DVB Logo
Home
မြန်မာသတင်း
ချောက်တွင် ကလေးငယ်တဦး ဓာတ်လိုက်သေဆုံး
DVB
·
September 23, 2019
ချောက်တွင် ကလေးငယ်တဦး ဓာတ်လိုက်သေဆုံး
Donate to DVB

ချောက်မြို့ အမှတ် ၁၀၊ ကွက်သစ်အရှေ့ရပ်၊ စာတိုက်ရုံးဝန်းမှာ မနေ့ ည ၈ နာရီအချိန်လောက်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချောက်စာတိုက် စာပို့လုလင်တွေနေထိုင်တဲ့ ၅ ခန်းတွဲ ဝန်ထမ်းတန်းလျားကို သွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာကြိုးနဲ့ ဒုတိယအခန်း (လူမနေသော) လိုင်ခန်းရှေ့ အဖီးသွပ်မိုး နဲ့ ထောက်ထားတဲ့ နှစ်လက်မ သံဟော်လိုပိုက်တိုင်မှာ လျှပ်စစ်စီးဝင်နေစဉ် စာပို့ဝန်ထမ်းရဲ့ တူမဖြစ်သူ အသက် ၁၁ နှစ်အရွယ် မကြယ်စင်သော်က လက်နဲ့ကိုင်မိလို့ ဓာတ်လိုက်သေဆုံးတာလို့ သိရပါတယ်။

သေဆုံးသူကလေးငယ်ကို ချောက်မြို့ ပြည်သူ့ဆေးရုံ ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် ချောက်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၉ နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)




ေခ်ာက္တြင္ ကေလးငယ္တဦး ဓာတ္လိုက္ေသဆုံး
DVB
ေခ်ာက္ၿမိဳ႕ အမွတ္ ၁၀၊ ကြက္သစ္အေရွ႕ရပ္၊ စာတိုက္႐ုံးဝန္းမွာ မေန႔ ည ၈ နာရီအခ်ိန္ေလာက္က အသက္ ၁၁ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တဦး ဓာတ္လိုက္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ေခ်ာက္စာတိုက္ စာပို႔လုလင္ေတြေနထိုင္တဲ့ ၅ ခန္းတြဲ ဝန္ထမ္းတန္းလ်ားကို သြယ္တန္းထားတဲ့ လွ်ပ္စစ္ဝါယာႀကိဳးနဲ႔ ဒုတိယအခန္း (လူမေနေသာ) လိုင္ခန္းေရွ႕ အဖီးသြပ္မိုး နဲ႔ ေထာက္ထားတဲ့ ႏွစ္လက္မ သံေဟာ္လိုပိုက္တိုင္မွာ လွ်ပ္စစ္စီးဝင္ေနစဥ္ စာပို႔ဝန္ထမ္းရဲ႕ တူမျဖစ္သူ အသက္ ၁၁ ႏွစ္အ႐ြယ္ မၾကယ္စင္ေသာ္က လက္နဲ႔ကိုင္မိလို႔ ဓာတ္လိုက္ေသဆုံးတာလို႔ သိရပါတယ္။

ေသဆုံးသူကေလးငယ္ကို ေခ်ာက္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံ ပို႔ေဆာင္ၿပီး ဓမၼတာအတိုင္း ေသဆုံးတာ ဟုတ္မဟုတ္ ေခ်ာက္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၅/၂၀၁၉ နဲ႔ အမႈဖြင့္ၿပီး စစ္ေဆးေနတယ္လို႔ သိရပါတယ္။
ကိုလင္း(ေခ်ာက္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013