DVB Logo
Home
မြန်မာသတင်း
ယောကျ်ားလေးများ မိန်းကလေးများလောက် ကျောင်းမှာ မထူးချွန်တာ စိုးရိမ်စရာဖြစ်လာဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော  
DVB
·
September 20, 2019
ယောကျ်ားလေးများ မိန်းကလေးများလောက် ကျောင်းမှာ မထူးချွန်တာ စိုးရိမ်စရာဖြစ်လာဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော  
Donate to DVB

အခြေခံပညာ ကျောင်းတွေမှာ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေလောက် ကျောင်းမှာ မထူးချွန်ခဲ့တာ နည်းနည်းကြာလာပြီဖြစ်လို့ စိုးရိမ်စရာတခုဖြစ်လာပြီလို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီမနက် နေပြည်တော်မှာကျင်းပတဲ့ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ထူးချွန်ကျောင်းတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောသွားတာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

“ယောကျ်ားလေးများဟာ မိန်းကလေးများလောက် ကျောင်းမှာ မထူးချွန်ခဲ့တာဟာ နည်းနည်းကြာလာပါပြီ။ ဒါဟာ ကျွန်မတို့အတွက် စိုးရိမ်စရာတစ်ခု ဖြစ်ပါတယ်။ ကျမတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာဆိုရင် အမျိုးသား တွေရော၊ အမျိုးသမီးတွေရော အားလုံးတန်းတူညီတူ တိုးတက်စေချင်တယ်။ ဖွံ့ဖြိုးစေ ချင်ပါတယ်။ ဒါကြောင့် ကျမတို့က ကျောင်းသူ ကျောင်းသားတွေထဲမှာ ဘယ်သူတွေက ပိုပြီး ထူးထူးချွန်ချွန်ရှိသလဲ၊ ဘယ်သူတွေက ပညာရေးမှာ စိတ်ပါဝင်စားမှုရှိသလဲ ဆိုတာ ကိုလည်း အထူးအလေးထားပြီးလေ့လာတာ ဖြစ်ပါတယ်။”လို့ ဒေါ် အောင်ဆန်းစုကြည်က ပြောပါတယ်။ 

အနာဂတ်အတွက် အထိရောက်ဆုံး အာမခံဖြစ်တဲ့ ပညာရေးကို အထူးအလေးထားရာမှာ အောင်ချက်၊ အောင်မှတ်တွေကိုသာ အာရုံစိုက်ဖို့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ မဟုတ်ဘဲ၊ နိုင်ငံအတွက် ရေရှည်မျှော်မှန်းချက်တွေကို အကောင်အထည်ဖော် တဲ့နေရာမှာ တကယ့်ကို အထောက်အကူဖြစ်စေမယ့် အရည်အချင်းတွေ မွေးထုတ်ပေး ဖို့ ဦးတည်တယ်လို့ လည်းပြော သွားပါတယ်။

အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်တွေကို လေ့လာရာမှာ စာမေးပွဲဖြေဆိုသူ များလာပေမယ့် အောင်နှုန်း မတက်သေးတာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအကြား အောင်နှုန်း ကွာခြားမှုတွေရှိနေတာ၊ ကျောင်းသူ၊ ကျောင်းသားများ သိပ္ပံ၊ သင်္ချာဘာသာရပ်များမှာ အားကောင်း လာတာ၊ အမျိုးသား များသိပ္ပံ၊ သင်္ချာဘာသာရပ်များမှာ ယခင်နှစ်များနဲ့ နှိုင်းယှဉ်လိုက်ရင် သိသာစွာ ထူးချွန်လာတာ၊ ထူးချွန်ကျောင်းသူ၊ ကျောင်းသားအများက ပုဂ္ဂလိကကျောင်းများက ဖြစ်နေတာ စသဖြင့် ကျေနပ်စရာလေးများ ရှိသလို၊ ပြုပြင်စရာတွေလည်း အတော်များနေသေးတယ်လို့ ဆိုပါတယ်။

ယနေ့ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြည်ထောင်စုအဆင့် အောင်ချက် အကောင်းဆုံး ထူးချွန်ဆုရကျောင်း ၆၁ ကျောင်းနဲ့ ပြည်ထောင်စုအဆင့် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ ၁၄၂ ဦးတို့ကို ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

၂ဝ၁၉ တက္ကသိုလ်ဝင် စာမေးပွဲမှာ အောင်ချက်အကောင်းဆုံး ပထမဆုကို  ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်)၊ ဒုတိယဆုကို စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းက ရရှိသွားပါတယ်။ 

တက္ကသိုလ်ဝင် စာမေးပွဲ (သိပ္ပံဘာသာတွဲ)မှာ ရမှတ် အများဆုံးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ အလုံမြို့နယ် အ.ထ.က(၄)က  မောင်ကျော်လင်းသန်း၊ သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲမှာ ရမှတ် အများဆုံးရခဲ့တဲ့ မိုးညှင်းမြို့နယ် အ.ထ.က (ဟိုပင်)မှ မောင်မျိုးမင်းအောင်နဲ့ ဝိဇ္ဇာဘာသာတွဲ မှာ ရမှတ်အများဆုံးရခဲ့တဲ့ ကျုံပျော်မြို့နယ် အ.ထ.က (တောက်တဲ့ရိုး)မှ မသဇင်ဝင်း တို့ကို လည်း ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုမှတ်တမ်းလွှာတွေ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ဓာတ်ပုံ- State Counsellor




ေယာက်္ားေလးမ်ား မိန္းကေလးမ်ားေလာက္ ေက်ာင္းမွာ မထူးခြၽန္တာ စိုးရိမ္စရာျဖစ္လာဟု အတိုင္ပင္ခံပုဂၢိဳလ္ ေျပာ
DVB

အေျခခံပညာ ေက်ာင္းေတြမွာ ေယာက်္ားေလးေတြဟာ မိန္းကေလးေတြေလာက္ ေက်ာင္းမွာ မထူးခြၽန္ခဲ့တာ နည္းနည္းၾကာလာၿပီျဖစ္လို႔ စိုးရိမ္စရာတခုျဖစ္လာၿပီလို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီမနက္ ေနျပည္ေတာ္မွာက်င္းပတဲ့ ၂ဝ၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲမွာ ထူးခြၽန္စြာ ေအာင္ျမင္ခဲ့ၾကတဲ့ ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ထူးခြၽန္ေက်ာင္းေတြကို ဆုခ်ီးျမႇင့္တဲ့ အခမ္းအနားမွာ ေျပာသြားတာလို႔ အတိုင္ပင္ခံ႐ုံးက သတင္းထုတ္ပါတယ္။

“ေယာက်္ားေလးမ်ားဟာ မိန္းကေလးမ်ားေလာက္ ေက်ာင္းမွာ မထူးခြၽန္ခဲ့တာဟာ နည္းနည္းၾကာလာပါၿပီ။ ဒါဟာ ကြၽန္မတို႔အတြက္ စိုးရိမ္စရာတစ္ခု ျဖစ္ပါတယ္။ က်မတို႔ရဲ႕ လူ႔အသိုင္းအဝိုင္းမွာဆိုရင္ အမ်ိဳးသား ေတြေရာ၊ အမ်ိဳးသမီးေတြေရာ အားလုံးတန္းတူညီတူ တိုးတက္ေစခ်င္တယ္။ ဖြံ႕ၿဖိဳးေစ ခ်င္ပါတယ္။ ဒါေၾကာင့္ က်မတို႔က ေက်ာင္းသူ ေက်ာင္းသားေတြထဲမွာ ဘယ္သူေတြက ပိုၿပီး ထူးထူးခြၽန္ခြၽန္ရွိသလဲ၊ ဘယ္သူေတြက ပညာေရးမွာ စိတ္ပါဝင္စားမႈရွိသလဲ ဆိုတာ ကိုလည္း အထူးအေလးထားၿပီးေလ့လာတာ ျဖစ္ပါတယ္။”လို႔ ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

အနာဂတ္အတြက္ အထိေရာက္ဆုံး အာမခံျဖစ္တဲ့ ပညာေရးကို အထူးအေလးထားရာမွာ ေအာင္ခ်က္၊ ေအာင္မွတ္ေတြကိုသာ အာ႐ုံစိုက္ဖို႔ က်ဥ္းေျမာင္းတဲ့ အျမင္နဲ႔ မဟုတ္ဘဲ၊ ႏိုင္ငံအတြက္ ေရရွည္ေမွ်ာ္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ တဲ့ေနရာမွာ တကယ့္ကို အေထာက္အကူျဖစ္ေစမယ့္ အရည္အခ်င္းေတြ ေမြးထုတ္ေပး ဖို႔ ဦးတည္တယ္လို႔ လည္းေျပာ သြားပါတယ္။

အခုႏွစ္မွာ တကၠသိုလ္ဝင္စာေမးပြဲ ရလဒ္ေတြကို ေလ့လာရာမွာ စာေမးပြဲေျဖဆိုသူ မ်ားလာေပမယ့္ ေအာင္ႏႈန္း မတက္ေသးတာ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြအၾကား ေအာင္ႏႈန္း ကြာျခားမႈေတြရွိေနတာ၊ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား သိပၸံ၊ သခ်ၤာဘာသာရပ္မ်ားမွာ အားေကာင္း လာတာ၊ အမ်ိဳးသား မ်ားသိပၸံ၊ သခ်ၤာဘာသာရပ္မ်ားမွာ ယခင္ႏွစ္မ်ားနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ သိသာစြာ ထူးခြၽန္လာတာ၊ ထူးခြၽန္ေက်ာင္းသူ၊ ေက်ာင္းသားအမ်ားက ပုဂၢလိကေက်ာင္းမ်ားက ျဖစ္ေနတာ စသျဖင့္ ေက်နပ္စရာေလးမ်ား ရွိသလို၊ ျပဳျပင္စရာေတြလည္း အေတာ္မ်ားေနေသးတယ္လို႔ ဆိုပါတယ္။

ယေန႔ဆုခ်ီးျမႇင့္တဲ့ အခမ္းအနားမွာ ျပည္ေထာင္စုအဆင့္ ေအာင္ခ်က္ အေကာင္းဆုံး ထူးခြၽန္ဆုရေက်ာင္း ၆၁ ေက်ာင္းနဲ႔ ျပည္ေထာင္စုအဆင့္ ထူးခြၽန္ဆုရ ေက်ာင္းသား ေက်ာင္းသူ ၁၄၂ ဦးတို႔ကို ဆုေတြ ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။

၂ဝ၁၉ တကၠသိုလ္ဝင္ စာေမးပြဲမွာ ေအာင္ခ်က္အေကာင္းဆုံး ပထမဆုကို ရန္ကုန္ပညာေရးတကၠသိုလ္ ေလ့က်င့္ေရးအထက္တန္းေက်ာင္း (ကမာ႐ြတ္)၊ ဒုတိယဆုကို စမ္းေခ်ာင္းၿမိဳ႕နယ္ အမွတ္(၂) အေျခခံပညာအထက္တန္းေက်ာင္းက ရရွိသြားပါတယ္။

တကၠသိုလ္ဝင္ စာေမးပြဲ (သိပၸံဘာသာတြဲ)မွာ ရမွတ္ အမ်ားဆုံးနဲ႔ ထူးခြၽန္စြာေအာင္ျမင္ခဲ့တဲ့ အလုံၿမိဳ႕နယ္ အ.ထ.က(၄)က ေမာင္ေက်ာ္လင္းသန္း၊ သိပၸံႏွင့္ဝိဇၨာ ေပါင္းစည္းဘာသာတြဲမွာ ရမွတ္ အမ်ားဆုံးရခဲ့တဲ့ မိုးညႇင္းၿမိဳ႕နယ္ အ.ထ.က (ဟိုပင္)မွ ေမာင္မ်ိဳးမင္းေအာင္နဲ႔ ဝိဇၨာဘာသာတြဲ မွာ ရမွတ္အမ်ားဆုံးရခဲ့တဲ့ က်ဳံေပ်ာ္ၿမိဳ႕နယ္ အ.ထ.က (ေတာက္တဲ့႐ိုး)မွ မသဇင္ဝင္း တို႔ကို လည္း ေဒၚေအာင္ဆန္းစုၾကည္က ဂုဏ္ျပဳမွတ္တမ္းလႊာေတြ ခ်ီးျမႇင့္ေပးအပ္ခဲ့ပါတယ္။
ဓာတ္ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013