DVB Logo
Home
မြန်မာသတင်း
ရေခဲတောင်မှာ ရိုက်ကူးခဲ့သည့် သင်ဇာဝင့်ကျော်ပါဝင်သည့် ရုပ်ရှင် ဆင်ဆာကင်းလွတ်ခွင့်ရ
DVB
·
September 20, 2019
ရေခဲတောင်မှာ ရိုက်ကူးခဲ့သည့် သင်ဇာဝင့်ကျော်ပါဝင်သည့် ရုပ်ရှင် ဆင်ဆာကင်းလွတ်ခွင့်ရ
1 / 7
Donate to DVB

ကချင်ပြည်နယ်၊ ဖုန်ကန်ရာဇီရေခဲတောင်မှာ ရိုက်ကူးခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီး သင်ဇာဝင့်ကျော်ပါဝင်တဲ့ ရုပ်ရှင်ကားဟာ ဆင်ဆာကင်းလွတ်ခွင့်ရရှိခဲ့ပြီ ဖြစ် တယ်လို့ အဲဒီရုပ်ရှင်ကားရဲ့ ဒါရိုက်တာ JZ ဒေါင်လွဏ်းက ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

မေခရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားရဲ့ အမည်ကိုတော့ နှင်းပွင့်စေရာလို့ အမည်ပေးထားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်နဲ့ ဗွီဒီယိုဆင်ဆာ အဖွဲ့ကနေ အများပြည်သူကို ပြသခွင့်ပြုလိုက်တာပါ။

JZ ဒေါင်လွဏ်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ “ဘုရားရဲ့ ကျေးဇူးတော် ကြောင့် ဘာအခန်းမှ ဆင်ဆာ မထိပဲ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်သွားပါပြီ။ ဆင်ဆာ ဘုတ်အဖွဲ့မှ လူကြီးများ အားလုံးကို ကျေးဇူးအထူးတင်ပါသည်”လို့ ရေးသားဖော်ပြ ထားခဲ့တာပါ။

သူဟာ မြန်မာရုပ်ရှင်လောကကို ကချင်စကားပြောဇာတ်ကားတွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေသူတဦးဖြစ်ပြီး ဒီကားရိုက်ကူးချိန်မှာ ရေခဲတောင်ပေါ်မှာ စခန်းချနေထိုင်ပြီး ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။

ဒီရုပ်ရှင် ရိုက်ကူးနေချိန်မှာပဲ သင်ဇာဝင့်ကျော်ဟာ Challenge အနေနဲ့ အင်္ကျီ ချွတ်ထားတဲ့ ဓာတ်ပုံကို အွန်လိုင်းပေါ်တင်ခဲ့တာကြောင့် ပရိသတ်တွေကြား လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့ကြပါတယ်။

ဒီကားထဲမှာတော့ သင်ဇာဝင်ကျော်နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ယုန်လေး၊ ငြိမ်းသော်၊ L ဘောက်နူးတို့နဲ့အတူ ဒေါင်လွဏ်းကပါ ပါဝင်ထားခဲ့တာပါ။

ကချင်ပြည်နယ်မှာရှိတဲ့ ရေခဲတောင်ရဲ့ သဘာဝအလှအပတွေ၊ တောတွင်းစွန့်စား ခန်းတွေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ရိုက်ကူးနေစဉ်ကတည်းက ပရိသတ်တွေ ကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း JZ ဒေါင်လွဏ်းရိုက်ကူးတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသ က ကျောက်စိမ်းတူးဖော်တဲ့ လောကအကြောင်းရိုက်ကူးထားခဲ့တဲ့ လောဘနွံ ရုပ်ရှင်ကားကို ရုံတင်ပြသခဲ့ပြီး အဲဒီမတိုင်ခင်ကတော့ တိမ်ပြာသောနေ့၊ မနောမြေမှ ကျောက်စိမ်းကမ္ဘာစတဲ့ ရုပ်ရှင်ကားတွေကိုလည်း ဖန်တီးခဲ့သူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသဖို့ ရုန်းကန်ရဦးမှာဖြစ်ပြီး ရုံတင်ရက်အတိအကျကိုတော့ မသိရှိနိုင်သေးပါဘူး။




ေရခဲေတာင္မွာ ႐ိုက္ကူးခဲ့သည့္ သင္ဇာဝင့္ေက်ာ္ပါဝင္သည့္ ႐ုပ္ရွင္ ဆင္ဆာကင္းလြတ္ခြင့္ရ
DVB
ကခ်င္ျပည္နယ္၊ ဖုန္ကန္ရာဇီေရခဲေတာင္မွာ ႐ိုက္ကူးခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ မင္းသမီး သင္ဇာဝင့္ေက်ာ္ပါဝင္တဲ့ ႐ုပ္ရွင္ကားဟာ ဆင္ဆာကင္းလြတ္ခြင့္ရရွိခဲ့ၿပီ ျဖစ္ တယ္လို႔ အဲဒီ႐ုပ္ရွင္ကားရဲ႕ ဒါ႐ိုက္တာ JZ ေဒါင္လြဏ္းက ေဖ့စ္ဘြတ္ခ္အင္တာနက္ လူမႈကြန္ေပၚမွာ ေရးသားထားပါတယ္။

ေမခ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားရဲ႕ အမည္ကိုေတာ့ ႏွင္းပြင့္ေစရာလို႔ အမည္ေပးထားခဲ့ၿပီး ျပန္ၾကားေရးဝန္ႀကီးဌာန၊ ႐ုပ္ရွင္နဲ႔ ဗြီဒီယိုဆင္ဆာ အဖြဲ႕ကေန အမ်ားျပည္သူကို ျပသခြင့္ျပဳလိုက္တာပါ။

JZ ေဒါင္လြဏ္းရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာေတာ့ “ဘုရားရဲ႕ ေက်းဇူးေတာ္ ေၾကာင့္ ဘာအခန္းမွ ဆင္ဆာ မထိပဲ လြတ္လြတ္ကြၽတ္ကြၽတ္ ျဖစ္သြားပါၿပီ။ ဆင္ဆာ ဘုတ္အဖြဲ႕မွ လူႀကီးမ်ား အားလုံးကို ေက်းဇူးအထူးတင္ပါသည္”လို႔ ေရးသားေဖာ္ျပ ထားခဲ့တာပါ။

သူဟာ ျမန္မာ႐ုပ္ရွင္ေလာကကို ကခ်င္စကားေျပာဇာတ္ကားေတြနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားေနသူတဦးျဖစ္ၿပီး ဒီကား႐ိုက္ကူးခ်ိန္မွာ ေရခဲေတာင္ေပၚမွာ စခန္းခ်ေနထိုင္ၿပီး ႐ိုက္ကူးခဲ့ရတယ္လို႔ သိရပါတယ္။

ဒီ႐ုပ္ရွင္ ႐ိုက္ကူးေနခ်ိန္မွာပဲ သင္ဇာဝင့္ေက်ာ္ဟာ Challenge အေနနဲ႔ အက်ႌ ခြၽတ္ထားတဲ့ ဓာတ္ပုံကို အြန္လိုင္းေပၚတင္ခဲ့တာေၾကာင့္ ပရိသတ္ေတြၾကား လႈပ္လႈပ္ ခတ္ခတ္ျဖစ္ခဲ့ၾကပါတယ္။

ဒီကားထဲမွာေတာ့ သင္ဇာဝင္ေက်ာ္နဲ႔အတူ တျခားသ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ ျမင့္ျမတ္၊ ယုန္ေလး၊ ၿငိမ္းေသာ္၊ L ေဘာက္ႏူးတို႔နဲ႔အတူ ေဒါင္လြဏ္းကပါ ပါဝင္ထားခဲ့တာပါ။

ကခ်င္ျပည္နယ္မွာရွိတဲ့ ေရခဲေတာင္ရဲ႕ သဘာဝအလွအပေတြ၊ ေတာတြင္းစြန႔္စား ခန္းေတြနဲ႔ ႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ကားဟာ ႐ိုက္ကူးေနစဥ္ကတည္းက ပရိသတ္ေတြ ၾကားမွာ ေရပန္းစားေနခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းကလည္း JZ ေဒါင္လြဏ္း႐ိုက္ကူးတဲ့ ကခ်င္ျပည္နယ္၊ ဖားကန႔္ေဒသ က ေက်ာက္စိမ္းတူးေဖာ္တဲ့ ေလာကအေၾကာင္း႐ိုက္ကူးထားခဲ့တဲ့ ေလာဘႏြံ ႐ုပ္ရွင္ကားကို ႐ုံတင္ျပသခဲ့ၿပီး အဲဒီမတိုင္ခင္ကေတာ့ တိမ္ျပာေသာေန႔၊ မေနာေျမမွ ေက်ာက္စိမ္းကမာၻစတဲ့ ႐ုပ္ရွင္ကားေတြကိုလည္း ဖန္တီးခဲ့သူ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကားကို ႐ုံတင္ျပသဖို႔ ႐ုန္းကန္ရဦးမွာျဖစ္ၿပီး ႐ုံတင္ရက္အတိအက်ကိုေတာ့ မသိရွိႏိုင္ေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013