DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ်တွင် လေပြင်းတိုက်သဖြင့် နေအိမ် ၂၀ ပျက်စီး 
DVB
·
September 20, 2019
ချောက်မြို့နယ်တွင် လေပြင်းတိုက်သဖြင့် နေအိမ် ၂၀ ပျက်စီး 
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သံဘိုကျေးရွာအုပ်စု၊ ကန်ရေကြီးတောင် ကျေးရွာမှာ မနေ့မွန်းလွဲပိုင်း တနာရီလောက်က  လေပြင်းတိုက်လို့ လူနေအိမ် ၂၀ လောက်နဲ့ ဘုန်းကြီးကျောင်း တံတိုင်းတွေ သစ်ပင်ပိ ပျက်စီးသွားပါတယ်။

ပျက်စီးတဲ့ အဆောက်အဦးတွေက သစ်ပင်ပိတာ အမိုးလန်တာ ဖြစ်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ကျပ် ၈၂ သိန်းကျော်ရှိခဲ့ကြောင်းနဲ့ အိမ်ထောင်စု ၁၄ စုက လူဦးရေ ၆၀ လေ ဘေးသင့်ခဲ့ရပြီး အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တဦး ဦးခေါင်းဖူးရောင် ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

အခင်းဖြစ်နေရာကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေး၊ မီးသတ်နဲ့ နယ်မြေခံ တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒီကနေ့ နေလည်ပိုင်းမှာလည်း ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာနဲ့ ထောက်ပံ့ကြေးတွေ လေဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးအပ်သွားမှာဖြစ်တယ်လို့ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူထံကသိရပါတယ်။

သတင်း- ကိုလင်း(ချောက်)




ေခ်ာက္ၿမိဳ႕နယ္တြင္ ေလျပင္းတိုက္သျဖင့္ ေနအိမ္ ၂၀ ပ်က္စီး
DVB
မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္၊ သံဘိုေက်း႐ြာအုပ္စု၊ ကန္ေရႀကီးေတာင္ ေက်း႐ြာမွာ မေန႔မြန္းလြဲပိုင္း တနာရီေလာက္က ေလျပင္းတိုက္လို႔ လူေနအိမ္ ၂၀ ေလာက္နဲ႔ ဘုန္းႀကီးေက်ာင္း တံတိုင္ေတြ သစ္ပင္ပိ ပ်က္စီးသြားပါတယ္။

ပ်က္စီးတဲ့ အေဆာက္အဦးေတြက သစ္ပင္ပိတာ အမိုးလန္တာ ျဖစ္ခဲ့ၿပီး ဆုံးရႈံးမႈ တန္ဖိုး စုစုေပါင္း က်ပ္ ၈၂ သိန္းေက်ာ္ရွိခဲ့ေၾကာင္းနဲ႔ အိမ္ေထာင္စု ၁၄ စုက လူဦးေရ ၆၀ ေလ ေဘးသင့္ခဲ့ရၿပီး အသက္ ၅၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တဦး ဦးေခါင္းဖူးေရာင္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးမႉး႐ုံး တာဝန္ရွိသူတဦးက ေျပာပါတယ္။

အခင္းျဖစ္ေနရာကို တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္၊ အေထြေထြအုပ္ခ်ဳပ္ေရး၊ မီးသတ္နဲ႔ နယ္ေျမခံ တပ္မေတာ္ တပ္ရင္း တပ္ဖြဲ႕ေတြက ကယ္ဆယ္ေရးလုပ္ငန္းေတြ သြားေရာက္ ေဆာင္႐ြက္ေပးခဲ့ပါတယ္။

ဒီကေန႔ ေနလည္ပိုင္းမွာလည္း ကယ္ဆယ္ေရးပစၥည္း၊ ဆန္ရိကၡာနဲ႔ ေထာက္ပံ့ေၾကးေတြ ေလေဘးဒုကၡသည္ေတြအတြက္ ေထာက္ပံ့ေပးအပ္သြားမွာျဖစ္တယ္လို႔ ၿမိဳ႕နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာန တာဝန္ရွိသူထံကသိရပါတယ္။
သတင္း- ကိုလင္း(ေခ်ာက္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013