DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် သိမ်းဆည်းခံလယ်သမားများ ဆန္ဒပြ
DVB
·
September 20, 2019
ဘားအံမြို့တွင် သိမ်းဆည်းခံလယ်သမားများ ဆန္ဒပြ
1 / 5
Donate to DVB

ဘားအံအကျဉ်းဦးစီးဌာနက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေနဲ့ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေဟာ သိမ်းဆည်းမြေမူဝါဒနဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့ မှာ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက သိမ်းဆည်းခံလယ်သမားတွေ ဆန္ဒပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ဘားအံအကျဉ်းဦးစီးဌာနက ဒေသခံလယ်သမား ၁၆ ဦးရဲ့ လယ်မြေ ၆၈ ဧကကို သိမ်းဆည်းခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်မှာ နစ်နာတဲ့ လယ်သမားတွေကို မြေယာအစားထိုးပေးဖို့ စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် လယ်သမားတွေက မိမိတို့ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် အစဉ်တစိုက်တောင်းဆိုနေကြတာပါ။

ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ  ၈၈ ကရင်မျိုးဆက် ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဥက္ကဋ္ဌ ဦးစောမောင်ကြီးက “နိုင်ငံတော်နဲ့ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင်သိမ်းပါ။ အဲဒီမှာ ဥပဒေပါ အတိုင်းဆောင်ရွက်ပေးပါ”လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊နောင်ခလိုင်ကျေးရွာ၊ ဒေါ်မူးမယ်က“ပေးရင်တော့ ယူရမှာပေါ့။ အဘိုးအဘွားဥစ္စာပဲဟာ။ ဘာမှ မပြောချင်တော့ဘူး။ လယ်ရရင်တော်ပြီ”လို့ ပြောပါတယ်။

ဘားအံမြို့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန၊ ဉီးစီးမှူး ဉီးကျော်ကျော်က “လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ ၇ ကို အကျဉ်းစီးဌာနက လျှောက်ထားတယ်။ တောင်သူကလည်း လျှောက်တယ်။ ကျနော်တို့ကတော့ လယ်ယာမြေဥပဒေ ပုဒ်မနဲ့အညီ ပုံစံ ၇ အပြိုင်လျှောက်ထားတဲ့ လုပ်ငန်းကို ဆောင်ရွက်နေတယ်။ အပြိုင်လျှောက်ထားတဲ့အပေါ်မှာ ဥပဒေနဲ့အညီ စီစစ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဒို့လယ်မြေ ဒို့လုပ်ကိုင်ခွင့်ရရှိရေး ဒို့အရေး၊ သမ္မတ၏ ညွှန်ကြားချက် အတိုင်းလိုက်ပါဆောင်ရွက်ပေးရေး ဒို့အရေး၊ မတရားသိမ်းသူ ဒို့ရန်သူ စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ကာ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းကနေစတင်ပြီး ကမ်းနားလမ်းအတိုင်း တောင်ကလေး အကျဉ်းဦးစီးဌာနကသိမ်းဆည်းထားတဲ့ လယ်တွေရှေ့အထိ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

သတင်း- ရဲမင်းခေါင်




ဘားအံၿမိဳ႕တြင္ သိမ္းဆည္းခံလယ္သမားမ်ား ဆႏၵျပ
DVB

ဘားအံအက်ဥ္းဦးစီးဌာနက သိမ္းဆည္းခဲ့တဲ့ လယ္ယာေျမေတြနဲ႔ပတ္သက္ၿပီး ျပည္နယ္ အစိုးရအဖြဲ႕ရဲ႕ေဆာင္႐ြက္ခ်က္ေတြဟာ သိမ္းဆည္းေျမမူဝါဒနဲ႔ ဆန႔္က်င္ကြဲလြဲေနတဲ့အတြက္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕ မွာ စက္တင္ဘာ ၂၀ ရက္ မနက္ပိုင္းက သိမ္းဆည္းခံလယ္သမားေတြ ဆႏၵျပခဲ့ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ က ဘားအံအက်ဥ္းဦးစီးဌာနက ေဒသခံလယ္သမား ၁၆ ဦးရဲ႕ လယ္ေျမ ၆၈ ဧကကို သိမ္းဆည္းခဲ့တာျဖစ္ၿပီး အန္အယ္လ္ဒီအစိုးရလက္ထက္မွာ နစ္နာတဲ့ လယ္သမားေတြကို ေျမယာအစားထိုးေပးဖို႔ စီစဥ္ေဆာင္႐ြက္ခဲ့ေပမယ့္ လယ္သမားေတြက မိမိတို႔ လယ္ယာေျမ ျပန္လည္ရရွိေရးအတြက္ အစဥ္တစိုက္ေတာင္းဆိုေနၾကတာပါ။

ဆႏၵထုတ္ေဖာ္ပြဲ ဦးေဆာင္သူ ၈၈ ကရင္မ်ိဳးဆက္ ေက်ာင္းသားမ်ား၏ လူမႈဖြံ႕ၿဖိဳးေရးအသင္း ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၊ ဥကၠ႒ ဦးေစာေမာင္ႀကီးက “ႏိုင္ငံေတာ္နဲ႔ျပည္သူအတြက္ အက်ိဳးရွိမယ္ဆိုရင္သိမ္းပါ။ အဲဒီမွာ ဥပေဒပါ အတိုင္းေဆာင္႐ြက္ေပးပါ”လို႔ ေျပာပါတယ္။

ဘားအံၿမိဳ႕နယ္၊ေနာင္ခလိုင္ေက်း႐ြာ၊ ေဒၚမူးမယ္က“ေပးရင္ေတာ့ ယူရမွာေပါ့။ အဘိုးအဘြားဥစၥာပဲဟာ။ ဘာမွ မေျပာခ်င္ေတာ့ဘူး။ လယ္ရရင္ေတာ္ၿပီ”လို႔ ေျပာပါတယ္။
ဘားအံၿမိဳ႕၊ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဉီးစီးဌာန၊ ဉီးစီးမႉး ဉီးေက်ာ္ေက်ာ္က “လယ္ယာေျမလုပ္ကိုင္ခြင့္ပုံစံ ၇ ကို အက်ဥ္းစီးဌာနက ေလွ်ာက္ထားတယ္။ ေတာင္သူကလည္း ေလွ်ာက္တယ္။ က်ေနာ္တို႔ကေတာ့ လယ္ယာေျမဥပေဒ ပုဒ္မနဲ႔အညီ ပုံစံ ၇ အၿပိဳင္ေလွ်ာက္ထားတဲ့ လုပ္ငန္းကို ေဆာင္႐ြက္ေနတယ္။ အၿပိဳင္ေလွ်ာက္ထားတဲ့အေပၚမွာ ဥပေဒနဲ႔အညီ စီစစ္ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္”လို႔ ေျပာပါတယ္။

ဆႏၵထုတ္ေဖာ္ရာမွာ ဒို႔လယ္ေျမ ဒို႔လုပ္ကိုင္ခြင့္ရရွိေရး ဒို႔အေရး၊ သမၼတ၏ ၫႊန္ၾကားခ်က္ အတိုင္းလိုက္ပါေဆာင္႐ြက္ေပးေရး ဒို႔အေရး၊ မတရားသိမ္းသူ ဒို႔ရန္သူ စတဲ့ ပိုစတာေတြကို ကိုင္ေဆာင္ကာ ဗိုလ္ခ်ဳပ္ေက်ာက္တိုင္ကြင္းကေနစတင္ၿပီး ကမ္းနားလမ္းအတိုင္း ေတာင္ကေလး အက်ဥ္းဦးစီးဌာနကသိမ္းဆည္းထားတဲ့ လယ္ေတြေရွ႕အထိ ေႂကြးေၾကာ္သံေတြနဲ႔ စီတန္းလွည့္လည္ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။
သတင္း- ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013