DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတဦးမြင့်ဆွေ တရုတ် မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံ ၂ ခုကို သွားရောက်လေ့လာ
DVB
·
September 20, 2019
ဒုသမ္မတဦးမြင့်ဆွေ တရုတ် မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံ ၂ ခုကို သွားရောက်လေ့လာ
1 / 10
Donate to DVB

တရုတ်နိုင်ငံရောက်ရှိနေတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ လျိုကျိုး (Liu Zhou) မြို့က တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံနဲ့ ဝူလင်မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတို့ကို သွားရောက်လေ့လာခဲ့တယ်လို့ အစိုးရ ကသတင်းထုတ်ပြန်ပါတယ်။

ဒုတိယသမ္မတနဲ့ အဖွဲ့ဟာ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံမှာ ခေတ်မီနည်းပညာနဲ့ စက်ပစ္စည်တွေအသုံးပြုပြီး လုပ်ငန်းသုံး မော်တော်ယာဉ် အမျိုးမျိုး တပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုတွေနဲ့ ထုတ်လုပ်ထားတဲ့ လုပ်ငန်းသုံးမော်တော်ယာဉ် အမျိုးမျိုးကို ကြည့်ရှုခဲ့ပြီး စက်ရုံတာဝန်ရှိသူတွေက မော်တော်ယာဉ် ထုတ်လုပ်မှုအဆင့်ဆင့်၊ စံချိန်စံညွှန်း၊ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှု၊ တန်ဖိုးနဲ့ စျေးကွက် အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မွန်းလွဲပိုင်းမှာလည်း ဒုတိယသမ္မတနဲ့ အဖွဲ့ဟာ လျိုကျိုးမြို့ရှိ SAIC GM Wu Ling Automobile ကုမ္ပဏီလီမိတက်ရဲ့ ဝူလင်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို သွားရောက်လေ့လာခဲ့ပြီး ခေတ်မီနှစ်ယောက်စီး လျှပ်စစ်မော်တော် ယာဉ်ငယ်တွေ ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး H.E.Mr. Chen Wu၊ တာဝန်ရှိသူတွေနဲ့ လိယွမ်အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနဲ့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ အကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနဲ့ ခရီးသွားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှေ တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။

တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်စိုးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-MOI




ဒုသမၼတဦးျမင့္ေဆြ တ႐ုတ္ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရး စက္႐ုံ ၂ ခုကို သြားေရာက္ေလ့လာ
DVB

တ႐ုတ္ႏိုင္ငံေရာက္ရွိေနတဲ့ ဒုတိယသမၼတ ဦးျမင့္ေဆြဟာ လ်ိဳက်ိဳး (Liu Zhou) ၿမိဳ႕က တုန္ဖုန္းေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးစက္႐ုံနဲ႔ ဝူလင္ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရး စက္႐ုံတို႔ကို သြားေရာက္ေလ့လာခဲ့တယ္လို႔ အစိုးရ ကသတင္းထုတ္ျပန္ပါတယ္။

ဒုတိယသမၼတနဲ႔ အဖြဲ႕ဟာ စက္တင္ဘာ ၁၉ ရက္ေန႔ မနက္ပိုင္းက တုန္ဖုန္းေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရး စက္႐ုံမွာ ေခတ္မီနည္းပညာနဲ႔ စက္ပစၥည္ေတြအသုံးျပဳၿပီး လုပ္ငန္းသုံး ေမာ္ေတာ္ယာဥ္ အမ်ိဳးမ်ိဳး တပ္ဆင္ထုတ္လုပ္မႈ လုပ္ငန္းအဆင့္ဆင့္ ေဆာင္႐ြက္ေနမႈေတြနဲ႔ ထုတ္လုပ္ထားတဲ့ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္ အမ်ိဳးမ်ိဳးကို ၾကည့္ရႈခဲ့ၿပီး စက္႐ုံတာဝန္ရွိသူေတြက ေမာ္ေတာ္ယာဥ္ ထုတ္လုပ္မႈအဆင့္ဆင့္၊ စံခ်ိန္စံၫႊန္း၊ အရည္အေသြး၊ ႀကံ့ခိုင္မႈ၊ လုံၿခဳံမႈ၊ တန္ဖိုးနဲ႔ ေစ်းကြက္ အေျခအေနေတြကို ရွင္းလင္းေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

မြန္းလြဲပိုင္းမွာလည္း ဒုတိယသမၼတနဲ႔ အဖြဲ႕ဟာ လ်ိဳက်ိဳးၿမိဳ႕ရွိ SAIC GM Wu Ling Automobile ကုမၸဏီလီမိတက္ရဲ႕ ဝူလင္ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးစက္႐ုံကို သြားေရာက္ေလ့လာခဲ့ၿပီး ေခတ္မီႏွစ္ေယာက္စီး လွ်ပ္စစ္ေမာ္ေတာ္ ယာဥ္ငယ္ေတြ ထုတ္လုပ္မႈလုပ္ငန္း အဆင့္ဆင့္ကို လွည့္လည္ၾကည့္ရႈခဲ့ပါတယ္။

ဒါ့အျပင္ ဒုတိယသမၼတ ဦးျမင့္ေဆြဟာ ကြမ္ရွီးကြၽမ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး H.E.Mr. Chen Wu၊ တာဝန္ရွိသူေတြနဲ႔ လိယြမ္အစိုးရ ဧည့္ေဂဟာမွာ ေတြ႕ဆုံခဲ့ၿပီး ျမန္မာႏိုင္ငံနဲ႔ ကြမ္ရွီးကြၽမ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔ အၾကား စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ စိုက္ပ်ိဳးေရး၊ ကုန္သြယ္မႈနဲ႔ ခရီးသြားက႑ေတြမွာ ပူးေပါင္းေဆာင္႐ြက္ေမွ တိုးျမႇင့္ေဆာင္႐ြက္သြားေရး ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ႏိုင္ငံပိုင္သတင္းမွာ ေဖာ္ျပပါတယ္။

ေတြ႕ဆုံပြဲကို ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္၊ တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးသန႔္ေဖ၊ နန္နင္းၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ဦးစိုးသက္ေနာင္ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဉီးေအာင္စိုးနဲ႔ တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။
ဓာတ္ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013