DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်အကယ်ဒမီ ၀န်ကြီး စွက်ဖက်မည်ဟု မထင်ကြောင်း ရုပ်ရှင်အစည်းအရုံးပြော
DVB
·
December 27, 2012
ရုပ်ရှင်အကယ်ဒမီ ၀န်ကြီး စွက်ဖက်မည်ဟု မထင်ကြောင်း ရုပ်ရှင်အစည်းအရုံးပြော
Donate to DVB

ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်ဟာ ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေးဘုတ် အဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ အနုပညာရှင်တွေစာရင်းကို သူတဦးတည်းသဘောနဲ့ ပယ်ခြင်း၊ ဖြည့်ခြင်း ပြုလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ  သရုပ်ဆောင်လူမင်းက ပြောကြားလိုက်ပါတယ်။

“၀န်ကြီးအသစ်ရဲ့ သဘောထားကတော့ နောက်ဆုံးရွေးချယ်တဲ့ လူစာရင်းဟာ ရွေးချယ်ရေး အဖွဲ့တွေက ရွေးချယ်လူစာရင်းကိုပဲ အတည်ပြုပေးမယ့် သဘောပါ။ နောက်ဆုံးအဆင့်ကျမှ သူပေးချင်တဲ့ သူဖြတ်ချင်တဲ့သူကို ဖြတ်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။”

ဒီနှစ်အကယ်ဒမီပွဲကို ရန်ကုန်မြို့မှာ ပြန်လည်ကျင်းပတာနဲ့ အကယ်ဒမီရွေးချယ်ရေးဘုတ် အဖွဲ့ထဲ ရုပ်ရှင် အနုပညာရှင်တွေ ပါဝင်နေတာဟာလည်း ဒီနှစ်အတွက် ထူးခြားချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၁  ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့  ရန်ကုန်မြို့သုဝဏ္ဏအားကစား ပြိုင်ပွဲရုံ ၁ မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အခုနှစ် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအတွက် ဆန်ကာတင်ရုပ်ရှင်ကား ၅ ကား ကျန်ရှိနေပြီး အဲဒီဇာတ်ကားတွေကတော့ ထာဝရအလင်းတန်း၊ ပန်းကြာဝတ်မှုန်၊ ၀ဋ်ကြွေး၊ ရင်ကွဲနာနဲ့ အမွှေဇယားတို့ ဖြစ်တယ်လို့ အလင်းတန်းဂျာနယ်အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ပြောပါတယ်။

အကယ်ဒမီရဖို့ တစ်ပြေးနေတဲ့ သရုပ်ဆောင်တွေကိုလည်း သူက ခုလို ခန့်မှန်း ပြောကြားလိုက်ပါတယ်။

“အမျိုးသားဇာတ်ဆောင်ကတော့ ပန်းကြာဝတ်မှုန်က နိုင်းနိုင်းနဲ့ ထာဝရအလင်းတန်းများက နောင်နောင် တစ်ပြေးတယ်။ အမျိုးသမီးဇာတ်ဆောင်ကတော့ ၀ဋ်ကြွေးဇာတ်ကားနဲ့ ပန်းကြာဝတ်မှုန် ၂ ကားလုံးမှာပါတဲ့ သက်မွန်မြင့် တစ်ပြေးတယ်။ အမျိုးသားဇာတ်ပို့က ထာဝရအလင်းတန်းမှာပါတဲ့ လူမင်း သို့မဟုတ် မော့စ် တစ်ပြေးတယ်။ အမျိုးသမီးဇာတ်ပို့က ရင်ကွဲနာက ထွန်းအိန္ဒြာဗိုလည်း ဖြစ်နိုင်တယ်။ ချစ်စနိုးဦးလည်း ဖြစ်နိုင်တယ်။ ဒါရိုက်တာကတော့ ထာဝရအလင်းတန်းရိုက်တဲ့ ထွန်းအောင်ဇော် ဒါမှမဟုတ် ပန်းကြာဝတ်မှုန်ရိုက်တဲ့ စင်ရော်မောင်မောင်။ ဇာတ်ညွှန်းဆုကတော့ ပန်းကြာဝတ်မှုန်က နေ၀င်းမြင့်ရမယ်လို့ ထင်တယ်။ တေးဂီတက ထာဝရအလင်းတန်းမှာ ဇော်မျိုးထွဋ်ရှိတယ်။ ပန်းကြာဝတ်မှုန်က ဓိရာမိုရ်ရှိတယ်။”

ရုပ်ရှင်အကယ်ဒမီဆုရွေးချယ်ရေးဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ စာရေးဆရာချစ်ဦးညိုက ဇာတ်ကားတွေကို အဆင့် ၃ ဆင့်နဲ့ ရွေးချယ်တဲ့အကြောင်းနဲ့ ဘုတ်အဖွဲ့က ရွေးချယ်ထားသူ မဟုတ်ဘဲ တမျိုးတမည် ပြောင်းလဲသွားတာမျိုး ရှိခဲ့ဘူးတယ်လို့ ပြောပါတယ်။

“ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ကြည့်တယ်။ ပြီးတော့ တင်လိုက်တယ်.အကောင်းဆုံး ဇာတ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်လမ်း၊ ဂီတက ဘယ်သူဖြစ်တယ်ပေါ့ဗျာ.။ ဒါပေမယ့် ဟိုရောက်ရင် တမျိုးတမည်ပြောင်းလဲသွားတာမျိုးလည်း ရှိခဲ့ပါတယ်။ ဖြစ်သင့်တာကတော့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အကောင်းဆုံးအကယ်ဒမီဆုဆိုတာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ပို့၊ ဇာတ်ညွှန်း ကျွမ်းကျင်သူ အကုန်လုံးပါတဲ့အဖွဲ့ကနေ ဆုံးဖြတ်ပြီးတော့ ပထမ၊ ဒုတိယ၊ တတိယအဆင့်ထိ တင်လိုက်တယ်။ အဲအပေါ်မှာ အစိုးရက၀င်စွက်ဖက်တာ မဟုတ်ဘဲ.အော်စကာလိုပေါ့ဗျာ၊ ပညာရှင်တွေက အဖွဲ့လေးကနေ ဆုံးဖြတ်လိုက်တာက သဘာဝကျပါတယ်။”

ရုပ်ရှင်ထူးချွန်ဆုတွေ ရွေးချယ်ပေးအပ်နေရာမှာ အမျိုးသားသရုပ်ဆောင်၊ အမျိုးသမီးသရုပ်ဆောင်၊ အမျိုးသားဇာတ်ပို့၊ အမျိုးသမီးဇာတ်ပို့၊ ဒါရိုက်တာ၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်း၊ နောက်ခံတေးဂီတနဲ့ အသံပိုင်းဆိုင်ရာဆု စသဖြင့် ဆု ၁၁ မျိုး သတ်မှတ်ပေးအပ် ချီးမြှင့်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013