DVB Logo
Home
မြန်မာသတင်း
သေဆုံးသူ ဧည့်လမ်းညွှန်အတွက် နာရေးစရိတ်ထောက်ပံ့
DVB
·
December 27, 2012
သေဆုံးသူ ဧည့်လမ်းညွှန်အတွက် နာရေးစရိတ်ထောက်ပံ့
Donate to DVB

အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆ ထိခိုက်မှုဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ဧည့်လမ်းညွှန် ဒေါ်နွယ်လင်းရှိန်အတွက် နာရေးကူညီ ထောက်ပံ့ငွေ ၂၈ သိန်းကို ကျန်ရစ်သူမိသားစုတွေကို ပေးအပ်လိုက်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_34781" align="alignright" width="300" caption="ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ် ပျက်ကျမှု မြင်ကွင်း Photo: ကိုဖိုးသား (တောင်ကြီး)"][/caption]

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပြီး ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ကျပ်ငွေ ၁၀ သိန်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကျပ်ငွေ ၅ သိန်း၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း(တောင်ကြီးဇုန်) မှ ကျပ်ငွေ ၁၁ သိန်း၊ တောင်ကြီးဒေသဧည့်လမ်းညွှန်အသင်းမှ ကျပ်ငွေ ၂ သိန်း၊ စုစုပေါင်း နာရေးထောက်ပံ့ငွေ ကျပ်ငွေ ၂၈ သိန်းတိတိ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့ခင်းပိုင်းမှာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးဌေးအောင်နဲ့ ပို့ဆောင်ရေးဝန်ကြီးတို့ဟာ နေပြည်တော်ကနေ ဟဲဟိုးကို သွားရောက်ပြီး  ဒဏ်ရာရခရီးသည်တွေကို ကြည့်ရှုအားပေးခဲ့တယ်လို့ ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲပုဂံလေကြောင်းလိုင်းက FOKKER F.100 လေယာဉ်အမှတ် (XY- AGC) ဟာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်ခန့်မှာ စတင်ထွက်ခွာပြီး ဟဲဟိုးလေဆိပ်ကို နံနက် ၈ နာရီ ၅၁ မိနစ်ခန့်မှာ ဆင်းသက်စဉ်မှာ မတော်တဆထိခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လေယာဉ်မတော်တဆဖြစ်စဉ်မှာ ဒေါ်နွယ်လင်းရှိန်အပြင် လမ်းပေါ်မှာရှိနေတဲ့ ရွာသားတဦးလည်း အသက်ဆုံးရှုံးခဲ့ပြီး လေယာဉ်ပေါ်ပါ ကျန်သူတွေအကုန်လုံးကတော့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013