DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းအသိမှတ်ပြု မှတ်ပုံတင်ကောက်ခံမည့် စီမံကိန်းကို ၈ လ ကြာဆောင်ရွက်မည်
DVB
·
September 20, 2019
မသန်စွမ်းအသိမှတ်ပြု မှတ်ပုံတင်ကောက်ခံမည့် စီမံကိန်းကို ၈ လ ကြာဆောင်ရွက်မည်
Donate to DVB

မြန်မာနိုင်ငံမှာ ပထမဆုံးကြိမ်အဖြစ် မသန်စွမ်းသူတွေရဲ့ အသိအမှတ်ပြု မှတ်ပုံတင် ကောက်ခံတာကို အခုနှစ် စက်တင်ဘာလကနေ ဧပြီလအထိ ၈ လကြာ ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

ရှေ့ပြေးစမ်းသပ်စီမံချက်အနေနဲ့ ဆောင်ရွက်မယ့် မသန်စွမ်းတွေရဲ့ မှတ်ပုံတင်ကောက်ခံတဲ့ လုပ်ငန်းကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ပံပိုးကူညီသွားမှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးတွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလန်း၊ ပညာရေး၊ ကျန်းမာရေးနဲ့ ခရီးသွား လာရေးစတာတွေမှာ အဆင်ပြေနိုင်ဖို့အတွက် မသန်စွမ်းအသိအမှတ်ပြုမှတ်ပုံတင်က ကောက်ခံတာ ကိုတော့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ညောင်လေးပင်မြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမှာ အရင်ဆုံး ကောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာတနိုင်ငံလုံးမှာ မသန်စွမ်းဦးရေ ၂၃ သိန်းရှိပြီး ဧရာဝတီတိုင်း ဒေသကြီးက မသန်စွမ်းဦးရေအများဆုံးနဲ့ ရန်ကုန်တိုင်းကတော့ ဒုတိယ အများဆုံးရှိတယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် တွေ့ဆုံပွဲ မှာ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အထွေအထွေအတွင်းရေးမှူးက ပြောပါတယ်။




မသန္စြမ္းအသိမွတ္ျပဳ မွတ္ပုံတင္ေကာက္ခံမည့္ စီမံကိန္းကို ၈ လ ၾကာေဆာင္႐ြက္မည္
သူဇာလင္း
ျမန္မာႏိုင္ငံမွာ ပထမဆုံးႀကိမ္အျဖစ္ မသန္စြမ္းသူေတြရဲ႕ အသိအမွတ္ျပဳ မွတ္ပုံတင္ ေကာက္ခံတာကို အခုႏွစ္ စက္တင္ဘာလကေန ဧၿပီလအထိ ၈ လၾကာ ေဆာင္႐ြက္သြားဖို႔ ရွိေနပါတယ္။

ေရွ႕ေျပးစမ္းသပ္စီမံခ်က္အေနနဲ႔ ေဆာင္႐ြက္မယ့္ မသန္စြမ္းေတြရဲ႕ မွတ္ပုံတင္ေကာက္ခံတဲ့ လုပ္ငန္းကို ကုလသမဂၢကေလးမ်ားရန္ပုံေငြအဖြဲ႕က ပံပိုးကူညီသြားမွာျဖစ္ၿပီး သက္ဆိုင္ရာ တိုင္းေဒသႀကီးေတြက လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနရဲ႕ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရးဆိုင္ရာ လုပ္ငန္းေကာ္မတီနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ မသန္စြမ္းအဖြဲ႕အစည္းေတြက ပူးေပါင္းလုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

မသန္စြမ္းသူေတြအတြက္ အလုပ္အကိုင္အခြင့္အလန္း၊ ပညာေရး၊ က်န္းမာေရးနဲ႔ ခရီးသြား လာေရးစတာေတြမွာ အဆင္ေျပႏိုင္ဖို႔အတြက္ မသန္စြမ္းအသိအမွတ္ျပဳမွတ္ပုံတင္က ေကာက္ခံတာ ကိုေတာ့ ရန္ကုန္တိုင္းေဒသႀကီးမွာရွိတဲ့ လႈိင္သာယာၿမိဳ႕နယ္၊ ပဲခူးတိုင္းေဒသႀကီးမွာရွိတဲ့ ေညာင္ေလးပင္ၿမိဳ႕နယ္နဲ႔ ကရင္ျပည္နယ္၊ ဘားအံမွာ အရင္ဆုံး ေကာက္ခံသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာတႏိုင္ငံလုံးမွာ မသန္စြမ္းဦးေရ ၂၃ သိန္းရွိၿပီး ဧရာဝတီတိုင္း ေဒသႀကီးက မသန္စြမ္းဦးေရအမ်ားဆုံးနဲ႔ ရန္ကုန္တိုင္းကေတာ့ ဒုတိယ အမ်ားဆုံးရွိတယ္လို႔ စက္တင္ဘာလ ၂၀ ရက္ေန႔က ျမန္မာႏိုင္ငံမသန္စြမ္းအဖြဲ႕ခ်ဳပ္နဲ႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ေတြ႕ဆုံပြဲ မွာ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားအသင္းခ်ဳပ္ အေထြအေထြအတြင္းေရးမႉးက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013