
နည်းပညာနယ်ပယ်မှာ ထူးချွန်အောင်မြင်တဲ့အမျိုးသမီးတွေကို မြင်တွေ့ရဖို့ဆိုတာ ခဲယဉ်းလှပါတယ်။ မလှလှ ဝင်းကတော့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံတွေကပါ အသိမှတ်ပြုထားတဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်သလို တီထွင်ဖန်တီးမှုဆိုင်ရာ ဂုဏ်ပြုဆုများစွာ ရရှိထားသူတစ်ယောက်ပါ။
မလှလှဝင်းဟာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ယူနက်စကိုနဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Netex-plo ကပေးတဲ့ ကမ္ဘာ့အမြင့်ဆုံး ဒီဂျစ်တယ်တီထွင်ဖန်တီးမှုဆိုင်ရာ ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။
အဲဒီနှစ်တုန်းက အာရှနိုင်ငံတွေမှာ မလှလှဝင်းတစ်ဦးတည်းသာ ပါဝင်ခဲ့တာဖြစ်သလို မြန်မာနိုင်ငံအနေနဲ့လည်း ပထမဆုံးအသိအမှတ်ပြုခံရတာဖြစ်ပါတယ်။
မလှလှဝင်းဟာ NASA Research Center မှာလည်း ပထမဆုံးမြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရွေးချယ် တက်ရောက်ခွင့် ရရှိခဲ့သူတစ်ယောက်ပါ။
သူမဟာ 360 ံed ဆိုတဲ့ ပညာရေးနဲ့ နည်းပညာကို ချိတ်ဆက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပြီး ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကျောက်သင်ပုန်းအစား ခေတ်နဲ့အမီ ပြောင်းလဲ ဆန်းသစ်တီထွင်ခဲ့တဲ့ ဓာတ်သင်ပုန်းကို ထုတ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။
စာမေးပွဲကျရှုံးခဲ့ဖူးပေမယ့် ဘဝကို အရှုံးမပေးခဲ့သူ…သူမကိုယ်သူမ “ကျွန်တော်” လို့ နာမ်စားသုံး ပြောဆိုတတ်တဲ့ မလှလှဝင်းဟာ ကျောင်းစာမှာ ထူးချွန်လှသူ တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။
မြန်မာပြည်မှာ နေထိုင်ခဲ့တုန်းက အစိုးရအထက်ကျောင်းကနေ တက္ကသိုလ်ဝင်တန်းအဆင့် အောင်မြင်ခဲ့ပြီး အဝေးသင်ပညာရေးနဲ့ ဘွဲ့တခုရဖို့ကြိုးစားခဲ့တာပါ။ နောက်ဆုံးနှစ်မှာ စာမေးပွဲကျရှုံးခဲ့ပေမယ့် စိတ်ဓာတ်ကျမသွားပဲ သူမရဲ့ အနိုင်မခံ အရှုံးမပေးစိတ်နဲ့ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူနိုင်ဖို့ ကြိုးစားပါတော့တယ်။
“ကျွန်တော်မြန်မာပြည်မှာ ကျောင်းမပြီးခဲ့ဘူး။ နောက်ဆုံးနှစ်မှာ စာမေးပွဲကျတယ်။ စာမေးပွဲကျတော့ ရှက်လည်း ရှက်တယ်။ တခါမှလည်း မကျဖူးတော့လေ။ ကျွန်တော်က စာအရမ်းတော်တဲ့ ကျောင်းသားလည်း မဖြစ် ခဲ့ဘူး။ ဒါပေမယ့် ဘယ်တော့မှ အရမ်းလည်း မညံ့ခဲ့ဘူး။ ပထမဆုံး အကြိမ်စာမေးပွဲကျတယ်ဆိုတော့ ဘဝမှာ ရှုံးပြီပေါ့နော်။ အဲဒီတော့ မြန်မာပြည်မှာ တက္ကသိုလ်မပြီးလည်း နိုင်ငံခြားမှာ တက္ကသိုလ်ပြီးအောင်လုပ်မယ်ဆိုပြီး အမေရိကားမှာ ဘတ်ချလာဘွဲ့ကို Full Scholarship (အပြည့်အဝ ပညာသင်ဆု ထောက်ပံ့မှု) နဲ့သွားယူခဲ့တယ်”
အမေရိကားမှာ ပညာရေးနဲ့ဆိုင်တဲ့ ဘာသာရပ်ကို (၄) နှစ်သွားရောက်သင်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဘွဲ့ယူကာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူမဟာ အဲဒီအချိန်တည်းက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တထောင့်တနေရာ ပါဝင်နိုင်ဖို့အတွက် ပြင်ဆင်နေခဲ့သူလည်းဖြစ်ပါတယ်။
“နိုင်ငံအနေအထားအရတော့ အခုလို ပွင့်ပွင့်လင်းလင်း မရှိသေးဘူး။ ဒါပေမယ့် ကျွန်တော် ယုံကြည်တယ်။ ကျွန် တော်တို့နိုင်ငံ ဒီအတိုင်းမနေဘူးပေါ့နော်။ ပြောင်းလဲလာမယ်။ နောက်ပြီး ကိုယ်အရမ်းလည်း ပြင်းပြင်းပြပြ ဆန္ဒရှိတာက ပညာရေးအပြောင်းအလဲပေါ့။ ပညာရေးအပြောင်းအလဲမှာ တထောင့်တနေရာက ဝင်ပါဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းပြင်ဆင်နေခဲ့တယ်”
ဟားဗတ်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရဖို့ကိုလည်း သူမအနေနဲ့ အလွယ်တကူရရှိခဲ့တာ မဟုတ်ပါဘူး။ ဟားဗတ်ကျောင်းရဲ့ ပညာသင်စရိတ်က အင်မတန်ကြီးမြင့်ပါတယ်။ ဝင်ခွင့်အောင်မြင်ပြီးရင်တောင် မလှလှဝင်းအတွက် သူမ သင်ယူချင်တဲ့ ဘာသာရပ်ရဲ့ ကျောင်းစရိတ်ဟာ တစ်နှစ်ကို ဒေါ်လာတစ်သိန်းခန့် ကုန်ကျမှာဖြစ်ပါတယ်။
ပထမအကြိမ် လျှောက်တဲ့အခါမှာတော့ ဝင်ခွင့်ရော၊ စကော်လားရှစ်(ပညာသင်ဆု)ရော မရရှိခဲ့ပါဘူး။ ဒုတိယ နှစ် ထပ်မံလျှောက်တဲ့အခါမှာလည်း ဝင်ခွင့်ရရှိခဲ့ပေမယ့် ပညာသင်ဆု မရရှိခဲ့ပြန်ပါဘူး။ ဒါပေမယ့် မလှလှဝင်းရဲ့ ဇွဲမလျှော့တဲ့ ကြိုးစားမှုကြောင့်ပဲ တတိယအကြိမ်မှာတော့ ဝင်ခွင့်ရော ပညာသင်ဆုပါ ရရှိခဲ့ပါတယ်။
ကမ္ဘာကျော်ဟားဗတ်နဲ့ မိခင်ဘဝကြားက သူမရဲ့ ရွေးချယ်မှု…“ပထမနှစ်လည်း မရဘူး။ ဒုတိယနှစ်ကျတော့ ကျောင်းရတယ်။ စကော်လားရှစ် မရဘူး။ ကျောင်းမရတာနဲ့ တူတူပဲပေါ့။ တတိယနှစ်ကျတော့ ကျွန်တော် ကျောင်းလည်း ရတယ်။ စကော်လားရှစ်လည်း ရတယ်။ တချိန်တည်းမှာပဲ ကျွန်တော့်မှာ ကလေးလည်းရှိလာတယ်”
-
မိသားစုနှင့်အတူ။ ဓာတ်ပုံ- မလှလှဝင်းဖေ့ဘွတ်စာမျက်နှာမှ
တတိယအကြိမ်ကြိုးစားမှုကြောင့် သူမရဲ့အိပ်မက်တွေ လက်တွေ့ဖြစ်လာတော့မယ့်အချိန်မှာ တပြိုင်နက်တည်း သူမရဲ့ဘဝထဲကို သမီးတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ ရေခြားမြေခြားမှာ မွေးကင်းစကလေးတဖက်နဲ့ ရုန်း ကန်ပြီး ပညာသင်ကြားဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် ဟားဗတ်ကျောင်းသူဘဝနဲ့ ကလေးမိခင်ဘဝကို သူမရွေးချယ်ရပါတော့တယ်။
“ကိုယ်ဝန်နဲ့ဆိုတော့..၊ အစကတော့ သွားမယ်၊ ရအောင်လုပ်မယ်ပေါ့။ ဟားဗတ်လည်း တက်မယ်။ သမီးလည်း မွေးမယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ မလွယ်ဘူး။ ဟားဗတ်က စာတွေကလည်း အရမ်းခက်တယ်။ ရာ သီဥတုကလည်း အရမ်းပြင်းထန်တယ်။ နောက်ပြီး အမျိုးသားကလည်း မြန်မာပြည်မှာ အမျိုးသားအကြံပေး (National Consultant) ဆိုတော့ သူ့အနေနဲ့ စာချုပ်တွေရှိတော့ လိုက်လာလို့မရဘူး။ ပထမနှစ်ဆိုရင် တော့ တော်တော်ဒုက္ခရောက်မှာ။ အဲဒါနဲ့ ဟားဗတ်ကို စာလှမ်းရေးတယ်။ ဒီနှစ်တော့မလာနိုင်ဘူး။ နောက်နှစ်မှ ပဲ လာပါရစေဆိုတော့ သူတို့က ရတယ်၊ ကျောင်းဝင်ခွင့်တော့ ပြန်လျှောက်စရာမလိုဘူး၊ ဝင်ခွင့်ပေးပြီးသားပေါ့၊ ဒါပေမယ့် စကော်လားရှစ်ကတော့ မသေချာတော့ဘူး” လို့ သူမရဲ့ မိခင်ဘဝကို အကောင်းဆုံးဖြစ်အောင် ရွေး ချယ်ဖြစ်ခဲ့တာကို ပြောပြပါတယ်။
မိန်းမသားတို့ရဲ့ဖြစ်တည်မှုအရ ကိုယ်ဝန်စရှိလာတဲ့အချိန်ကစလို့ ကိုယ့်ကိုယ်ကို မိခင်တစ်ယောက်အဖြစ် ခံစား လာရပြီး ဘဝအတွက်အခွင့်အလမ်းနဲ့ ကိုယ့်ရဲ့ရင်သွေးကို ရွေးချယ်ရတဲ့အချိန်မှာတော့ အရာရာကို စွန့်လွှတ် ကာ မိခင်တစ်ယောက်အဖြစ် ကျေကျေနပ်နပ်ခံယူဖို့သာ ဆုံးဖြတ်လိုက်ပါတော့တယ်။
“တော်တော်တော့ risk ကြီးတယ်။ နောက်နှစ်ဟားဗတ်ကျောင်းပြန်မရရင် ဘယ်လိုလုပ်မလဲပေါ့။ ဒါပေမယ့် လည်း အမေတစ်ယောက်ရဲ့စိတ်က ကလေးကိုယ်ဝန်ရှိကတည်း စရှိလာပြီဆိုတော့ ကလေးကို အကောင်းဆုံးပဲ မွေးချင်တယ်။ အဲဒီတော့ ကျွန်တော်မြန်မာပြည်မှာပဲ ကလေးမွေးဖို့ဆုံးဖြတ်လိုက်တယ်” လို့ မလှလှဝင်းက မိခင်တစ်ယောက်ရဲ့ ဘဝနဲ့ခံစားချက်ကို ပြောပါတယ်။
သူမရဲ့ ရည်ရွယ်ချက်အတိုင်း ကလေးမွေးပြီး တစ်နှစ်အကြာမှာတော့ ဟားဗတ်ကို တက်ဖို့အတွက် ထပ်မံကြိုး စားပါတော့တယ်။ ကံဆိုတာအလုပ်လို့ ပြောလိုရသလို သူမရဲ့အလုပ်ကြောင့်ပဲ ကံကောင်းခဲ့တယ်လို့ ဆိုရမှာ ပါ။ ဟားဗတ်တက္ကသိုလ်ကို သူမတက်ခွင့်ရခဲ့ပြန်ပါတယ်။
သူမနဲ့အတူ သူမရဲ့ခင်ပွန်းဖြစ်သူကလည်း မိသားစုဘဝကို ဖြတ်သန်းရင်း သူမကိုထောက်ပံ့ကူညီချင်တာ ကြောင့် မြန်မာပြည်က အလုပ်တွေကို ခဏရပ်နားရင်း အမေရိကန်နိုင်ငံကို လိုက်ပါခဲ့ပါတယ်။
“အဲဒီနှစ်ကတော့ တကယ့်ကို ရူးချာလည်လိုက်နေတာပဲ။ ကျွန်တော်က စာတော်တဲ့အထဲမှာ မပါဘူး။ စာဖတ် လည်းနှေးတယ်။ ဟားဗတ်ကစာတွေက ကျွန်တော့်အတွက် တော်တော်လေးခဲယဉ်းတယ်။ ကျွန်တော်အများ ကြီး ကြိုးစားရတယ်။ သူများတွေထက် အဆပေါင်းများစွာ ကြိုးစားခဲ့ရတယ်” လို့ ခင်ပွန်းသည်၊ သမီးငယ်လေး တို့နဲ့အတူ မိသားစုဘဝနဲ့ ကျောင်းတက်ခဲ့ရတာကို ပြောပြပါတယ်။
သူမအတွက် သူမရဲ့ခင်ပွန်းသည်ဟာ တကယ့်ကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ သူမရဲ့ အမျိုးသားဟာ အ မေရိကားမှာ ဘွဲ့ရရှိထားသူတစ်ယောက်ဖြစ်တာကြောင့် သူမနဲ့အတူ ကလေးထိန်းရင်း သူမကိုလည်း စာကျက်ချိန်မှာ ကူညီလမ်းညွှန်ပေးရင်း ဖြတ်သန်းခဲ့ကြပါတယ်။
360ed ရဲ့ တည်ထောင်သူ…မလှလှဝင်းဟာ ဟားဗတ်ကနေ ဘွဲ့ရပြီးတဲ့အချိန်မှာတော့ သူမရဲ့အမျိုးသားနဲ့အတူ 360ed လို့ခေါ်တဲ့ ပညာရေးနဲ့ နည်းပညာကိုချိတ်ဆက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီတစ်ခုကို စတင် တည်ထောင်ခဲ့ပါတယ်။
“360 ဆိုရင်လူတွေက သိတယ်။ Change တစ်ခုပေါ့။ တပတ်လည်ပြောင်းလဲမှု အသစ်ဆိုတဲ့ဟာမျိုး..၊ Educa-tion ကတော့ Ed ပေါ့နော်။ မြန်မာပြည်အပြောင်းအလဲမှာ တထောင့်တနေရာက ဝင်ပါနိုင်အောင်ဆိုတဲ့ အဓိပ္ပါယ်နဲ့ 360 ed ဆိုတဲ့ ကုမ္ပဏီနာမည်ကို ရွေးဖြစ်ခဲ့တာပါ” လို့ ကုမ္ပဏီနာမည်ရွေးချယ်ဖြစ်ခဲ့ပုံကို မလှလှ ဝင်းက ရှင်းပြပါတယ်။
မြန်မာနိုင်ငံကို ၂၀၁၆ ခုနစ်မှာ ပြန်လည်ရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ 360 ed ကို ရန်ကုန်မြို့မှာ အခြေချ တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီစတင်တည်ထောင်စဉ်ကတော့ သူမရဲ့ အတွေးတွေနဲ့အတူ သူမတစ်ယောက် တည်းသာ စတင်လုပ်ကိုင်ခဲ့ပြီး အခုလို (၂)နှစ်ကျော်အချိန်အတွင်းမှာတော့ ဝန်ထမ်း (၉၀)အထိ ရှိလာခဲ့ပါပြီ။
ပညာရေးနဲ့ပတ်သက်လို့ အမြင့်ဆုံးဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်မှာ တက်ခွင့်ရတာဟာ မလှလှဝင်းအတွက် အိပ်မက်တစ်ခုဖြစ်သလို ခေတ်မီနည်းပညာတွေကို စိတ်ဝင်စားပြီး လေ့လာနေသူတွေအတွက်ကတော့ နာဆာ (NASA)ဆိုတာဟာလည်း စိတ်ကူးယဉ်လို့အကောင်းဆုံးနေရာတစ်ခုပါပဲ။
မလှလှဝင်းကတော့ သူမရဲ့စိတ်ကူးတွေ၊ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သူလို့တင်စား ရမှာပါ။ ပညာရေးဘွဲ့ကို ဟားဗတ်တက္ကသိုလ်ကနေ ရရှိခဲ့ပြီး Google ကပေးတဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ ထူး ချွန်ဆုကို ရရှိကာ နာဆာ (NASA) မှာလည်း သွားရောက်လေ့လာပညာသင်ယူခွင့်ရရှိခဲ့ပြန်ပါတယ်။
-
ဓာတ်ပုံ- မလှလှဝင်း ဖေ့ဘွတ်စာမျက်နှာမှ
“နာဆာဆိုတာ ကျွန်တော့်အတွက်က အိပ်မက်လိုပဲ။ ငယ်ငယ်လေးတည်းက အရမ်းကိုသွားချင်ခဲ့တာ။ ဘာမှန်း တော့မသိဘူးလေ။ သွားခွင့်ရတယ်ဆိုတော့ အရမ်းပျော်သွားတာ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့က နည်းပညာ ပိုင်းက သိပ်မရှိခဲ့ဘူး။ တော်တော်လိုက်ရတယ်။ ဟားဗတ်မှာလိုက်ရတာထက် ဆယ်ဆလောက် ပိုပင်ပန်းတယ်။ ဟားဗတ်မှာက စာဖတ်၊ မသိရင် မေးလို့ရတယ်။ ဟိုမှာက နည်းပညာပိုင်းဆိုတော့ စာဖတ်ရုံနဲ့မရဘူး။ ကိုယ် တိုင်က ကျားကုတ်ကျားခဲလေ့လာရတယ်” လို့ နည်းပညာနယ်ပယ်မှာ အပြင်းအထန်လေ့လာခဲ့ရတာကို ပြော ပါတယ်။
နည်းပညာဆိုင်ရာကို ပညာရေးလောက် မခုံမင်ပေမယ့် နည်းပညာနဲ့ ပညာရေးကို ချိတ်ဆက်ကာ အပြောင်း အလဲအတွက် အထောက်အပံ့ဖြစ်အောင် လုပ်ဆောင်ဖို့ နည်းလမ်းကို သူမစတင်တွေ့ရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ AR နည်းပညာနဲ့ 3D ရုပ်လုံးကြွကာတွန်းတစ်ခုကို စတင်ထုတ်လုပ်ကာ နောက်ပိုင်းမှာ တော့ အခြေခံကျောင်းသင်ရိုးညွှန်းတမ်း ဖတ်စာအုပ်တွေကိုပါ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြန်လည်ဆန်းသစ်ပြီး ဓာတ်သင်ပုန်းဆိုတာကို ထုတ်လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ပညာရေးနယ်ပယ်ကနေ ပါဝင်ဖြစ်ခဲ့တာကတော့ နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခွန်းကြောင့်လို့ ဆိုပါတယ်။
“ကျွန်တော်ဟားဗတ်မှာတက်နေတုန်း အမေစုနဲ့တွေ့တယ်။ ဟားဗတ်ကပေးတဲ့ဆုလာယူတာရှိတယ်လေ။ ဟားဗတ်က အမေစုကို Honorary Degree ဆုပေးတော့ အမေစုက ဆုလာယူရင်းနဲ့ပြောတယ်။ သမီးမြန်မာပြည်ပြန် လာခဲ့။ မြန်မာပြည်မှာ ပညာရေးပြောင်းလဲမှုတွေ အများကြီးလုပ်စရာရှိတယ်ဆိုတော့ ကျနော် အဲဒီစကားတစ် ခွန်းရဲ့ ခွန်အားနဲ့ပဲ မြန်မာပြည်ပြန်လာဖို့ တွန်းအားရခဲ့တယ်” လို့ မလှလှဝင်းကပြောပါတယ်။
ဓာတ်သင်ပုန်းရဲ့ ပဲ့ကိုင်ရှင်ဓာတ်သင်ပုန်းဆိုတာကတော့ AR (Augmented Reality) နည်းပညာပါဝင်တဲ့ 3D ရုပ်လုံးကြွ ကျောင်းဖတ်စာ အုပ်တွေကို ကျောင်းသားကျောင်းသူတွေ စိတ်ဝင်တစားရှိလာအောင် အသံတွေ လှုပ်ရှားမှုတွေကို ထည့်သွင်း ထားတဲ့ သင်ထောက်ကူပစ္စည်း App (Application) တစ်ခုဖြစ်ပါတယ်။
ဓာတ်သင်ပုန်းဆိုတဲ့ နာမည်ပေးဖြစ်ခဲ့ပုံကိုတော့ မလှလှဝင်းက အခုလိုပြောပါတယ်။
“သင်ပုန်းလေးကို ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ တံတွေးလေးနဲ့ ခြစ်ခြစ်ပြီးဖြတ်ခဲ့ရတာပေါ့။ အခု သမီး လေးတို့လက်ထက်မှာတော့ တံတွေးနဲ့ ဖြတ်စရာမလိုတော့ဘူး။ လက်လေးနဲ့ထိလိုက်တာနဲ့ အကုန်လုံး ပြောင်းနေတာလေ။ သူတို့ခေတ်အတွက် ဓာတ်သင်ပုန်းဆိုတာမျိုးလေးကို စဉ်းစားမိပြီး ပေးဖြစ်ခဲ့တာပေါ့။ သင် ပုန်းတော့ သင်ပုန်းပဲ၊ မြန်မာလည်းဆန်ချင်တယ်။ ဆန်းလည်းဆန်းချင်တယ်ဆိုတော့ ပေးဖြစ်သွားတာပေါ့”
မြန်မာနိုင်ငံက ကလေးတွေအတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ ကျောင်းသင်ရိုးညွှန်းတမ်းတွေကို ဒစ် ဂျစ်တယ်နည်းပညာနဲ့ ဆန်းသစ်ကာ သင်ထောက်ကူပစ္စည်းတစ်ခုအနေနဲ့ ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။
အခုလို ဓာတ်သင်ပုန်းကို အသုံးပြုကာ ကျောင်းဖတ်စာအုပ်အဖြစ် ပညာသင်ကြားတဲ့စနစ်ဟာ အာရှနိုင်ငံတွေ ထဲမှာ မြန်မာနိုင်ငံက ပထမဆုံးဖြစ်လာခဲ့ပါတယ်။
ဓာတ်သင်ပုန်းထုတ်လုပ်သူတစ်ယောက်အနေနဲ့ တွေ့ကြုံရတဲ့စိန်ခေါ်မှုကတော့ “ဖုန်းဆော့တယ်ဆိုတာကနေ ဖုန်းနဲ့စာသင်တယ်ဆိုတာအထိရောက်အောင် ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုလေးတွေပေါ့” လို့ မလှလှဝင်းက ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ ပညာပေးမှုနဲ့ပတ်သက်တဲ့ “ဘေးကင်း” App ကို ထုတ်လုပ်ခဲ့သူမြန်မာပြည်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု တွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာကြောင့် မြန်မာပြည်က မိန်းကလေးငယ်တွေ သိသင့်သိထိုက်တဲ့ လိင်ပိုင်း ဆိုင်ရာ ပညာပေးမှု အက်ပလီကေးရှင်းတစ်ခုကိုလည်း ထုတ်ဝေခဲ့ပါတယ်။
“အခုဆိုရင် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်အရ “ဘေးကင်း”ဆိုတဲ့ လိင်ပညာပေးမှုနဲ့ဆိုင်တဲ့ app တစ်ခုလည်း ထုတ်လုပ်နိုင်ခဲ့တယ်။ မြန်မာပြည်က ပြည်သူလူထုအတွက်ပဲ အဓိကထုတ်တာ။ ကိုယ်လည်း အမေတစ် ယောက်ဆိုတော့ လုပ်သင့်လုပ်ထိုက်တယ်ဆိုပြီး လုပ်ဖြစ်သွားတာ” လို့ မလှလှဝင်းကပြောပါတယ်။
နည်းပညာနဲ့ ပညာရေးကို ချိတ်ဆက်ကာ ပညာရေးအပြောင်းအလဲအတွက် တထောင့်တနေရာကနေ ပါဝင် လုပ်ဆောင်နိုင်ခဲ့သလို မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေအတွက် နည်းပညာနဲ့ အသိပညာပေးမယ့် ဘေးကင်း app ကို ထုတ်လုပ်ကာ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ သူမတာဝန်ကျေခဲ့ပြန်ပါပြီ။
သူမရဲ့ အနာဂတ်…သူမ ငယ်စဉ်က ဖြစ်ချင်တာက မြန်မာနိုင်ငံက ယဉ်ကျေးမှု အလှတရားတွေကို တခြားနိုင်ငံကလူတွေ တွေ့မြင်လာအောင် လှည့်လည်ပြသတဲ့ ဧည့်လမ်းညွှန် (Tour Guide) တစ်ယောက်ပါ။
အခုချိန်မှာ သူမ တွေးထားသလို မဖြစ်ပေယ့်လည်း သူမရဲ့ဖန်တီးမှုတွေကို မြန်မာပြည်မှာသာမက ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့်လည်ကာ ပြသနိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်အဖြစ် ဂုဏ်ယူစွာနဲ့ ရပ်တည်နိုင်ခဲ့ပါပြီ။
အခု ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာလည်း World Economic Forum (ကမ္ဘာ့စီးပွားရေးဖိုရမ်) ကပေးတဲ့ Social Entrepreneur of the year award ဆုကို လက်ခံရရှိမှာဖြစ်သလို ဟားဗတ်တက္ကသိုလ်မှာလည်း ပြန်လည်တက်ရောက်ခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။
“ကျွန်တော်က ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးတတ်ဘူး။ စိန်ခေါ်မှုတွေကတော့ အခုချိန်ထိရှိနေတုန်းပဲ။ အိပ်မရတဲ့ညတွေလည်း အများကြီးပဲ။ ဆေးသောက်ပြီးမှ အိပ်လိုက်ရတဲ့ညတွေလည်း အများကြီး။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကပဲ ကျွန်တော့်ကို ကိုယ်ရည်ကိုယ်သွေး ပိုတက်လာစေတယ်။ အခက်အခဲတစ်ခုကို ကျော်လွှားပြီးတိုင်းလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာတယ်” လို့ မလှလှဝင်းက ပြောပါတယ်။
မလှလှဝင်းကတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို လှေကားထစ်တွေအဖြစ် တက်လှမ်းရင်း မြန်မာပြည်ရဲ့ ပညာရေးကဏ္ဍ အပြောင်းအလဲမှာ အောင်မြင်တဲ့ ကြယ်တစ်ပွင့်အဖြစ် ဆက်လက်လင်းလက်နေဦးမှာပဲ ဖြစ်ပါတယ်။
ခင်စုကြည် (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။) ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ယူနက္စကိုကေပးတဲ့ ကမာၻ႕အျမင့္ဆံုး တီထြင္ဆန္းသစ္မႈဆု ရရိွထားသူ မလွလွ၀င္း (သို႕မဟုတ္) ျမန္မာ့ပညာေရးက႑အတြက္ လင္းလက္ေနမယ့္ၾကယ္တစ္ပြင့္ နည္းပညာနယ္ပယ္မွာ ထူးခြ်န္ေအာင္ျမင္တဲ့အမ်ိဳးသမီးေတြကို ျမင္ေတြ႕ရဖို႕ဆိုတာ ခဲယဥ္းလွပါတယ္။ မလွလွ ဝင္းကေတာ့ ျမန္မာႏိုင္ငံမွာသာမက ကမာၻ႕ႏိုင္ငံေတြကပါ အသိမွတ္ျပဳထားတဲ့ ထူးခြ်န္ထက္ျမက္တဲ့ အမ်ိဳးသမီး တစ္ေယာက္ျဖစ္သလို တီထြင္ဖန္တီးမႈဆိုင္ရာ ဂုဏ္ျပဳဆုမ်ားစြာ ရရိွထားသူတစ္ေယာက္ပါ။ မလွလွဝင္းဟာ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလတုန္းက ယူနက္စကိုနဲ႕ မိတ္ဖက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Netex-plo ကေပးတဲ့ ကမာၻ႕အျမင့္ဆံုး ဒီဂ်စ္တယ္တီထြင္ဖန္တီးမႈဆိုင္ရာ ထူးခြ်န္ဆုကို ရရိွခဲ့ပါတယ္။ အဲဒီႏွစ္တုန္းက အာရွႏိုင္ငံေတြမွာ မလွလွဝင္းတစ္ဦးတည္းသာ ပါဝင္ခဲ့တာျဖစ္သလို ျမန္မာႏိုင္ငံအေနနဲ႕လည္း ပထမဆံုးအသိအမွတ္ျပဳခံရတာျဖစ္ပါတယ္။ မလွလွဝင္းဟာ NASA Research Center မွာလည္း ပထမဆံုးျမန္မာႏိုင္ငံသားတစ္ေယာက္အေနနဲ႕ ေရြးခ်ယ္ တက္ေရာက္ခြင့္ ရရိွခ့ဲသူတစ္ေယာက္ပါ။ သူမဟာ 360 ံed ဆိုတဲ့ ပညာေရးနဲ႕နည္းပညာကို ခ်ိတ္ဆက္အသံုးျပဳႏိုင္ေအာင္ ေဆာင္ရြက္ေပးေနတဲ့ ကုမၸဏီ တစ္ခုကို တည္ေထာင္ထားၿပီး ငယ္ငယ္တုန္းက သင္ခဲ့ရတဲ့ ေက်ာက္သင္ပုန္းအစား ေခတ္နဲ႕အမီ ေျပာင္းလဲ ဆန္းသစ္တီထြင္ခဲ့တဲ့ ဓာတ္သင္ပုန္းကို ထုတ္လုပ္ခဲ့သူလည္းျဖစ္ပါတယ္။ စာေမးပြဲက်ရံႈးခဲ့ဖူးေပမယ့္ ဘဝကိုအရံႈးမေပးခဲ့သူ… သူမကိုယ္သူမ “ကြ်န္ေတာ္” လို႕ နာမ္စားသံုးေျပာဆိုတတ္တဲ့ မလွလွဝင္းဟာ ေက်ာင္းစာမွာ ထူးခြ်န္လွသူ တစ္ ေယာက္ေတာ့ မဟုတ္ခဲ့ပါဘူး။ ျမန္မာျပည္မွာ ေနထိုင္ခဲ့တုန္းက အစိုးရအထက္ေက်ာင္းကေန တကၠသိုလ္၀င္တန္းအဆင့္ ေအာင္ျမင္ခဲ့ၿပီး အေဝးသင္ပညာေရးနဲ႕ ဘဲြ႕တခုရဖို႕ၾကိဳးစားခဲ့တာပါ။ ေနာက္ဆံုးႏွစ္မွာ စာေမးပြဲက်ရံႈးခဲ့ေပမယ့္ စိတ္ဓာတ္က် မသြားပဲ သူမရဲ႕ အႏိုင္မခံ အရံႈးမေပးစိတ္နဲ႔ ႏို္င္ငံျခားမွာ ပညာဆက္လက္သင္ယူႏိုင္ဖို႕ ၾကိဳးစားပါေတာ့တယ္။ “ကြ်န္ေတာ္ျမန္မာျပည္မွာ ေက်ာင္းမၿပီးခဲ့ဘူး။ ေနာက္ဆံုးႏွစ္မွာ စာေမးပြဲက်တယ္။ စာေမးပြဲက်ေတာ့ ရွက္ လည္း ရွက္တယ္။ တခါမွလည္း မက်ဖူးေတာ့ေလ။ ကြ်န္ေတာ္က စာအရမ္းေတာ္တဲ့ ေက်ာင္းသားလည္း မျဖစ္ ခဲ့ဘူး။ ဒါေပမယ့္ ဘယ္ေတာ့မွ အရမ္းလည္း မညံ့ခဲ့ဘူး။ ပထမဆံုး အၾကိမ္စာေမးပြဲက်တယ္ဆိုေတာ့ ဘဝမွာ ရံႈးၿပီေပါ့ေနာ္။ အဲဒီေတာ့ ျမန္မာျပည္မွာ တကၠသိုလ္မၿပီးလည္း ႏိုင္ငံျခားမွာ တကၠသိုလ္ၿပီးေအာင္လုပ္မယ္ဆိုၿပီး အေမရိကားမွာ ဘတ္ခ်လာဘြဲ႕ကို Full Scholarship (အျပည့္အ၀ပညာသင္ဆုေထာက္ပံ့မႈ) နဲ႕သြားယူခဲ့တယ္” အေမရိကားမွာ ပညာေရးနဲ႕ဆိုင္တဲ့ ဘာသာရပ္ကို(၄)ႏွစ္သြားေရာက္သင္ယူခဲ့ၿပီး ၂၀၀၈ ခုႏွစ္မွာ ဘြဲ႕ယူကာ ျမန္မာျပည္ကို ျပန္လည္ေရာက္ရိွခဲ့ပါတယ္။ သူမဟာ အဲဒီအခ်ိန္တည္းက ျမန္မာႏိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲမႈမွာ တေထာင့္တေနရာ ပါဝင္ႏိုင္ဖို႕အတြက္ ျပင္ဆင္ေနခဲ့သူလည္းျဖစ္ပါတယ္။ “ႏိုင္ငံအေနအထားအရေတာ့ အခုလို ပြင့္ပြင့္လင္းလင္းမရိွေသးဘူး။ ဒါေပမယ့္ ကြ်န္ေတာ္ယံုၾကည္တယ္။ ကြ်န္ ေတာ္တို႕ႏိုင္ငံ ဒီအတိုင္းမေနဘူးေပါ့ေနာ္။ ေျပာင္းလဲလာမယ္။ ေနာက္ၿပီး ကိုယ္အရမ္းလည္း ျပင္းျပင္းျပျပဆႏၵရိွ တာက ပညာေရးအေျပာင္းအလဲေပါ့။ ပညာေရးအေျပာင္းအလဲမွာ တေထာင့္တေနရာက ဝင္ပါဖို႕အတြက္ ကိုယ့္ ကိုကိုယ္ အျမဲတမ္းျပင္ဆင္ေနခဲ့တယ္” ဟားဗတ္တကၠသိုလ္မွာ ေက်ာင္းတက္ခြင့္ရဖို႕ကိုလည္း သူမအေနနဲ႕ အလြယ္တကူရရိွခဲ့တာ မဟုတ္ပါဘူး။ ဟားဗတ္ေက်ာင္းရဲ႕ ပညာသင္စရိတ္က အင္မတန္ၾကီးျမင့္ပါတယ္။ ဝင္ခြင့္ေအာင္ျမင္ၿပီးရင္ေတာင္ မလွလွဝင္း အတြက္ သူမသင္ယူခ်င္တဲ့ဘာသာရပ္ရဲ႕ ေက်ာင္းစရိတ္ဟာ တစ္ႏွစ္ကို ေဒၚလာတစ္သိန္းခန္႕ ကုန္က်မွာျဖစ္ ပါတယ္။ ပထမအၾကိမ္ ေလွ်ာက္တဲ့အခါမွာေတာ့ ဝင္ခြင့္ေရာ၊ စေကာ္လားရွစ္(ပညာသင္ဆု)ေရာ မရရိွခဲ့ပါဘူး။ ဒုတိယ ႏွစ္ထပ္မံေလွ်ာက္တဲ့အခါမွာလည္း ဝင္ခြင့္ရရိွခဲ့ေပမယ့္ ပညာသင္ဆု မရရိွခဲ့ျပန္ပါဘူး။ ဒါေပမယ့္ မလွလွဝင္းရဲ႕ ဇြဲမေလ်ာ့တဲ့ ၾကိဳးစားမႈေၾကာင့္ပဲ တတိယအၾကိမ္မွာေတာ့ ဝင္ခြင့္ေရာ ပညာသင္ဆုပါ ရရိွခဲ့ပါတယ္။ ကမၻာေက်ာ္ဟားဗတ္နဲ႕ မိခင္ဘဝၾကားက သူူမရဲ႕ ေရြးခ်ယ္မႈ… “ပထမႏွစ္လည္း မရဘူး။ ဒုတိယႏွစ္က်ေတာ့ ေက်ာင္းရတယ္။ စေကာ္လားရွစ္မရဘူး။ ေက်ာင္းမရတာနဲ႕ တူတူ ပဲေပါ့။ တတိယႏွစ္က်ေတာ့ ကြ်န္ေတာ္ေက်ာင္းလည္းရတယ္။ စေကာ္လားရွစ္လည္းရတယ္။ တခ်ိန္တည္းမွာပဲ ကြ်န္ေတာ့္မွာ ကေလးလည္းရိွလာတယ္”-
မိသားစုႏွင့္အတူ။ ဓာတ္ပံု- မလွလွ၀င္းေဖ့ဘြတ္စာမ်က္ႏွာမွ
-
ဓာတ္ပံု- မလွလွ၀င္း ေဖ့ဘြတ္စာမ်က္ႏွာမွ