DVB Logo
Home
မြန်မာသတင်း
အဝေးသင်ခွင့် အလုံအလောက်ရရှိရေး ဘားအံပညာရေးကောလိပ်တွင် ကမ်ပိန်းလုပ်တောင်းဆို
DVB
·
September 20, 2019
အဝေးသင်ခွင့် အလုံအလောက်ရရှိရေး ဘားအံပညာရေးကောလိပ်တွင် ကမ်ပိန်းလုပ်တောင်းဆို
1 / 6
Donate to DVB

အဝေးသင်ပညာသင်ယူခွင့် အလုံအလောက်ရရှိရေးအတွက် ဘားအံပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ္ဂက ဦးဆောင်ပြီး ကရင်ပြည်နယ် ဘားအံပညာရေးကောလိပ် ကျောင်းဝန်းအတွင်း မှာ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက စတစ်ကာကမ်ပိန်းပြုလုပ် တောင်းဆိုခဲ့ကြပါတယ်။

စတစ်ကာကမ်ပိန်းကို ပညာရေးကောလိပ်ဆင်း ဆရာ ဆရာမတွေနဲ့ လက်ရှိပညာရေး ကောလိပ်တက်ရောက်နေတဲ့ သင်တန်းသူ သင်တန်းသားတွေရဲ့ အ‌ဝေးသင်ပညာရေး တက်ရောက်  မှုမှာ သတ်မှတ်ခွင့်ရက်နဲ့ လုံလောက်မှုမရှိတဲ့အတွက် ပညာဆက်လက်သင်ယူရာမှာ အခက်အခဲမရှိစေဖို့၊ လုံလောက်တဲ့ ခွင့်ရက်သတ်မှတ်ပေးဖို့ ရည်ရွယ် ပြုလုပ်ခဲ့တာပါ။

ဘားအံပညာရေးကောလိပ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်၊ မောင်အောင်ဆန်းဉီး(ဉီးဆောင်သူ) က “ပညာရေးတက်နေတဲ့ဆရာ ဆရာမတွေကို ပညာရေးဝန်ကြီးဌာနရုံးကနေ ခွင့်ရက် ၁၇ ရက်ပေး ထားတယ် ပြောတယ်။ ဒါပေမယ့် တိတိကျကျ စာနဲ့ထုတ်ပြန်ပေးထားတာမရှိဘူး။ ဒီ ၁၇ ရက်နဲ့ ပညာရေးကောလိပ် ဆရာ ဆရာမတွေအနေနဲ့က ပညာသင်ဖို့အတွက် လုံလောက်မှုမရှိဘူး။ တချို့ ရပ်ဝေးတဲ့ ဆရာ ဆရာမတွေဆိုရင် ဒီအဝေးသင်လာတက်ဖို့အတွက် အခက်အခဲတွေ ရှိတယ်”လို့ ပြောပါတယ်။

အခြေခံပညာဆက်လက်သင်ယူရာမှာ ခွင့်အလုံအလောက် ရရှိရေး၊ အဝေးသင် တက်ရောက်ခွင့် အလုံအလောက်ရရှိရေး၊ ကျွန်ုပ်တို့ပညာရေး ကောလိပ်ကျောင်းသားများသည် ဆက်လက်ပညာသင်ယူခွင့်မူကို ကိုင်စွဲထားဆဲဖြစ်သည် စတဲ့စာရွက်တွေကို ကျောင်းရှေ့ရှိ ဒို့တာဝန်အရေးသုံးပါး ဆိုင်းဘုတ်၊ ကျောင်းအဝင် သံတံခါးပေါက်၊ ဂိတ်ပေါက်၊ ကျောင်းစာသင်ခန်း တံခါးတွေ၊ ကျောင်းဆောင်နဲ့ နားနေဆောင်ရှိ Notice Board တွေ၊ ကျောင်းအတွင်း ဝင်လမ်း တလျောက်နဲ့ လူသွားလူလာများတဲ့နေရာတွေမှာ လိုက်လံကပ်ပြီး ကမ်ပိန်းပြုလုပ် တောင်းဆို ခဲ့တာပါ။

ကမ်ပိန်းလှုပ်ရှားမှုတွေကို ရန်ကင်း (ရန်ကုန်)၊ ပခုက္ကူ၊ ဟားခါး၊ မုံရွာ၊ မန္တလေး၊ မကွေးပညာရေးကောလိပ်တွေမှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ရဲမင်းခေါင်




အေဝးသင္ခြင့္ အလုံအေလာက္ရရွိေရး ဘားအံပညာေရးေကာလိပ္တြင္ ကမ္ပိန္းလုပ္ေတာင္းဆို
ဒီဗြီဘီ

အေဝးသင္ပညာသင္ယူခြင့္ အလုံအေလာက္ရရွိေရးအတြက္ ဘားအံပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢၢက ဦးေဆာင္ၿပီး ကရင္ျပည္နယ္ ဘားအံပညာေရးေကာလိပ္ ေက်ာင္းဝန္းအတြင္း မွာ စက္တင္ဘာ ၁၉ ရက္ ေန႔လယ္ပိုင္းက စတစ္ကာကမ္ပိန္းျပဳလုပ္ ေတာင္းဆိုခဲ့ၾကပါတယ္။

စတစ္ကာကမ္ပိန္းကို ပညာေရးေကာလိပ္ဆင္း ဆရာ ဆရာမေတြနဲ႔ လက္ရွိပညာေရး ေကာလိပ္တက္ေရာက္ေနတဲ့ သင္တန္းသူ သင္တန္းသားေတြရဲ႕ အ‌ေဝးသင္ပညာေရး တက္ေရာက္ မႈမွာ သတ္မွတ္ခြင့္ရက္နဲ႔ လုံေလာက္မႈမရွိတဲ့အတြက္ ပညာဆက္လက္သင္ယူရာမွာ အခက္အခဲမရွိေစဖို႔၊ လုံေလာက္တဲ့ ခြင့္ရက္သတ္မွတ္ေပးဖို႔ ရည္႐ြယ္ ျပဳလုပ္ခဲ့တာပါ။

ဘားအံပညာေရးေကာလိပ္ေက်ာင္းသားသမဂၢအဖြဲ႕ဝင္၊ ေမာင္ေအာင္ဆန္းဉီး(ဉီးေဆာင္သူ) က “ပညာေရးတက္ေနတဲ့ဆရာ ဆရာမေတြကို ပညာေရးဝန္ႀကီးဌာန႐ုံးကေန ခြင့္ရက္ ၁၇ ရက္ေပး ထားတယ္ ေျပာတယ္။ ဒါေပမယ့္ တိတိက်က် စာနဲ႔ထုတ္ျပန္ေပးထားတာမရွိဘူး။ ဒီ ၁၇ ရက္နဲ႔ ပညာေရးေကာလိပ္ ဆရာ ဆရာမေတြအေနနဲ႔က ပညာသင္ဖို႔အတြက္ လုံေလာက္မႈမရွိဘူး။ တခ်ိဳ႕ ရပ္ေဝးတဲ့ ဆရာ ဆရာမေတြဆိုရင္ ဒီအေဝးသင္လာတက္ဖို႔အတြက္ အခက္အခဲေတြ ရွိတယ္”လို႔ ေျပာပါတယ္။

အေျခခံပညာဆက္လက္သင္ယူရာမွာ ခြင့္အလုံအေလာက္ ရရွိေရး၊ အေဝးသင္ တက္ေရာက္ခြင့္ အလုံအေလာက္ရရွိေရး၊ ကြၽႏ္ုပ္တို႔ပညာေရး ေကာလိပ္ေက်ာင္းသားမ်ားသည္ ဆက္လက္ပညာသင္ယူခြင့္မူကို ကိုင္စြဲထားဆဲျဖစ္သည္ စတဲ့စာ႐ြက္ေတြကို ေက်ာင္းေရွ႕ရွိ ဒို႔တာဝန္အေရးသုံးပါး ဆိုင္းဘုတ္၊ ေက်ာင္းအဝင္ သံတံခါးေပါက္၊ ဂိတ္ေပါက္၊ ေက်ာင္းစာသင္ခန္း တံခါးေတြ၊ ေက်ာင္းေဆာင္နဲ႔ နားေနေဆာင္ရွိ Notice Board ေတြ၊ ေက်ာင္းအတြင္း ဝင္လမ္း တေလ်ာက္နဲ႔ လူသြားလူလာမ်ားတဲ့ေနရာေတြမွာ လိုက္လံကပ္ၿပီး ကမ္ပိန္းျပဳလုပ္ ေတာင္းဆို ခဲ့တာပါ။

ကမ္ပိန္းလႈပ္ရွားမႈေတြကို ရန္ကင္း (ရန္ကုန္)၊ ပခုကၠဴ၊ ဟားခါး၊ မုံ႐ြာ၊ မႏၲေလး၊ မေကြးပညာေရးေကာလိပ္ေတြမွာ ျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။
ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013