘားကြၽန္း အနီးမွာ စက္တင္ဘာ ၁၈ ရက္က အိႏၵိယကမ္းေျခေစာင့္တပ္က ကင္းေထာက္ေလယာဥ္တစီးက ေတြ႕ရွိတာလို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာပါတယ္။

ကနဦးေလ့လာေတြ႕ရွိခ်က္အရ ေလွေပၚမွာ တင္ေဆာင္လာတဲ့ မသကၤာစရာ ပစၥည္းေတြဟာ ကတ္တမင္း မူးယစ္ေဆးဝါးေတြလို႔ စစ္ေဆးေတြ႕ရွိရတဲ့အေၾကာင္း ၁ ကီလိုဂရမ္ရွိတဲ့ အထုပ္ေပါင္း ၁၁၆၀ ထုပ္ပါရွိတယ္လို႔ ဆိုပါတယ္။

အဆိုပါ စက္ေလွဟာ စက္တင္ဘာ ၁၄ ရက္က ျမန္မာႏိုင္ငံကေန ထြက္ခြာလာခဲ့ၿပီး ထိုင္းနဲ႔ မေလးရွားေရပိုင္နက္ နယ္နိမိတ္မ်ဥ္းအနား စက္တင္ဘာ ၂၁ ရက္မွာ တျခားစက္ေလွနဲ႔ ေတြ႕ဆုံဖို႔ ရွိတယ္လို႔ ဖမ္းဆီးခံထားရသူေတြက ေျပာပါတယ္။

လတ္တေလာ ဖမ္းဆီးရမိထားတဲ့ ျမန္မာ ၆ ဦးနဲ႔ စက္ေလွကို ပို႔ဘလဲယား ဆိပ္ကမ္းကို ေခၚေဆာင္လာၿပီး အိႏၵိယတာဝန္ရွိသူေတြက စုံစမ္းစစ္ေဆးေမးျမန္းေနဆဲျဖစ္ပါတယ္။
ဓာတ္ပုံ-EPA-EFE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013