DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ငလျင်ဘေး ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
DVB
·
September 20, 2019
ဝမ်းတွင်းတွင် ငလျင်ဘေး ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
1 / 5
Donate to DVB

ဝမ်းတွင်းမြို့နယ်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ် တည်ရှိနေတာကြောင့် နိုင်ငံတကားအဆင့်မီ ငလျင်ဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် သဲတောလွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ စက်တင်ဘာ ၁၉ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။

မိတ္ထီလာခရိုင်မီးသတ်ဦးစီမှူး ဦးကျော်ဆန်းက "ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဖြစ်ပေါ်လာရင် ကူညီကယ်ဆယ်ရေးအတွက် တပ်စုအဆင့် မီသတ်တပ်ဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ အချိန်နဲ့ တပြေးညီ ကူညီကယ်ဆယ်ပြီး ထိခိုက်မှု ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်နဲ့ ပြည်သူတွေရဲ့ အသက်တွေ အမြန်ဆုံးကယ်ဆယ်နိုင်ဖို့ အခုလို ဇာတ်တိုက်လေ့ကျင့်မှု လုပ်နေတာပါ။ ၃၅ ဦး ဖွဲ့စည်းထားရှိတာက စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ ဝမ်းတွင်းမြို့နယ်က တည်ရှိနေပါတယ်။ အခုပြုလုပ်တဲ့ ဇာတ်တိုက်လေ့ကျင့်မှူဟာ နိုင်ငံတကာ အဆင့်မီ လေ့ကျင့်လုပ်ဆောင်တာပါ" လို့ ဒီဗွီဘီ ကိုပြောပါတယ်။

ဒေသခံကိုတင်ဆင့်က "ဒီနေ့ပြုလုပ်သွားတဲ့ ငလျင်ဘေး ဖြစ်လာရင် မီးသတ်တပ်ဖွဲ့အနေနဲ့ ကူညီကယ်ဆယ်ရေး ဘယ်လိုလုပ်ပေးမယ်ဆိုတာ သရုပ်ပြသွားတယ်။ ပြည်သူတွေကိုလည်း ငလျင်ဘေးဖြစ်တတ်တာကို နိုးဆော်တဲ့ အနေနဲ့ အလန်းပေးသွားတာ ပြည်သူတွေကိုယ်စား ကျေဇူးတင်နေပါတယ်" လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်အတွင်းရှိ သာစည် မလှိုင်၊ ဝမ်းတွင်း၊ မိတ္ထီလာ ၄မြို့နယ်မှာ ဝမ်းတွင်းက ငလျင်အဖြစ်နိုင်ဆုံးမြို့လို့ ဆိုပါတယ်။ 

ဒီနေ့ပြုလုပ်တဲ့ ငလျင်ဘေး ကူညီကယ်ဆယ်ရေး ဇာတ်တိုက်ပြုလုပ်တာကို ကျောင်းသား ကျောင်းသူတွေနဲ့ အလွှာပေါင်းစုံက ပြည်သူ ၅၀၀ လောက် လာရောက်ကြပါတယ်။ 

ဝမ်းတွင်းမြို့နယ်မှာ လူဦးရေ ၂ သိန်းခွဲလောက်ရှိပြီး အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ၊ လယ်ယာလုပ်ငန်းတို့နဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ 

ပုဂံငလျင်ကြီးတွေ လှုပ်ခတ်စဉ်က ဝမ်းတွင်းမြို့နယ်မှာလည်း ငလျင်လှုပ်တာရှိခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာဖြစ်ခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း




ဝမ္းတြင္းတြင္ ငလ်င္ေဘး ကယ္ဆယ္ေရး ဇာတ္တိုက္ေလ့က်င့္
DVB

ဝမ္းတြင္းၿမိဳ႕နယ္ဟာ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာေပၚ တည္ရွိေနတာေၾကာင့္ ႏိုင္ငံတကားအဆင့္မီ ငလ်င္ေဘးကယ္ဆယ္ေရး ဇာတ္တိုက္ေလ့က်င့္မႈကို မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္ သဲေတာလြတ္လပ္ေရးေက်ာက္တိုင္ကြင္းမွာ စက္တင္ဘာ ၁၉ ရက္မနက္က ျပဳလုပ္ခဲ့ပါတယ္။

မိတၳီလာခ႐ိုင္မီးသတ္ဦးစီမႉး ဦးေက်ာ္ဆန္းက "ဝမ္းတြင္းၿမိဳ႕နယ္မွာ ငလ်င္ျဖစ္ေပၚလာရင္ ကူညီကယ္ဆယ္ေရးအတြက္ တပ္စုအဆင့္ မီသတ္တပ္ဖြဲ႕ဝင္ ၃၅ ဦးနဲ႔ ဖြဲ႕စည္းထားပါတယ္။ အခ်ိန္နဲ႔ တေျပးညီ ကူညီကယ္ဆယ္ၿပီး ထိခိုက္မႈ ပ်က္စီးဆုံးရႈံးမႈ အနည္းဆုံးျဖစ္ေအာင္နဲ႔ ျပည္သူေတြရဲ႕ အသက္ေတြ အျမန္ဆုံးကယ္ဆယ္ႏိုင္ဖို႔ အခုလို ဇာတ္တိုက္ေလ့က်င့္မႈ လုပ္ေနတာပါ။ ၃၅ ဦး ဖြဲ႕စည္းထားရွိတာက စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာေပၚမွာ ဝမ္းတြင္းၿမိဳ႕နယ္က တည္ရွိေနပါတယ္။ အခုျပဳလုပ္တဲ့ ဇာတ္တိုက္ေလ့က်င့္မႉဟာ ႏိုင္ငံတကာ အဆင့္မီ ေလ့က်င့္လုပ္ေဆာင္တာပါ" လို႔ ဒီဗြီဘီ ကိုေျပာပါတယ္။

ေဒသခံကိုတင္ဆင့္က "ဒီေန႔ျပဳလုပ္သြားတဲ့ ငလ်င္ေဘး ျဖစ္လာရင္ မီးသတ္တပ္ဖြဲ႕အေနနဲ႔ ကူညီကယ္ဆယ္ေရး ဘယ္လိုလုပ္ေပးမယ္ဆိုတာ သ႐ုပ္ျပသြားတယ္။ ျပည္သူေတြကိုလည္း ငလ်င္ေဘးျဖစ္တတ္တာကို ႏိုးေဆာ္တဲ့ အေနနဲ႔ အလန္းေပးသြားတာ ျပည္သူေတြကိုယ္စား ေက်ဇူးတင္ေနပါတယ္" လို႔ ေျပာပါတယ္။

မိတၳီလာခ႐ိုင္အတြင္းရွိ သာစည္ မလႈိင္၊ ဝမ္းတြင္း၊ မိတၳီလာ ၄ၿမိဳ႕နယ္မွာ ဝမ္းတြင္းက ငလ်င္အျဖစ္ႏိုင္ဆုံးၿမိဳ႕လို႔ ဆိုပါတယ္။

ဒီေန႔ျပဳလုပ္တဲ့ ငလ်င္ေဘး ကူညီကယ္ဆယ္ေရး ဇာတ္တိုက္ျပဳလုပ္တာကို ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ အလႊာေပါင္းစုံက ျပည္သူ ၅၀၀ ေလာက္ လာေရာက္ၾကပါတယ္။

ဝမ္းတြင္းၿမိဳ႕နယ္မွာ လူဦးေရ ၂ သိန္းခြဲေလာက္ရွိၿပီး အေသးစား အလတ္စား စက္မႈလုပ္ငန္းေတြ၊ လယ္ယာလုပ္ငန္းတို႔နဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳၾကပါတယ္။
ပုဂံငလ်င္ႀကီးေတြ လႈပ္ခတ္စဥ္က ဝမ္းတြင္းၿမိဳ႕နယ္မွာလည္း ငလ်င္လႈပ္တာရွိခဲ့ပါတယ္။ ပ်က္စီးဆုံးရႈံးမႈ အနည္းငယ္သာျဖစ္ခဲ့ပါတယ္။
သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013