DVB Logo
Home
မြန်မာသတင်း
အဆိုတော်ရဲလေးနှင့် ကြက်တောင်မယ်လေး သက်ထားသူဇာပါဝင်သည့် ချစ်ချစ်တုံးသီချင်း (ရုပ်သံ)
DVB
·
September 20, 2019
အဆိုတော်ရဲလေးနှင့် ကြက်တောင်မယ်လေး သက်ထားသူဇာပါဝင်သည့် ချစ်ချစ်တုံးသီချင်း (ရုပ်သံ)
Donate to DVB

“တခါတလေ မခံစားနိုင်တဲ့ အနေမတတ်စကားတွေပြောကာ… မျက်စောင်းတွေ ထိုးနေတဲ့ အကြည့်ကို… မမုန်းနိုင်… ငါအနုအရွများနဲ့ အချစ်တေးသွား… ငါ အရင်လို မထူးခြားသွားပဲ… သူ့ဘေးနား မျှော်လင့်ပါသည်”

ဒီသီချင်းကတော့ လတ်တလောထွက်ရှိထားတဲ့ အဆိုတော်ရဲလေးရဲ့ သီချင်းသစ် တပုဒ်ဖြစ်ပြီး ဒီသီချင်းထဲမှာတော့ ထူးထူးခြားခြား မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာက ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟစ်ဟော့ပ်အဆိုတော် ရဲလေးဟာ သီချင်း တွေကို ကိုယ်တိုင်ရေးသား သီဆိုလေ့ရှိသူတဦးဖြစ်ပြီး ဒီသီချင်းကိုလည်း ကိုယ်တိုင်ရေး သားထားပြီး သူတို့ညီအစ်ကို ၂ ယောက်ရဲ့ YLJK Entertainment က တင်ဆက်လိုက် တာ ဖြစ်ပါတယ်။

သီချင်းရုပ်သံထဲမှာတော့ ရဲလေးနဲ့ သက်ထားသူဇာတို့ဟာ ချစ်သူ ၂ ဦးအဖြစ် သရုပ်ဆောင်ထားခဲ့ပြီး စိတ်ကောက်နေတဲ့ ချစ်သူကို သီချင်းဆိုပြပြီး ပြန်ချော့တဲ့ ပုံစံ မျိုးနဲ့ ရိုက်ကူးထားခဲ့တာပါ။

“Oh My God ! ချစ်သူရာ… မင်းတယောက်ထဲပါ… တခြားသူများ မလှပါကွာ… ငါ့မျက်လုံးထဲမှာ… အနမ်းတွေက မင်းရဲ့အပါး… ဘေးမှာ ပျံဝဲကာ… အချိန်ရှိတိုင်း ချစ် ချစ်တုံးကြီးကို ငါတကယ်မြတ်နိုးတာ”

၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရဲလေးရဲ့ ပထမဆုံး တေးအယ်လ်ဘမ် ကျနော်နှင့် သက်ဆိုင်သောဟာ သူ့ကို ရဲလေးအဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပြီး တတိယကာရန်၊ ရကောက်ဘဝဖြင့်နေထိုင်ခြင်း၊ အိမ်စတဲ့ တကိုယ်တော်တေး အယ်လ်ဘမ်တွေဟာ ထင်ရှားပါတယ်။

ကမ္ဘာ့အဆင့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတွေ ဆွတ်ခူးရရှိထားခဲ့တဲ့ ကြက် တောင်မယ် သက်ထားသူဇာကတော့ လတ်တလော ပရိသတ်တွေကြားမှာ အားပေးချစ် ခင်မှုတွေ ရရှိနေတာပါ။

ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် စီးပွားရေးကြော်ငြာတွေမှာလည်း တွေ့နေရ လို သီချင်းအမ်တီဗွီအနေနဲ့လည်း ခုလိုပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ခုထွက်ရှိလာခဲ့တဲ့ ချစ်ချစ်တုံး သီချင်းကိုတော့ ရဲလေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “အချိန်ရှိတိုင်း ချစ်ချစ်တုံးကြီးကို ငါတစ်ကယ်မြတ်နိုးတာ”လို့ ရေးသားပြီး ပရိသတ်တွေအတွက် မျှဝေထားခဲ့တာပါ။

လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဟာ ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြ တဲ့ အကြိမ်ရေ ၂ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ရဲလေးရဲ့ သီဆိုနေကျပုံစံအတိုင်း လတ်ဆတ်တဲ့ သီချင်းစာသားတွေနဲ့အတူ ချစ် စရာ ကောင်းတဲ့ သက်ထားသူဇာရဲ့ ပါဝင်သရုပ်ဆောင်မှုတွေနဲ့ ဒီသီချင်းဟာ ပရိ သတ်တွေကြားမှာတော့ ရေပန်းစားနေပါတယ်။




အဆိုေတာ္ရဲေလးႏွင့္ ၾကက္ေတာင္မယ္ေလး သက္ထားသူဇာပါဝင္သည့္ ခ်စ္ခ်စ္တုံးသီခ်င္း (႐ုပ္သံ) (ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

“တခါတေလ မခံစားႏိုင္တဲ့ အေနမတတ္စကားေတြေျပာကာ… မ်က္ေစာင္းေတြ ထိုးေနတဲ့ အၾကည့္ကို… မမုန္းႏိုင္… ငါအႏုအ႐ြမ်ားနဲ႔ အခ်စ္ေတးသြား… ငါ အရင္လို မထူးျခားသြားပဲ… သူ႔ေဘးနား ေမွ်ာ္လင့္ပါသည္”

ဒီသီခ်င္းကေတာ့ လတ္တေလာထြက္ရွိထားတဲ့ အဆိုေတာ္ရဲေလးရဲ႕ သီခ်င္းသစ္ တပုဒ္ျဖစ္ၿပီး ဒီသီခ်င္းထဲမွာေတာ့ ထူးထူးျခားျခား ျမန္မာ့ဂုဏ္ေဆာင္ၾကက္ေတာင္မယ္ သက္ထားသူဇာက ပါဝင္သ႐ုပ္ေဆာင္ထားခဲ့တာပါ။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဟစ္ေဟာ့ပ္အဆိုေတာ္ ရဲေလးဟာ သီခ်င္း ေတြကို ကိုယ္တိုင္ေရးသား သီဆိုေလ့ရွိသူတဦးျဖစ္ၿပီး ဒီသီခ်င္းကိုလည္း ကိုယ္တိုင္ေရး သားထားၿပီး သူတို႔ညီအစ္ကို ၂ ေယာက္ရဲ႕ YLJK Entertainment က တင္ဆက္လိုက္ တာ ျဖစ္ပါတယ္။

သီခ်င္း႐ုပ္သံထဲမွာေတာ့ ရဲေလးနဲ႔ သက္ထားသူဇာတို႔ဟာ ခ်စ္သူ ၂ ဦးအျဖစ္ သ႐ုပ္ေဆာင္ထားခဲ့ၿပီး စိတ္ေကာက္ေနတဲ့ ခ်စ္သူကို သီခ်င္းဆိုျပၿပီး ျပန္ေခ်ာ့တဲ့ ပုံစံ မ်ိဳးနဲ႔ ႐ိုက္ကူးထားခဲ့တာပါ။

“Oh My God ! ခ်စ္သူရာ… မင္းတေယာက္ထဲပါ… တျခားသူမ်ား မလွပါကြာ… ငါ့မ်က္လုံးထဲမွာ… အနမ္းေတြက မင္းရဲ႕အပါး… ေဘးမွာ ပ်ံဝဲကာ… အခ်ိန္ရွိတိုင္း ခ်စ္ ခ်စ္တုံးႀကီးကို ငါတကယ္ျမတ္ႏိုးတာ”

၂၀၀၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ရဲေလးရဲ႕ ပထမဆုံး ေတးအယ္လ္ဘမ္ က်ေနာ္ႏွင့္ သက္ဆိုင္ေသာဟာ သူ႔ကို ရဲေလးအျဖစ္ ပရိသတ္ေတြက လက္ခံအားေပးခဲ့ၾကတာ ျဖစ္ၿပီး တတိယကာရန္၊ ရေကာက္ဘဝျဖင့္ေနထိုင္ျခင္း၊ အိမ္စတဲ့ တကိုယ္ေတာ္ေတး အယ္လ္ဘမ္ေတြဟာ ထင္ရွားပါတယ္။

ကမာၻ႔အဆင့္ ႏိုင္ငံတကာ ၿပိဳင္ပြဲေတြမွာ ဆုေတြ ဆြတ္ခူးရရွိထားခဲ့တဲ့ ၾကက္ ေတာင္မယ္ သက္ထားသူဇာကေတာ့ လတ္တေလာ ပရိသတ္ေတြၾကားမွာ အားေပးခ်စ္ ခင္မႈေတြ ရရွိေနတာပါ။

ခ်စ္စရာေကာင္းတဲ့ ႐ုပ္ရည္ေၾကာင့္ စီးပြားေရးေၾကာ္ျငာေတြမွာလည္း ေတြ႕ေနရ လို သီခ်င္းအမ္တီဗြီအေနနဲ႔လည္း ခုလိုပါဝင္လာခဲ့တာ ျဖစ္ပါတယ္။
ခုထြက္ရွိလာခဲ့တဲ့ ခ်စ္ခ်စ္တုံး သီခ်င္းကိုေတာ့ ရဲေလးက သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ “အခ်ိန္ရွိတိုင္း ခ်စ္ခ်စ္တုံးႀကီးကို ငါတစ္ကယ္ျမတ္ႏိုးတာ”လို႔ ေရးသားၿပီး ပရိသတ္ေတြအတြက္ မွ်ေဝထားခဲ့တာပါ။

လတ္တေလာမွာေတာ့ ဒီသီခ်င္း႐ုပ္သံဟာ ၂ ရက္အတြင္း ဝင္ေရာက္ၾကည့္ရႈၾက တဲ့ အႀကိမ္ေရ ၂ သိန္းနီးပါး ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

ရဲေလးရဲ႕ သီဆိုေနက်ပုံစံအတိုင္း လတ္ဆတ္တဲ့ သီခ်င္းစာသားေတြနဲ႔အတူ ခ်စ္ စရာ ေကာင္းတဲ့ သက္ထားသူဇာရဲ႕ ပါဝင္သ႐ုပ္ေဆာင္မႈေတြနဲ႔ ဒီသီခ်င္းဟာ ပရိ သတ္ေတြၾကားမွာေတာ့ ေရပန္းစားေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013