DVB Logo
Home
အာရှဒေသ
တာလီဘန်တွေ ဖျက်ဆီးခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်တွေရဲ့အနာဂတ်
DVB
·
December 28, 2012
တာလီဘန်တွေ ဖျက်ဆီးခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်တွေရဲ့အနာဂတ်
1 / 3
Donate to DVB

သဲကျောက်တောင်ရဲ့ တောင်ကမ်းပါးယံကို မျှော်ကြည့်လိုက်ရင် ဟောင်းလောင်းပွင့်နေတဲ့ အပေါက်တွေကိုပဲ မြင်ရပါတော့မယ်။ အရင်တုန်းကတော့ ဟောင်းလောင်းပေါက်တွေနေရာမှာ ဗုဒ္ဓရုပ်တုတွေ ရှိခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက တာလီဘန်တွေ လက်ချက်နဲ့ ပျက်စီးသွားပါတယ်။

၆ ရာစုတုန်းက အာဖဂန်နစ္စတန်ဟာ ဗုဒ္ဓသာသာရဲ့ဗဟိုချက် ဖြစ်ခဲ့တဲ့ အချိန်တုန်းက ဗုဒ္ဓရုပ်ပွားတော်တွေကို ထုလုပ်ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးခဲ့တဲ့ အကြောင်း ဘာမီယန်ခရိုင်ထဲက သမိုင်းစာရေးဆရာ အလီပယန်းက ပြန်ပြောပါတယ်၊၊

"တာလီဘန်တွေက ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးပြီးတော့ သူတို့ရဲ့အစွမ်းအစကို ထုတ်ပြချင်တာလေ။ အထူးသဖြင့် ဟောဒီ ဘာမီယန် ခရိုင်ထဲမှာပေါ့။"

အဲဒီတုန်းက အကျဉ်းသားတယောက်ဖြစ်နေခဲ့တဲ့ မာဇ ဟူစိန်အမာဒီလည်း ဗုဒ္ဓရုပ်ထုကို ဖျက်ဆီးတဲ့အဖွဲ့ထဲမှာ ပါခဲ့ပါတယ်။ တာလီဘန်တွေဟာ ဘုရားကို ဖျက်ဆီးဖို့ ကြီးမားတဲ့ လက်နက်တွေသုံးခဲ့တဲ့အထဲမှာ တင့်ကားတွေတောင်ပါခဲ့တယ်လို့ သူက ပြောပါတယ်။

"ကျနော်တို့လိုမျိုး စစ်အတွင်းမှာ ထောင်ချခံရတဲ့ အကျဉ်းသားတွေအားလုံးကိုလည်း ဘုရားကို ဖောက်ခိုင်းတယ်။ ပြီးတော့ ဖောက်ခွဲရေးပစ္စည်းတွေကို ထည့်ခိုင်းတယ်။ ဘုရားရုပ်တုတွေကို အပေါက်တွေဖောက်ပြီးတော့ ဗုံးတွေထည့်ရတယ်။"

အကြီးဆုံးရုပ်တုကို ဖျက်ဆီးဖို့အတွက် အပေါက်ဖောက်တာနဲ့ ဗုံးခွဲရတာ ၂၅ ရက် ကြာခဲ့တယ်လို့ သူက ပြောပြပါတယ်။

ဒီလိုနဲ့ ၂၀၀၃ ခုနှစ်မှာ တာလီဘန်တွေရဲ့ခေတ် ကျဆုံးသွားတဲ့အခါ တာလီဘန်တွေ ဖျက်ဆီးလိုက်တဲ့ ဗုဒ္ဓရုပ်ထုတွေကို ပြန်လည်ထုလုပ်ဖို့ ဖြစ်နိုင်ချေ ရှိ၊ မရှိကို သမိုင်းပညာရှင်တွေနဲ့ ဗိသုကာ ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။၊

နောက် ၁ နှစ်ကြာတဲ့အခါမှာတော့ အာဖဂန်အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းတွေ ယူနက်စကိုရဲ့အကူအညီ၊ ဂျပန်နဲ့ ဂျာမနီတို့ရဲ့ ငွေကြေးအထောက်အပံ့နဲ့ ပြန်စခဲ့ပါတယ်။

ဒါပေမယ့် စီမံကိန်းက သိပ်မကြာလိုက်ပါဘူး၊၊ အဲဒီနှစ်က အာဖဂန်နစ္စတန်ရဲ့ ဆောင်းတွင်းရှည်ကြီးက ၇ လတောင် ကြာပြီး အလုပ်သမားတွေအတွက် အေးလွန်းလို့ လုပ်ငန်းတွေ ရပ်နားခဲ့ရပါတယ်၊၊

အသက် ၃၅ နှစ်အရွယ် မူရတ် အလီကတော့ ဘုရားပျက်တွေကို လာကြည့်ကြတဲ့ လူတွေကို လမ်းပြပေးနေသူပါ။ ဘုရားကို ပြန်လည်မွမ်းမံဖို့ ကြိုးစားခဲ့ပေမယ့် လက်တွေ့မှာ မအောင်မြင်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

"ပျက်စီးသွားတဲ့ ဘုရားရုပ်တုတွေက ဘာမှ ထူးခြားမလာပါဘူး။ နေ့တိုင် ကျနော်တို့ တွေ့တာကတော့ အကြီးဆုံး ဘုရားရုပ်တုကြီးတွေ ရှိခဲ့တဲ့နေရာကနေ ကျောက်တုံးကြီးတွေ လိမ့် လိမ့်ကျနေတာတွေပါပဲ။"

"အကယ်၍ ဘယ်သူမှ အလေးမထားကြဘူးဆိုရင် ကြာရင် ကျန်တာတွေပါ ပျက်စီးသွားလိမ့်မယ်။

မနှစ်တုန်းက ယူနက်စကိုက ရုပ်တု ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ပြီး၊ စီမံကိန်းတခုလုံးကို အာဖဂန်အစိုးရလက်ကို အပ်လိုက်ပါတယ်။ အာဖဂန်အစိုးရကလည်း ငွေကြေးအကူအညီမရဘဲနဲ့ ရုပ်တု ပြန်တည်ဆောက်ဖို့ကိစ္စကို စိတ်မပါချင်သလို ဖြစ်နေပါတယ်။

ဒီလိုနဲ့ အခုတော့ အဲဒီ ဘုရားတောင်ကုန်းဟာ တာလီဘန်တွေရဲ့ အကြမ်းဖက်မှုပြယုဂ် တခုအနေနဲ့ပဲ မြင်တွေ့ရပါတော့တယ်၊၊

ဂျာမန်အဖွဲ့တဖွဲ့က ဘုရားရုပ်တုတွေကို ပြန်ထုဖို့ကိစ္စကို ဆောင်ရွက်နေတာရှိပေမယ့် လောလောဆယ်မှာတော့ ဘုရားကုန်းပေါ်က ကြွင်းကျန်သေးနေတဲ့ အကျိုးအပဲ့တွေကို ပျက်စီးမသွားရအောင် အကောင်းဆုံးထိန်းသိမ်းတာလောက်ပဲ သူတို့ ဆောင်ရွက်နိုင်ပါတယ်။

တချို့အစိတ်အပိုင်းတွေက တန် ၄၀ လောက်အထိ အချိန်စီးပါတယ်၊၊ ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေကို မပျက်စီးသွားအောင် အကောင်းဆုံး အကာအကွယ်တွေနဲ့ ထိန်းသိမ်းထားပါတယ်။

ဗိသုကာကျောင်းသား အဆာဒူလာ ဟူစိန်နီကတော့ ဗုဒ္ဓရုပ်တုတွေ ပြန်ထုဖို့ ကိစ္စက ဖြစ်နိုင်တယ်လို့ ယူဆပါတယ်၊၊

"ကျနော်တို့ နောက်လုပ်မယ့် အလုပ်က ဗုဒ္ဓရုပ်တုတွေကို ပြန်ထုပြီးတော့ တာလီဘန်တွေကို အလုပ်နဲ့ စိန်ခေါ်ဖို့စိတ်ကူးထားပါတယ်။"

အရင်တုန်းက ဗုဒ္ဓရုပ်ပွားတော်တွေကို အကြောင်းပြုလို့ ကမ္ဘာလှည့်ခရီးသွားတွေ လာလည်ခဲ့လို့ ၀င်ငွေလည်း ရခဲ့တဲ့ ဒေသခံတော်တော်များများကလည်း ရုပ်တုတွေကို ပြန်ဆောက်ဖို့ ကိစ္စကို ထောက်ခံကြပါတယ်။

အသက် ၂၅ နှစ်အရွယ် နာဆာ အမက် ဘီဇက်ကတော့ ဘုရားကုန်းအနီးက ရွာမှာနေတဲ့ တက္ကသိုလ်ကျောင်းသားတယောက်ပါ။ ဘုရားရုပ်ထုတွေကို ပြန်ပြီး မွမ်းမံသင့်တဲ့ အကြောင်းတွေ ရှိတယ်လို့ သူက ယုံကြည်ပါတယ်။

"ကမ္ဘာလှည့်ခရီးသွားတွေ ဘုရားကုန်းကို လာလည်ရင် ပိုက်ဆံရမယ်၊ ဒေသခံတွေလည်း အကျိုးရှိမယ်။ တိုးရစ်တွေက ဒေသခံတွေဆီကနေ အစားအသောက်တွေနဲ့ တခြား ၀ယ်ကြမယ်၊ ဟိုတယ်မှာနေမယ်။

"ကျနော်တို့ရဲ့ ယဉ်ကျေးမှုကိုလည်း သူတို့ကို ပြလို့ ရတာပေါ့။"

ဒါပေမယ့် အာဖဂန်နိုင်ငံသားတိုင်းက ဗုဒ္ဓရုပ်တုတွေ ပြန်ထုမယ့် ကိစ္စကို လူတိုင်း သဘောတူကြတာ မဟုတ်ပါဘူး။ ဗုဒ္ဓရုပ်တုတွေကို ဖျက်ဆီးတဲ့ ကိစ္စကို မွတ်စလင်ဘာသာရေးဆရာတွေ သဘောမတူတာမျိုး ဖြစ်နိုင်ပေမယ့် အခုလိုမျိုး ဗုဒ္ဓရုပ်တုတွေကို ပြန်ထုမယ်ဆိုတဲ့ ကိစ္စကိုတော့ သူတို့က လက်မခံကြပါဘူး၊၊

အဲသလို လူတွေထဲမှာ အကျဉ်းသားဟောင်း ဟူစိန် အာမက် အမာဒီလည်း ပါဝင်ပါတယ်၊၊ "အစ္စလာမ် လူ့အဖွဲ့အစည်းမှာ ရုပ်တုကိုးကွယ်တာကို ဘာသာရေးအရ လက်မခံပါဘူး။ အထူးသဖြင့် အာဖဂန်နစ္စတန်လိုမျိုး အသိပညာရေချိန်နိမ့်တဲ့ နိုင်ငံမျိုးအတွက်ဆိုရင် ပိုဆိုးပါတယ်။"

"တချို့လူတွေက  ရုပ်ထုကိုပဲ တကယ့်ဘုရားအမှတ်နဲ့ ရှိခိုးနေကြရင် ခက်မယ်လေ။"

(Ghayor Waziri, Bamiyan ရဲ့ Resurrecting Afghanistan’s Giant Buddhas ဆောင်းပါးကို ဘာသာပြန်ပါသည်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013