DVB Logo
Home
မြန်မာသတင်း
အငူမော် အေးရှားဝေါကုမ္ပဏီ ဇက်ဆိပ်ကမ်း မိုင်းခွဲခံရ
DVB
·
September 22, 2019
အငူမော် အေးရှားဝေါကုမ္ပဏီ ဇက်ဆိပ်ကမ်း မိုင်းခွဲခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အငူမော် အေးရှားဝေါ ဇက်ဆိပ်ကမ်းအနီး ပုံမှန် ဇက်အတက်အဆင်း လုပ်နေတဲ့နေရာမှာ စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်က မိုင်းဖောက်ခွဲခံခဲ့ရတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းဦးစီ­း ဗိုလ်မှူးကြီးဝင်းဇော်ဦးက အတည်ပြုပြောကြားပါတယ်။

“ပုံမှန်ဇက်အတက်အဆင်း လုပ်နေတဲ့ နေရာကို မိုင်းတလုံးလာခွဲတာဗျ၊ ဒါပဲရှိတယ်၊ ဘာရွာသားမှ ကျတာမရှိဘူး။”

အမည်မဖော်လိုတဲ့ အေးရှားဝေါကုမ္ပဏီ လုပ်သားတဦးက “ပထမဆုံး မိုင်းပေါက်ကွဲတာပါ၊ အေးရှားဝေါဆိပ်ကမ်းမှာပါ၊ ပေါက်ပြီးတာနဲ့ ဆိပ်ကမ်းမှာ ရပ်နေတဲ့ ဇက်ကလည်း လက်နက်ကြီး ပစ်တယ်၊ ကုန်းပေါ်ကလည်း လက်နက်ကြီးနဲ့ ဝိုင်းပစ်ကြပါတယ်၊ မြစ်ပြင်မှာရှိတဲ့ ရေတပ်သင်္ဘောကလည်း အမြောက်နဲ့ ၂ ချက် ပစ်တယ်၊ ဘယ်သူ့ကို ပစ်တာလဲတော့ မသိတော့ဘူး၊ ပစ်သံတွေ ဆူညံနေတာပါပဲ။ ပစ်ခတ်သံတွေ နာရီဝက်လောက် ကြားနေရပါတယ်၊ ရွာဘက်ကိုတော့ မပစ်ပါဘူး၊ ပစ်ခတ်မှုတွေအပြီး နောက်ဆုံးမှာမှ ပိုက်ဆိပ်က တဦးကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူမှာ အငူမော်ကျေးရွာမှ ဦးကျော်ဝင်း (၅၅-နှစ်) ဖြစ်ပြီး အလောင်းကို ညနေ မိုးချုပ်ခါနီးမှသာ သယ်ယူနိုင်ခဲ့တယ်လို့ သေဆုံးသွားသူရဲ့ ညီဖြစ်သူက ပြောပါတယ်။

"ကျနော်တို့အစ်ကိုကြီးက ဖရဲသီးနှံစိုက်ခင်းကို မြေဆီ သွားကြဲတာပါ။ သွားကြဲတဲ့အချိန်မှာ ကျည်ထိမှန်ခဲ့တာပါ။ အလောင်းကိုလည်း မနေ့က ညနေမှ သွားသယ်လာရပါတယ်။ ဒီနေ့မနက်မှာ ရသေ့တောင်ဆေးရုံကို ရင်ခွဲစစ်ဆေးဖို့ ယူဆောင်သွားပါတယ်” လို့ ပြောကြားပါတယ်။

မနေ့က အငူမော်ဈေးဆိုင်တွေ အားလုံးပိတ်ထားပြီး ရွာသူ ရွာသားများ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးခဲ့ကြပေမယ့် ဒီနေ့မနက်ပိုင်းမှာတော့ စစ်တွေကို သွားလာသူတွေနဲ့ ကုန်တင်ကားတွေလည်း ဇက်သင်္ဘောမှာ ပြန်လည်သွားလာနေကြပြီလို့ သိရပါတယ်။

အငူမော်အနီး ကျေးရွာတွေဖြစ်တဲ့ အငူမော်၊ မကျည်းချောင်၊ အငူမော်ကန်တန်း စတဲ့ သုံးရွာမှာ အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၁၀၀၀ လောက် နေထိုင်ကြတယ်လို့ သိရပါတယ်။

~~~~~~~~~~~~

Zawgyi_version

အငူေမာ္ ေအးရွားေဝါကုမၸဏီ ဇက္ဆိပ္ကမ္း မိုင္းခြဲခံရ

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ မယူကမ္း၊ အငူေမာ္ ေအးရွားေဝါ ဇက္ဆိပ္ကမ္းအနီး ပုံမွန္ ဇက္အတက္အဆင္း လုပ္ေနတဲ့ေနရာမွာ စက္တင္ဘာ ၂၁ ရက္ေန႔ မနက္ ၁၀ နာရီေလာက္က မိုင္းေဖာက္ခြဲခံခဲ့ရတယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာခ်ဳပ္တိုင္းဦးစီ­း ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက အတည္ျပဳေျပာၾကားပါတယ္။

“ပုံမွန္ဇက္အတက္အဆင္း လုပ္ေနတဲ့ ေနရာကို မိုင္းတလုံးလာခြဲတာဗ်၊ ဒါပဲရွိတယ္၊ ဘာ႐ြာသားမွ က်တာမရွိဘူး။”

အမည္မေဖာ္လိုတဲ့ ေအးရွားေဝါကုမၸဏီ လုပ္သားတဦးက “ပထမဆုံး မိုင္းေပါက္ကြဲတာပါ၊ ေအးရွားေဝါဆိပ္ကမ္းမွာပါ၊ ေပါက္ၿပီးတာနဲ႔ ဆိပ္ကမ္းမွာ ရပ္ေနတဲ့ ဇက္ကလည္း လက္နက္ႀကီး ပစ္တယ္၊ ကုန္းေပၚကလည္း လက္နက္ႀကီးနဲ႔ ဝိုင္းပစ္ၾကပါတယ္၊ ျမစ္ျပင္မွာရွိတဲ့ ေရတပ္သေဘၤာကလည္း အေျမာက္နဲ႔ ၂ ခ်က္ ပစ္တယ္၊ ဘယ္သူ႔ကို ပစ္တာလဲေတာ့ မသိေတာ့ဘူး၊ ပစ္သံေတြ ဆူညံေနတာပါပဲ။ ပစ္ခတ္သံေတြ နာရီဝက္ေလာက္ ၾကားေနရပါတယ္၊ ႐ြာဘက္ကိုေတာ့ မပစ္ပါဘူး၊ ပစ္ခတ္မႈေတြအၿပီး ေနာက္ဆုံးမွာမွ ပိုက္ဆိပ္က တဦးက်ည္ထိမွန္ၿပီး ေသဆုံးသြားတယ္လို႔ သိရပါတယ္” လို႔ ေျပာပါတယ္။

ေသဆုံးသြားသူမွာ အငူေမာ္ေက်း႐ြာမွ ဦးေက်ာ္ဝင္း (၅၅-ႏွစ္) ျဖစ္ၿပီး အေလာင္းကို ညေန မိုးခ်ဳပ္ခါနီးမွသာ သယ္ယူႏိုင္ခဲ့တယ္လို႔ ေသဆုံးသြားသူရဲ႕ ညီျဖစ္သူက ေျပာပါတယ္။

"က်ေနာ္တို႔အစ္ကိုႀကီးက ဖရဲသီးႏွံစိုက္ခင္းကို ေျမဆီ သြားႀကဲတာပါ။ သြားႀကဲတဲ့အခ်ိန္မွာ က်ည္ထိမွန္ခဲ့တာပါ။ အေလာင္းကိုလည္း မေန႔က ညေနမွ သြားသယ္လာရပါတယ္။ ဒီေန႔မနက္မွာ ရေသ့ေတာင္ေဆး႐ုံကို ရင္ခြဲစစ္ေဆးဖို႔ ယူေဆာင္သြားပါတယ္” လို႔ ေျပာၾကားပါတယ္။

မေန႔က အငူေမာ္ေဈးဆိုင္ေတြ အားလုံးပိတ္ထားၿပီး ႐ြာသူ ႐ြာသားမ်ား နီးစပ္ရာ ေက်း႐ြာေတြကို ထြက္ေျပးခဲ့ၾကေပမယ့္ ဒီေန႔မနက္ပိုင္းမွာေတာ့ စစ္ေတြကို သြားလာသူေတြနဲ႔ ကုန္တင္ကားေတြလည္း ဇက္သေဘၤာမွာ ျပန္လည္သြားလာေနၾကၿပီလို႔ သိရပါတယ္။

အငူေမာ္အနီး ေက်း႐ြာေတြျဖစ္တဲ့ အငူေမာ္၊ မက်ည္းေခ်ာင္၊ အငူေမာ္ကန္တန္း စတဲ့ သုံး႐ြာမွာ အိမ္ေထာင္စု ၃၀၀ ေက်ာ္ လူဦးေရ ၁၀၀၀ ေလာက္ ေနထိုင္ၾကတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013