DVB Logo
Home
မြန်မာသတင်း
အစိုးရ ဆေးရုံများတွင် သွေးလိုအပ်ချက် ပိုမိုမြင့်တက်လာဟု ရန်ကုန်အမျိုးသားသွေးဌာနပြော
DVB
·
September 22, 2019
အစိုးရ ဆေးရုံများတွင် သွေးလိုအပ်ချက် ပိုမိုမြင့်တက်လာဟု ရန်ကုန်အမျိုးသားသွေးဌာနပြော
Donate to DVB

ရန်ကုန်ပြည်သူ့ဆေးရုံ အပါအဝင် အစိုးရဆေးရုံတွေမှာ သွေးလိုအပ်ချက် တနှစ်ထက် တနှစ် ပိုမိုမြင့်လာနေတာကြောင့် သွေးရဖို့ နယ်တွေအထိ သွားရောက်ဆောင်ရွက်နေတယ်လို့ ရန်ကုန်အမျိုးသားသွေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က သထုံအနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီမှုအသင်း ဦးဆောင်မှုနဲ့ မွန်ပြည်နယ် သထုံမြို့ သုဝဏ္ဏခန်းမမှာ ပြုလုပ်တဲ့ စုပေါင်းသွေးလှူဒါန်းပွဲမှာ ရန်ကုန်အမျိုးသားသွေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်ဦးက အခုလို ပြောကြားခဲ့တာပါ။

“ကျမတို့အမျိုးသားသွေးဌာန ရန်ကုန်ဟာဆိုရင် ရန်ကုန်ပြည်သူ့ဆေးရုံ အပါအဝင် အစိုးရဆေးရုံ ၁၄ ရုံလောက်ကို သွေးဖြန့်ဖြူးပေးနေရတာပါ။ အဲအတွက် သွေးလိုအပ်မှုတွေဟာ တနှစ်ထက် တနှစ် မြင့်လာတယ်။ အရင်က ဌာနမှာ သွေးလှူရှင် ၅၀၀၀ လောက်ရှိရင် လုံလောက်ခဲ့တယ်။ နောက်ပိုင်းမှာ မရတော့လို့ နယ်က အလှူရှင်တွေဆီက လှူဒါန်းချင်တယ် ဆိုရင် သွေးရဖို့အတွက် သွားရောက်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်။” 

နည်းပညာတွေ ဘယ်လောက်မြင့်မြင့် သွေးဆိုတာ ဖန်တီးလို့ မရသေးပါဘူး။ သွေးသွင်းကုသမှု ခံယူရမယ့်သူတွေဟာ စေတနာရှင် သွေးလှူရှင်တွေဆီကနေပဲ ခံယူနေရပြီး သွေးလှူရှင်တွေဆီက လှူတဲ့သွေးတွေကလည်း အသန့်ရှင်းဆုံး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ သွေးအသုံးပြုမှုမှာ ၂၀၁၆ ခုနှစ်က ယူနစ်ပေါင်း ၁၁၀၀၀၀ ကျော်ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာ သွေးယူနစ်ပေါင်း ၁၄၀၀၀၀ ကျော်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာလည်း ပိုများနေတယ်လို့ သိရပါတယ်။

သထုံ အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီမှုအသင်းရဲ့ အတွင်းရေးမှူး ကိုမိုးကျော်သူက “လက်ရှိ ကျနော်တို့ဘက်က သွေးလှူဒါန်းမှုက သထုံခရိုင်ဆေးရုံကြီးမှာ လာရောက်ကုသမှု ခံယူနေတဲ့ လူနာတွေအတွက်တော့ လုံလောက်နေပါတယ်။ သွေးလှူချင်နေတဲ့ သွေးလှူရှင်တွေ ပိုမိုလှူဒါန်းနိုင်စေဖို့ရယ်၊ အမျိုးသားသွေးလှူဌာနမှာလည်း လစဉ် လိုအပ်နေတဲ့ သွေးလိုအပ်မှုအတွက် အထောက်အပံ့ဖြစ်စေဖို့ရယ် ဆိုပြီး ခုလို စုပေါင်းသွေးလှူဒါန်းပွဲကို လုပ်ပေးရတာပါ”' လို့ ​ပြောပါတယ်။

အဲဒီစုပေါင်းသွေးလှူဒါန်းပွဲမှာ သထုံခရိုင်အတွင်းက လူမှုရေးအဖွဲ့တွေ၊ သွေးလှူရှင်အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့ ၅၀ ကျော်က လူဦးရေ ၁၂၀၀ လောက် လာရောက်သွေးလှူခဲ့​ကြပြီး သွေးပုလင်းပေါင်း ၅၄၁ လုံး ရရှိခဲ့​ပါတယ်။

သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - လုလင်ပျို

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အစိုးရေဆး႐ုံမ်ားတြင္ ေသြးလိုအပ္ခ်က္ ပိုမိုျမင့္တက္လာဟု ရန္ကုန္အမ်ိဳးသားေသြးဌာနေျပာ

ရန္ကုန္ျပည္သူ႔ေဆး႐ုံ အပါအဝင္ အစိုးရေဆး႐ုံေတြမွာ ေသြးလိုအပ္ခ်က္ တႏွစ္ထက္ တႏွစ္ ပိုမိုျမင့္လာေနတာေၾကာင့္ ေသြးရဖို႔ နယ္ေတြအထိ သြားေရာက္ေဆာင္႐ြက္ေနတယ္လို႔ ရန္ကုန္အမ်ိဳးသားေသြးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉးက ေျပာပါတယ္။

စက္တင္ဘာ ၂၁ ရက္ေန႔က သထုံအႏႈိင္းမဲ့ေမတၱာ ေသြးႏွင့္ ေအာက္ဆီဂ်င္ အခမဲ့ကူညီမႈအသင္း ဦးေဆာင္မႈနဲ႔ မြန္ျပည္နယ္ သထုံၿမိဳ႕ သုဝဏၰခန္းမမွာ ျပဳလုပ္တဲ့ စုေပါင္းေသြးလႉဒါန္းပြဲမွာ ရန္ကုန္အမ်ိဳးသားေသြးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာႏြယ္ႏြယ္ဦးက အခုလို ေျပာၾကားခဲ့တာပါ။

“က်မတို႔အမ်ိဳးသားေသြးဌာန ရန္ကုန္ဟာဆိုရင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံ အပါအဝင္ အစိုးရေဆး႐ုံ ၁၄ ႐ုံေလာက္ကို ေသြးျဖန႔္ျဖဴးေပးေနရတာပါ။ အဲအတြက္ ေသြးလိုအပ္မႈေတြဟာ တႏွစ္ထက္ တႏွစ္ ျမင့္လာတယ္။ အရင္က ဌာနမွာ ေသြးလႉရွင္ ၅၀၀၀ ေလာက္ရွိရင္ လုံေလာက္ခဲ့တယ္။ ေနာက္ပိုင္းမွာ မရေတာ့လို႔ နယ္က အလႉရွင္ေတြဆီက လႉဒါန္းခ်င္တယ္ ဆိုရင္ ေသြးရဖို႔အတြက္ သြားေရာက္ေဆာင္႐ြက္ဖို႔ စီစဥ္ထားတယ္။”

နည္းပညာေတြ ဘယ္ေလာက္ျမင့္ျမင့္ ေသြးဆိုတာ ဖန္တီးလို႔ မရေသးပါဘူး။ ေသြးသြင္းကုသမႈ ခံယူရမယ့္သူေတြဟာ ေစတနာရွင္ ေသြးလႉရွင္ေတြဆီကေနပဲ ခံယူေနရၿပီး ေသြးလႉရွင္ေတြဆီက လႉတဲ့ေသြးေတြကလည္း အသန႔္ရွင္းဆုံး ျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။

တႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ေသြးအသုံးျပဳမႈမွာ ၂၀၁၆ ခုႏွစ္က ယူနစ္ေပါင္း ၁၁၀၀၀၀ ေက်ာ္ရွိခဲ့ရာက ၂၀၁၇ ခုႏွစ္မွာ ေသြးယူနစ္ေပါင္း ၁၄၀၀၀၀ ေက်ာ္ရရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္မွာလည္း ပိုမ်ားေနတယ္လို႔ သိရပါတယ္။

သထုံ အႏႈိင္းမဲ့ေမတၱာ ေသြးႏွင့္ေအာက္ဆီဂ်င္ အခမဲ့ကူညီမႈအသင္းရဲ႕ အတြင္းေရးမႉး ကိုမိုးေက်ာ္သူက “လက္ရွိ က်ေနာ္တို႔ဘက္က ေသြးလႉဒါန္းမႈက သထုံခ႐ိုင္ေဆး႐ုံႀကီးမွာ လာေရာက္ကုသမႈ ခံယူေနတဲ့ လူနာေတြအတြက္ေတာ့ လုံေလာက္ေနပါတယ္။ ေသြးလႉခ်င္ေနတဲ့ ေသြးလႉရွင္ေတြ ပိုမိုလႉဒါန္းႏိုင္ေစဖို႔ရယ္၊ အမ်ိဳးသားေသြးလႉဌာနမွာလည္း လစဥ္ လိုအပ္ေနတဲ့ ေသြးလိုအပ္မႈအတြက္ အေထာက္အပံ့ျဖစ္ေစဖို႔ရယ္ ဆိုၿပီး ခုလို စုေပါင္းေသြးလႉဒါန္းပြဲကို လုပ္ေပးရတာပါ”' လို႔ ​ေျပာပါတယ္။

အဲဒီစုေပါင္းေသြးလႉဒါန္းပြဲမွာ သထုံခ႐ိုင္အတြင္းက လူမႈေရးအဖြဲ႕ေတြ၊ ေသြးလႉရွင္အဖြဲ႕ေတြ၊ တိုင္းရင္းသားအဖြဲ႕ေတြနဲ႔ ဘာသာေရးအဖြဲ႕ ၅၀ ေက်ာ္က လူဦးေရ ၁၂၀၀ ေလာက္ လာေရာက္ေသြးလႉခဲ့​ၾကၿပီး ေသြးပုလင္းေပါင္း ၅၄၁ လုံး ရရွိခဲ့​ပါတယ္။

သတင္း - ယူမင္းစိုး၊ ဓာတ္ပုံ - လုလင္ပ်ိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013