DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ် တွင်းကျေးရွာအနီး မွေးမြူရေးပျားပုံးများ အမြန်ဆုံးဖယ်ရှားပေးရန် တောင်းဆို
DVB
·
September 22, 2019
ကနီမြို့နယ် တွင်းကျေးရွာအနီး မွေးမြူရေးပျားပုံးများ အမြန်ဆုံးဖယ်ရှားပေးရန် တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တွင်းကျေးရွာအုပ်စု တွင်းကျေးရွာမှာ ကျေးရွာအနီး မွေးမြူရေးပျားပုံးများချထားတာကြောင့် ပျားတုပ်ခံနေရပြီး အမြန်ဆုံးဖယ်ရှားဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ပျားပုံးတွေဟာ ကျေးရွာအနီးမှာရှိနေတဲ့အတွက် စာသင်ကျောင်းအတွင်းရှိ ကျောင်းသား/သူ လေးတွေ ပျားတုပ်ခံနေရသလို လူနေအိမ်အချို့နဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာလည်း ဥပုသ်သီလ ဆောက်တည်နေသူတွေ ပျားတွေကြောင့် အနှောင့်အယှက်ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

တွင်းကျေးရွာနေ ဦးလင်းလင်းက “ကျနော်တို့က ပန်းရန်လုပ်စားရတာ နေ့ပင်ပန်းလို့ ညဆိုအိပ်ချင်တာ မအိပ်ရဘူး။ ဒီကလေးဆို ညက ပျားကောင် ၂ ချက်တုတ်ခံရတယ်။ အစက ကင်းမီးကောက် တုပ်တယ်ထင်တာ မဟုတ်ဘူး။ ပျားက ခြင်ထောင်ထဲကို ရောက်နေပြီး တုပ်လိုက်တာဗျ။ တညလုံး မအိပ်ရဘူး။ ညနေ ၅ နာရီလောက်ဆို ရေတိုင်နားကို ပျားတွေက ဝဲနေတာ။ ရေတိုင်နားကို မကပ်ရဲအောင်ဖြစ်တယ်။ ပျားသမားတွေက ဒီပျားက မတုပ်ဘူးလို့သာ ပြောတာ ကျနော့်မှာလည်း တချက်တုပ်ခံရတယ်” လို့ ပြောပါတယ်။

ဒေသခံ ဒေါ်ကြင်စိန်က “ပျားပုံးတွေရောက်တဲ့အချိန်ကစပြီး ရေသောက်လို့ကိုမရဘူး။ ဘုရားဝတ်ချလို့လည်းမရ၊ ကျောင်းသားတွေလည်း ရေသောက်ရာက ပျားတုပ်လို့ ပြေးလာတာလည်း တွေ့ရတယ်” လို့ ပြောပါတယ်။

ပျားပုံးတွေအား တောင်သူတွေကို အသိမပေးဘဲ စက်တာဘာ ၁၃ ရက်နေ့က လာချသွားတာဖြစ်ပြီး တွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တောင်သူတွေက သွားရောက်တင်ပြခဲ့ရာပေမယ့် ဒီနေ့ထိ မဖယ်ရှားပေးဘူးလို့ တွင်းကျေးရွာနေ ဦးသန်းဝင်းက ပြောပါတယ်။ 

“တွေ့တဲ့အခါမှာ ပျားချတဲ့ ပျားရှင်ကိုခေါ်ပေးပါလို့ပြောတဲ့အခါ ခရီးလွန်နေတယ်ဆိုပြီး သူကိုယ်တိုင် တာဝန်ယူပြီး တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ၁၉ ရက်နေ့ကို ထွက်ပေးပါ့မယ်လို့ ကျေးရွာရဲ့နာယကတွေအပါအဝင် အားလုံးရှေ့မှာ လက်မှတ်ထိုးပြီးပြောခဲ့တယ်။ သို့သော်လည်းပဲ ယနေ့အချိန်ထိ ပျားပုံးတွေက ထွက်မပေးဘူး။”

ဒီကိစ္စနဲ့ပတ်သက်ပြီး တွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို DVB က သွားရောက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်ကိစ္စတခုနဲ့ အပြင်သွားနေတယ်ဆိုလို့ မေးမြန်းခွင့်မရခဲ့ပါဘူး။

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကနီၿမိဳ႕နယ္ တြင္းေက်း႐ြာအနီး ေမြးျမဴေရးပ်ားပုံးမ်ား အျမန္ဆုံးဖယ္ရွားေပးရန္ ေတာင္းဆို

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္၊ ကနီၿမိဳ႕နယ္၊ တြင္းေက်း႐ြာအုပ္စု တြင္းေက်း႐ြာမွာ ေက်း႐ြာအနီး ေမြးျမဴေရးပ်ားပုံးမ်ားခ်ထားတာေၾကာင့္ ပ်ားတုပ္ခံေနရၿပီး အျမန္ဆုံးဖယ္ရွားဖို႔ ေဒသခံေတြက ေတာင္းဆိုလိုက္ပါတယ္။

ပ်ားပုံးေတြဟာ ေက်း႐ြာအနီးမွာရွိေနတဲ့အတြက္ စာသင္ေက်ာင္းအတြင္းရွိ ေက်ာင္းသား/သူ ေလးေတြ ပ်ားတုပ္ခံေနရသလို လူေနအိမ္အခ်ိဳ႕နဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းဝင္းအတြင္းမွာလည္း ဥပုဒ္သီလ ေဆာက္တည္ေနသူေတြ ပ်ားေတြေၾကာင့္ အေႏွာင့္အယွက္ျဖစ္ေနတယ္လို႔ ေဒသခံက ေျပာပါတယ္။

တြင္းေက်း႐ြာေန ဦးလင္းလင္းက “က်ေနာ္တို႔က ပန္းရန္လုပ္စားရတာ ေန႔ပင္ပန္းလို႔ ညဆိုအိပ္ခ်င္တာ မအိပ္ရဘူး။ ဒီကေလးဆို ညက ပ်ားေကာင္ ၂ ခ်က္တုတ္ခံရတယ္။ အစက ကင္းမီးေကာက္ တုပ္တယ္ထင္တာ မဟုတ္ဘူး။ ပ်ားက ျခင္ေထာင္ထဲကို ေရာက္ေနၿပီး တုပ္လိုက္တာဗ်။ တညလုံး မအိပ္ရဘူး။ ညေန ၅ နာရီေလာက္ဆို ေရတိုင္နားကို ပ်ားေတြက ဝဲေနတာ။ ေရတိုင္နားကို မကပ္ရဲေအာင္ျဖစ္တယ္။ ပ်ားသမားေတြက ဒီပ်ားက မတုပ္ဘူးလို႔သာ ေျပာတာ က်ေနာ့္မွာလည္း တခ်က္တုပ္ခံရတယ္” လို႔ ေျပာပါတယ္။

ေဒသခံ ေဒၚၾကင္စိန္က “ပ်ားပုံးေတြေရာက္တဲ့အခ်ိန္ကစၿပီး ေရေသာက္လို႔ကိုမရဘူး။ ဘုရားဝတ္ခ်လို႔လည္းမရ၊ ေက်ာင္းသားေတြလည္း ေရေသာက္ရာက ပ်ားတုပ္လို႔ ေျပးလာတာလည္း ေတြ႕ရတယ္” လို႔ ေျပာပါတယ္။

ပ်ားပုံးေတြအား ေတာင္သူေတြကို အသိမေပးဘဲ စက္တာဘာ ၁၃ ရက္ေန႔က လာခ်သြားတာျဖစ္ၿပီး တြင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို ေတာင္သူေတြက သြားေရာက္တင္ျပခဲ့ရာေပမယ့္ ဒီေန႔ထိ မဖယ္ရွားေပးဘူးလို႔ တြင္းေက်း႐ြာေန ဦးသန္းဝင္းက ေျပာပါတယ္။

“ေတြ႕တဲ့အခါမွာ ပ်ားခ်တဲ့ ပ်ားရွင္ကိုေခၚေပးပါလို႔ေျပာတဲ့အခါ ခရီးလြန္ေနတယ္ဆိုၿပီး သူကိုယ္တိုင္ တာဝန္ယူၿပီး တာဝန္ယူမႈ တာဝန္ခံမႈေတြနဲ႔ ၁၉ ရက္ေန႔ကို ထြက္ေပးပါ့မယ္လို႔ ေက်း႐ြာရဲ႕နာယကေတြအပါအဝင္ အားလုံးေရွ႕မွာ လက္မွတ္ထိုးၿပီးေျပာခဲ့တယ္။ သို႔ေသာ္လည္းပဲ ယေန႔အခ်ိန္ထိ ပ်ားပုံးေတြက ထြက္မေပးဘူး။”

ဒီကိစၥနဲ႔ပတ္သက္ၿပီး တြင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို DVB က သြားေရာက္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အလုပ္ကိစၥတခုနဲ႔ အျပင္သြားေနတယ္ဆိုလို႔ ေမးျမန္းခြင့္မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013