DVB Logo
Home
Lead Story
မပေါ့ဆသင့်တဲ့ဦးနှောက်တွင်းသွေးယိုခြင်း Inter cerebral hemorrahge
DVB
·
September 21, 2019
မပေါ့ဆသင့်တဲ့ဦးနှောက်တွင်းသွေးယိုခြင်း Inter cerebral hemorrahge
Donate to DVB

ထိခိုက်ဒဏ်ရာ တစ်ခုခုရသွားလို့ ခေါင်းထိမိတာ၊ ဆိုင်ကယ်မှောက်တဲ့အချိန် ခေါင်းထိမိသွားတာ၊ စတဲ့ ခေါင်းထိမိသွားတဲ့ ပြဿနာတွေဟာ လုံးဝကို ပေ့ါဆလို့မရတဲ့ အရာတစ်ခုပါ။ အခြားနေရာတွေ ထိခိုက်မိသွားလို့ သွေးထွက်ရင် စိုးရိမ်တကြီး ကြောက်လန့်တကြားဖြစ်နေတတ်ပေမယ့် မမြင်ရတဲ့ခေါင်းထဲ သွေးယိုတဲ့ပြဿနာကို လူတွေက အမှုမဲ့ အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။

ခေါင်းထဲ သွေးထွက်နေတာ မမြင်ရတာကတစ်ကြောင်း၊ ခေါင်းမူးပေမယ့် ထိခိုက်ဒဏ်ရာဖြစ်ထားတော့ ခေါင်းမူးတာလောက်သာထင်မိတာကတစ်ကြောင်းနဲ့ ဦးနှောက်တွင်းသွေးယိုတဲ့ ပြဿနာကို လွတ်သွားတတ်ကြပါတယ်။ အဲဒီမှာ စတွေ့တာပါပဲ။ ဦးနှောက်တွင်းယိုနေတဲ့သွေးတွေကို အချိန်မှီမသိ ကုသမှု မလုပ်လိုက်ဘူဆိုရင်သွေးတွေက ဦးနှောက်ဆဲလ်လေးတွေကို သွားပိပြီး နောက်ဆုံး ဦးနှောက်တွင်းဖိအားတက်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန် သွားတတ်ပါတယ်။

ဒီလို ဦးနှောက်တွင်းသွေးယိုခြင်း အဖြစ်အများဆုံး နေရာတွေကတော့

  • Basal ganglia
  • Cerebellum
  • Brain stem
  • Cortex စတဲ့ ဦးနှောက်အစိတ်အပိုင်းတွေမှာ ဦးနှောက်အတွင်းပိုင်းသွေးယိုတဲ့ ပြဿနာ အများဆုံးဖြစ်ပါတယ်။

ဘယ်သူတွေမှာ ဒီလို ဦးနှောက်သွေးယိုတဲ့ ပြဿနာဖြစ်နိုင်ချေများလဲ။

လူမရွေး အသက်အရွယ်မရွေး အကုန်ဖြစ်နိုင်ပြီး

  • သွေးတိုး ရောဂါရှိတဲ့သူတွေ – အရမ်းတက်လာတဲ့သွေးပေါင်ချိန် ကြောင့် သွေးကြောတွေပေါက်ပြီး ဦးနှောက်တွင်ေးသွးယိုတာ အဖြစ်အများဆုံးပါ။
  • လူငယ်တွေနဲ့ သွေးတိုးမရှိတဲ့သူတွေမှာဆို ဦးနှောက်တွင်းသွေးကြောတွေ ပုံမှန်မဟုတ်တာကြောင့် သွေးယိုတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ အခြားဖြစ်နိုင်တာတွေကတော့
  • ဦးခေါင်းထိခိုက်ဒဏ်ရာရတာ
  • ဦးနှောက်ကင်ဆာဖြစ်နေတာ
  • သွေးကျဲဆေးတွေ စွဲသောက်ချိန် ကြာသွားတာ
  • ဦးနှောက်တွင်းနဂိုတည်းက ဖောင်းနေတဲ့ သွေးကြောပေါက်သွားတာ
  • သွေးခြဲခင်းဆိုင်ရာ ကိစ္စတွေမှာ ပြဿနာရှိနေတာ နဲ့
  • မူးယစ်ဆေး အလွန်အကျွံသုံးစွဲတဲ့သူတွေက ဦးနှောက်တွင်းသွေးယိုဖို့ အလားအလာအများဆုံး ရှိတဲ့သူတွေပါ။

လက္ခဏာတွေကတော့

  • ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်တာ
  • စကားပြောတဲ့နေရာမှာ လေးလေးကြီးဖြစ်နေတာ
  • အာရုံတွေထွေပြားနေတာ
  • မူးနောက်နောက်ဖြစ်နေတာ
  • လက်တွေ ခြေထောက်တွေ တစ်နေရာတည်းထုံကျင် ကိုက်ခဲနေတာ
  • မပျို့ဘဲ ထိုးအန်တာ
  • သတိလစ်သွားတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေရှိပြီဆိုတာနဲ့ ဆေးကုသမှု ချက်ချင်းခံယူဖို့လိုအပ်နေပါပြီ။

ကိုယ့်ဦးနှောက်မှာ သွေးယိုနေကြောင်း ဘယ်လိုသိနိုင်မှာလဲ။

  • CT စကင်ရိုက်မယ် – ဦးနှောက်ဘယ်နေရာမှာ သွေးယိုနေတာလဲနဲ့ ဘယ်လောက်များလဲ ဆိုတာကို အဖြေအပေးနိုင်ဆုံးဖြစ်ပါတယ်။
  • MRI – သံလိုက်စက်ကွင်းပုံရိပ်ဖော် နည်းပညာသုံးပြီး ဘယ်နေရာမှာ သွေးယိုနေတာလဲ သိရအောင်လုပ်မယ်
  • လူနာရဲ့ သွေးကြောတွေ ပုံမှန်ဟုတ်မဟုတ်စစ်ဆေးဖို့အတွက် angiogram ခေါ် သွေးကြောထဲဆေးရည်ထိုးသွင်းပြီး စစ်ဆေးမယ်
  • နောက်ပြီး သွေးဆဲလ်တွေက ပုံမှန်ဖြစ်နေလား  ။ သွေးကျဲနေလားသိရအောင် သွေးစစ်တာမျိုးတွေလုပ်မယ်။

ကုသမှု အနေနဲ့ကတော့

နှစ်မျိုးခွဲထားလို့ရပါတယ်။ ချက်ချင်းကုသမှုနဲ့ နောက်ပိုင်း ရေရှည်ကုသမှုတို့ပဲ ဖြစ်ပါတယ်။

ချက်ချင်း ကုသမှုတွေထဲမှာတော့

  • ထွက်နေတဲ့သွေးတွေကို ပြန်ထိန်းမယ်၊
  • တက်နေတဲ့ဦးနှောက်တွင်းဖိအားကို ချမယ်
  • ထွက်နေတဲ့သွေးတွေကို စုပ်ထုတ်တာ၊
  • ခဲသွားတဲ့သွေးတွေကို ဖယ်ထုတ်တာမျိုးလုပ်ဖို့အတွက် ခွဲစိတ်မှုတွေ လိုအပ်ပါလိမ့်မယ်။

ရေရှည်ကုသမှု အပိုင်းမှာတော့

  • သွေးတိုးကြောင့် သွေးယိုတာမျိုး ထပ်မဖြစ်ရလေအောင် သွေးတိုးကိုထိန်းမယ်
  • ဦးနှောက်ရဲ့ ထိသွားတဲ့ အပိုင်းတွေအတွက် အချိန်ယူပြီး ကုသမယ်
  • ခြေလက်အားနည်းသလိုဖြစ်သွားရင် သန်စွမ်းအောင် လေ့ကျင့်ခန်းတွေပြန်လုပ်တာမျိုး
  • စကားပြောရတာလေးသွားရင် ပြန်ပြီးလေ့ကျင့်တာမျိုးတွေလုပ်ပြီး ရေရှည်ကုသမှု လုပ်ရမှာပါ ။ ။

ဒီလို ဦးနှောက်တွင်းသွေးယိုတဲ့ ပြဿနာဟာ ချက်ချင်းကုသမှု မခံယူရင် နောက်ပိုင် းအသက်ဆုံးရှုံးသွားနိုင်တာကြောင့် ဦးခေါင်းနဲ့ပက်သက်တဲ့ထိခိုက်မှု တစ်ခုခုရခဲ့ရင် လုံးဝကို ပေါ့ဆလို့ မရဘူးနော် ။ ။

ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version

မေပါ့ဆသင့္တဲ့ဦးေႏွာက္တြင္းေသြးယိုျခင္း Inter cerebral hemorrahge

ထိခိုက္ဒဏ္ရာ တစ္ခုခုရသြားလို႕ ေခါင္းထိမိတာ၊ ဆုိင္ကယ္ေမွာက္တဲ့အခ်ိန္ ေခါင္းထိမိသြားတာ၊ စတဲ့ ေခါင္းထိမိသြားတဲ့ ျပႆနာေတြဟာ လံဳးဝကို ေပ့ါဆလို႕မရတဲ့ အရာတစ္ခုပါ။ အျခားေနရာေတြ ထိခိုက္မိသြားလို႕ ေသြးထြက္ရင္ စိုးရိမ္တၾကီး ေၾကာက္လန္႕တၾကားျဖစ္ေနတတ္ေပမယ့္ မျမင္ရတဲ ့ေခါင္းထဲ ေသြးယိုတဲ့ျပႆနာကို လူေတြက အမႈမဲ့ အမွတ္မဲ့ျဖစ္ေနတတ္ၾကပါတယ္။ ေခါင္းထဲ ေသြးထြက္ေနတာ မျမင္ရတာကတစ္ေၾကာင္း၊ ေခါင္းမူးေပမယ့္ ထိခိုက္ဒဏ္ရာျဖစ္ထားေတာ့ ေခါင္းမူးတာေလာက္သာထင္မိတာကတစ္ေၾကာင္းနဲ႔ ဦးေႏွာက္တြင္းေသြးယိုတဲ့ ျပႆနာကို လြတ္သြားတတ္ၾကပါတယ္။ အဲဒီမွာ စေတြ႕တာပါပဲ။ ဦးေႏွာက္တြင္းယိုေနတဲ့ေသြးေတြကို အခ်ိန္မွီမသိ ကုသမႈ မလုပ္လိုက္ဘူဆိုရင္ေသြးေတြက ဦးေႏွာက္ဆဲလ္ေလးေတြကို သြားပိျပီး ေနာက္ဆံုး ဦးေႏွာက္တြင္းဖိအားတက္ျပီး အသက္ေသဆံုးတဲ့အထိ ျပင္းထန္ သြားတတ္ပါတယ္။

ဒီလို ဦးေႏွာက္တြင္းေသြးယိုျခင္း အျဖစ္အမ်ားဆံုး ေနရာေတြကေတာ့

  • Basal ganglia
  • Cerebellum
  • Brain stem
  • Cortex စတဲ့ ဦးေႏွာက္အစိတ္အပိုင္းေတြမွာ ဦးေႏွာက္အတြင္းပိုင္းေသြးယိုတဲ့ ျပႆနာ အမ်ားဆံုးျဖစ္ပါတယ္။

ဘယ္သူေတြမွာ ဒီလို ဦးေႏွာက္ေသြးယိုတဲ့ ျပႆနာျဖစ္ႏုိင္ေခ်မ်ားလဲ။

လူမေရြး အသက္အရြယ္မေရြး အကုန္ျဖစ္ႏုိင္ျပီး
  • ေသြးတိုး ေရာဂါရွိတဲ့သူေတြ – အရမ္းတက္လာတဲ ့ေသြးေပါင္ခ်ိန္ ေၾကာင့္ ေသြးေၾကာေတြေပါက္ျပီး ဦးေႏွာက္တြင္ေးသြးယုိတာ အျဖစ္အမ်ားဆံုးပါ။
  • လူငယ္ေတြနဲ႔ ေသြးတိုးမရွိတဲ့သူေတြမွာဆို ဦးေႏွာက္တြင္းေသြးေၾကာေတြ ပံုမွန္မဟုတ္တာေၾကာင့္ ေသြးယိုတဲ့ ျပႆနာျဖစ္ႏုိ္င္ပါတယ္။ အျခားျဖစ္ႏုိ္င္တာေတြကေတာ့
  • ဦးေခါင္းထိခို္က္ဒဏ္ရာရတာ
  • ဦးေႏွာက္ကင္ဆာျဖစ္ေနတာ
  • ေသြးက်ဲေဆးေတြ စြဲေသာက္ခ်ိန္ ၾကာသြားတာ
  • ဦးေႏွာက္တြင္းနဂိုတည္းက ေဖာင္းေနတဲ့ ေသြးေၾကာေပါက္သြားတာ
  • ေသြးခဲျခင္းဆိုင္ရာ ကိစၥေတြမွာ ျပႆနာရွိေနတာ နဲ႔
  • မူးယစ္ေဆး အလြန္အကၽြံသံုးစြဲတဲ့သူေတြက ဦးေႏွာက္တြင္းေသြးယိုဖို႕ အလားအလာအမ်ားဆံုး ရွိတဲ့သူေတြပါ။

လကၡဏာေတြကေတာ့

  • ရုတ္တရက္ ျပင္းထန္စြာ ေခါင္းကိုက္တာ
  • စကားေျပာတဲ့ေနရာမွာ ေလးေလးၾကီးျဖစ္ေနတာ
  • အာရံုေတြေထြျပားေနတာ
  • မူးေနာက္ေနာက္ျဖစ္ေနတာ
  • လက္ေတြ ေျခေထာက္ေတြ တစ္ေနရာတည္းထံုက်င္ ကိုက္ခဲေနတာ
  • မပ်ိဳ႕ဘဲ ထိုးအန္တာ
  • သတိလစ္သြားတဲ့ျပႆနာေတြ ျဖစ္ႏုိ္င္ပါတယ္။ ဒီလို လကၡဏာေတြရွိျပီဆိုတာနဲ႔ ေဆးကုသမႈ ခ်က္ခ်င္းခံယူဖို႕လိုအပ္ေနပါျပီ။

ကိုယ့္ဦးေႏွာက္မွာ ေသြးယိုေနေၾကာင္း ဘယ္လိုသိႏို္င္မွာလဲ။

  • CT စကင္ရိုက္မယ္ – ဦးေနွာက္ဘယ္ေနရာမွာ ေသြးယိုေနတာလဲနဲ႔ ဘယ္ေလာက္မ်ားလဲ ဆိုတာကို အေျဖအေပးႏုိ္င္ဆံုးျဖစ္ပါတယ္။
  • MRI – သံလိုက္စက္ကြင္းပံုရိပ္ေဖာ္ နည္းပညာသံုးျပီး ဘယ္ေနရာမွာ ေသြးယိုေနတာလဲ သိရေအာင္လုပ္မယ္
  • လူနာရဲ႕ ေသြးေၾကာေတြ ပံုမွန္ဟုတ္မဟုတ္စစ္ေဆးဖုိ႕အတြက္ angiogram ေခၚ ေသြးေၾကာထဲေဆးရည္ထိုးသြင္းျပီး စစ္ေဆးမယ္
  • ေနာက္ျပီး ေသြးဆဲလ္ေတြက ပံုမွန္ျဖစ္ေနလား  ။ ေသြးက်ဲေနလားသိရေအာင္ ေသြးစစ္တာမ်ိဳးေတြလုပ္မယ္။

ကုသမႈ အေနနဲ႔ကေတာ့

ႏွစ္မ်ိဳးခြဲထားလို႕ရပါတယ္။ ခ်က္ခ်င္းကုသမႈနဲ႔ ေနာက္ပိုင္း ေရရွည္ကုသမႈတို႔ပဲ ျဖစ္ပါတယ္။

ခ်က္ခ်င္း ကုသမႈေတြထဲမွာေတာ့

  • ထြက္ေနတဲ့ေသြးေတြကို ျပန္ထိန္းမယ္၊
  • တက္ေနတဲ ့ဦးေႏွာက္တြင္းဖိအားကို ခ်မယ္
  • ထြက္ေနတဲ့ေသြးေတြကို စုပ္ထုတ္တာ၊
  • ခဲသြားတဲ့ေသြးေတြကို ဖယ္ထုတ္တာမ်ိဳးလုပ္ဖို႕အတြက္ ခြဲစိတ္မႈေတြ လုိအပ္ပါလိမ့္မယ္။

ေရရွည္ကုသမႈ အပိုင္းမွာေတာ့

  • ေသြးတုိးေၾကာင့္ ေသြးယိုတာမ်ိဳး ထပ္မျဖစ္ရေလေအာင္ ေသြးတိုးကိုထိန္းမယ္
  • ဦးေႏွာက္ရဲ႕ ထိသြားတဲ့ အပိုင္းေတြအတြက္ အခ်ိန္ယူျပီး ကုသမယ္
  • ေျခလက္အားနည္းသလိုျဖစ္သြားရင္ သန္စြမ္းေအာင္ ေလ့က်င့္ခန္းေတြျပန္လုပ္တာမ်ိဳး
  • စကားေျပာရတာေလးသြားရင္ ျပန္ျပီးေလ့က်င့္တာမ်ိဳးေတြလုပ္ျပီး ေရရွည္ကုသမႈ လုပ္ရမွာပါ ။ ။
ဒီလို ဦးေႏွာက္တြင္းေသြးယိုတဲ့ ျပႆနာဟာ ခ်က္ခ်င္းကုသမႈ မခံယူရင္ ေနာက္ပိုင္ းအသက္ဆံုးရံႈးသြားနုိင္တာေၾကာင့္ ဦးေခါင္းနဲ႔ပက္သက္တဲ ့ထိခိုက္မႈ တစ္ခုခုရခဲ့ရင္ လံုးဝကို ေပါ့ဆလို႕ မရဘူးေနာ္ ။ ။ Hello Health Group သည္ ေဆးပညာဆိုင္ရာ အၾကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။
ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013