DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းမှုအလိုက် အသိမှတ်ပြု မှတ်ပုံတင်ကောက်ခံမည့် စီမံကိန်းကို ၈ လကြာ ဆောင်ရွက်
DVB
·
September 21, 2019
မသန်စွမ်းမှုအလိုက် အသိမှတ်ပြု မှတ်ပုံတင်ကောက်ခံမည့် စီမံကိန်းကို ၈ လကြာ ဆောင်ရွက်
Donate to DVB

ပထမဆုံးကြိမ်အဖြစ် မသန်းစွမ်းတွေရဲ့ မသန်စွမ်းမှုအလိုက် အသိအမှတ်ပြု မှတ်ပုံတင်ကောက်ခံတာကိုတော့ ပိုက်လော့ပရောအနေနဲ့ အခုနှစ် စက်တင်ဘာလကနေ ဧပြီလအထိ ၈ လအကြာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

ပိုက်လော့ပရောဂျက်အနေနဲ့ ဆောင်ရွက်မယ့် မသန်စွမ်းတွေရဲ့ မှတ်ပုံတင်ကောက်ခံတာကိုတော့ ကုလသမဂ္ဂကလေးမျာရန်ပုံငွေအဖွဲ့က ပံ့ပိုးကူညီသွားမှာဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးတွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးနဲ့ ခရီးသွားလာရေး စတာတွေမှာ အဆင်ပြေနိုင်ဖို့အတွက် မသန်စွမ်း အသိအမှတ်ပြုမှတ်ပုံတင်ကောက်ခံတာကိုတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်နဲ့ ကရင်ပြည်နယ် ဘားအံမှာ အရင်ဆုံးကောက်ခံသွားမှာပါ။

မြန်မာတနိုင်ငံလုံးမှာတော့ မသန်စွမ်းဦးရေ အယောက် ၂၃ သိန်းရှိပြီး ဧရာဝတီတိုင်းက မသန်စွမ်းဦးရေအများဆုံးနဲ့ ရန်ကုန်တိုင်းကတော့ ဒုတိယအများဆုံးရှိတယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အထွေအထွေအတွင်းရေးမှူးက ပြောပါတယ်။

သူဇာလင်း

===================================

မသန္စြမ္းမႈအလိုက္ အသိမွတ္ျပဳ မွတ္ပုံတင္ေကာက္ခံမည့္ စီမံကိန္းကို ၈ လၾကာ ေဆာင္႐ြက္

DVB

ပထမဆုံးႀကိမ္အျဖစ္ မသန္းစြမ္းေတြရဲ႕ မသန္စြမ္းမႈအလိုက္ အသိအမွတ္ျပဳ မွတ္ပုံတင္ေကာက္ခံတာကိုေတာ့ ပိုက္ေလာ့ပေရာအေနနဲ႔ အခုႏွစ္ စက္တင္ဘာလကေန ဧၿပီလအထိ ၈ လအၾကာ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

ပိုက္ေလာ့ပေရာဂ်က္အေနနဲ႔ ေဆာင္႐ြက္မယ့္ မသန္စြမ္းေတြရဲ႕ မွတ္ပုံတင္ေကာက္ခံတာကိုေတာ့ ကုလသမဂၢကေလးမ်ာရန္ပုံေငြအဖြဲ႕က ပံ့ပိုးကူညီသြားမွာျဖစ္ၿပီး သက္ဆိုင္ရာတိုင္းေဒသႀကီးေတြက လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနရဲ႕ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရးဆိုင္ရာ လုပ္ငန္းေကာ္မတီနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ မသန္စြမ္းအဖြဲ႕အစည္းေတြက ပူးေပါင္းလုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

မသန္စြမ္းသူေတြအတြက္ အလုပ္အကိုင္အခြင့္အလမ်း၊ ပညာေရး၊ က်န္းမာေရးနဲ႔ ခရီးသြားလာေရး စတာေတြမွာ အဆင္ေျပႏိုင္ဖို႔အတြက္ မသန္စြမ္း အသိအမွတ္ျပဳမွတ္ပုံတင္ေကာက္ခံတာကိုေတာ့ ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္၊ ပဲခူးတိုင္း ေညာင္ေလးပင္ၿမိဳ႕နယ္နဲ႔ ကရင္ျပည္နယ္ ဘားအံမွာ အရင္ဆုံးေကာက္ခံသြားမွာပါ။

ျမန္မာတႏိုင္ငံလုံးမွာေတာ့ မသန္စြမ္းဦးေရ အေယာက္ ၂၃ သိန္းရွိၿပီး ဧရာဝတီတိုင္းက မသန္စြမ္းဦးေရအမ်ားဆုံးနဲ႔ ရန္ကုန္တိုင္းကေတာ့ ဒုတိယအမ်ားဆုံးရွိတယ္လို႔ စက္တင္ဘာ ၂၀ ရက္ေန႔က ျမန္မာႏိုင္ငံမသန္စြမ္းအဖြဲ႕ခ်ဳပ္နဲ႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေတြ႕ဆုံပြဲမွာ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားအသင္းခ်ဳပ္ အေထြအေထြအတြင္းေရးမႉးက ေျပာပါတယ္။

သူဇာလင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013