DVB Logo
Home
မြန်မာသတင်း
အလဲဗင်းမီဒီယာကို စွဲထားသည့်အမှု ၅ နှစ်ကျော်ကြာအထိ မပြီးပြတ်သေး 
DVB
·
September 19, 2019
အလဲဗင်းမီဒီယာကို စွဲထားသည့်အမှု ၅ နှစ်ကျော်ကြာအထိ မပြီးပြတ်သေး 
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနကနေ အလဲဗင်းမီဒီယာရဲ့ တာဝန်ရှိသူတွေကို တရားစွဲဆိုထားတဲ့ အမှု  ငါးနှစ်ကျော်ကြာလာတဲ့အထိ မပြီးပြတ်သေးတာ မဖြစ်သင့်ဘူးလို့ အလဲဗင်း မီဒီယာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အရင်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးရဲထွဋ်လက်ထက်ကတည်းက တရားစွဲဆိုခဲ့တာ ဖြစ်ပြီးအမှုမှာ ငါးနှစ်နီးပါးကြာနေပြီဖြစ်သလို တရားစွဲဆိုခံရတဲ့သူတွေထဲမှာ မသက်ဆိုင်တဲ့သူတွေ ပါနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ အမှုရုံးချိန်းအပြီး မီဒီယာတွေ မေးမြန်းချက်တွေကို အလဲဗင်းမီဒီယာ တာဝန်ရှိသူတွေက ပြောတာပါ။

၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ဖို့ ခွင့်ပြုနေသလားဆိုတဲ့ ကိုနေထွန်း နိုင်ရေးသားခဲ့တဲ့ ဆောင်းပါးမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက အိန္ဒိယကုမ္ပဏီကနေ ပုံနှိပ် စက်တွေ ဝယ်ယူတာမှာ သတ်မှတ်ပေါက်စျေးထက် ပိုမိုမြင့်မားနေကြောင်း ရေးသားခဲ့တာကြောင့် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အလဲဗင်းမီဒီယာဂရုရဲ့ Broadcasting အယ်ဒီတာချုပ် ဦးဝေဖြိုးက "ဒီအမှုမှာ အခုထိ ကြန့်ကြာနေတယ်။ တကယ်တန်းကျတော့ ကျနော်တို့က တရားလို လုပ်ပြီးတော့ တရားစွဲဆိုတဲ့အချိန်တုန်းက အမှုစတင်ဖြစ်စဉ်က ကိုနေထွန်းနိုင်သွားပြီး ဆွေးနွေးတယ်။ ရေးတဲ့အချိန်တုန်းက ဝန်ကြီးက ဦးအောင်ကြည်၊ တရားစွဲဆိုမှုတွေဖြစ်တဲ့အချိန်တုန်းက ဝန်ကြီးက ဦးရဲထွဋ်၊ အခုဆက်ပြီး ရင်ဆိုင်နေရတာက ဝန်ကြီးက ဦးဖေမြင့်။ ဒီအမှု စတင်ဖြစ်တဲ့အခါမှာ တရားလိုလုပ်ခဲ့တဲ့ ဦးဆောင်ညွန်ကြားရေးမှုး ဦးကျော်စိုး၊ ဦးကျော်စိုးက အခု ပြန်ကြားရေး ဝန်ကြီးဌာနမှာ မရှိတော့ဘူး။ ပင်စင်ထိုင်သွားပြီလို့ သိရတယ်။ နောက်တစ်ခါ ဒီဟာကို အကြောင်းပြုပြီးရေးသားခဲ့တဲ့ အများပြည်သူ ဝန်ဆောင်မှုမီဒီယာဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒီပုံနှိပ်စက်ကိစ္စတွေမှာ မလိုလားအပ်ဘဲ တိုင်းပြည်ဘဏ္ဍာတွေ နစ်နာမှာ စိုးလို့ ထောက်ပြခဲ့တယ်၊ ရေးသားခဲ့တယ်။ ဥပဒေကလည်း လွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနကပဲ ပြန်ရုပ်သိမ်းသွား တယ်။ အဲတော့ ကျန်တာဆိုလို့ ဒီဥပဒေလည်း ဘာမှ မကျန်တော့ဘူး။ တရားလိုလုပ်တဲ့ ဦးကျော်စိုး ကလည်း ပင်စင်ထိုင် သွားပြီ။ ကျန်တာဆိုလို့ မသက်ဆိုင်ဘဲ စွပ်စွဲခံရသူတွေနဲ့ ကျနော်တို့ပဲ တရားစွဲပြီး အမှုတန်းလန်းနဲ့ ကျန်ခဲ့တယ်။ ဒါကတော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်"လို့ ပြောပါတယ်။

တရားစွဲဆိုခံထားရသူတွေမှာ အလဲဗင်းမီဒီယာအုပ်စုရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းထွဋ်အောင်၊ မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာ သိန်းမြင့်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဒုတိယ အယ်ဒီတာချုပ် ဦးမြတ်သစ်နဲ့ တာဝန်ခံအယ်ဒီတာ ကိုနေထွန်းနိုင်တို့ဖြစ်ပြီး ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီအမှုမှာ ပထမဆုံး သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တဲ့ Weekly Eleven News ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေလင်းက  "ဒီအမှုမှာ ဘာမှမဆိုင်တဲ့ အုပ်ချုပ်ရေးပိုင်းက CEO တို့၊ မန်းနေဂျင်းဒါရိုက်တာတို့ ထည့်ပြီးစွဲထားတယ်။ အဲဒါကြောင့် ဘာမှ မဆိုင်ဘဲ စွဲခံထားရတဲ့ သူတွေလည်း နစ်နာတယ်။ အဲလို မဆိုင်တဲ့သူတွေကို စွဲထားတဲ့အတွက် အမှုကလည်း ကြန့်ကြာတယ်။ ဒီအမှုက အရင်ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က စွဲခဲ့တာ။ ဦးရဲထွဋ်က စွဲခဲ့တာကို အခု ဒီအချိန်ထိ ဆက်သွား နေတုန်းပဲ ရှိသေးတယ်။ ဒီအမှုက မကြာလည်း မကြာသင့်ဘူး။ ကျွန်တော်တို့က တိုင်းပြည်ဘဏ္ဍာနစ်နာတာ ဖြစ်မှာစိုးတဲ့ အတွက် ရေးသားတာဖြစ်တယ်။ ဒါကို စွဲထားတာ"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရုံးချိန်းတုန်းမှာ တရားရုံးတွေမှာ အမှုတွေကို မလိုလားအပ်ဘဲ မကြန့်ကြာဖို့ ဆောင်ရွက်တဲ့ CMP စနစ်အရ စွပ်စွဲခံရသူနဲ့ စွပ်စွဲသူဘက်က နှစ်ဦးနှစ်ဖက်တွေ့ပြီး တရားရုံးမှာ ဒီအမှုကို ဘာဆက်လုပ်မလည်းဆိုတာ လာပြီး  ရှင်းလင်းပေးဖို့၊ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ပေးဖို့ ရုံးတော်ကို တင်ပြခဲ့ပေမယ့် တရားလိုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေအနေနဲ့ အကြောင်းပြန်တာ မရှိဘူးခဲ့ဘူးလို့ ဦးဝေဖြိုးက ပြောပါတယ်။




အလဲဗင္းမီဒီယာကို စြဲထားသည့္အမႈ ၅ ႏွစ္ေက်ာ္ၾကာအထိ မၿပီးျပတ္ေသး
ေနၿဖိဳးဝင္း

ျပန္ၾကားေရးဝန္ႀကီးဌာနကေန အလဲဗင္းမီဒီယာရဲ႕ တာဝန္ရွိသူေတြကို တရားစြဲဆိုထားတဲ့ အမႈ ငါးႏွစ္ေက်ာ္ၾကာလာတဲ့အထိ မၿပီးျပတ္ေသးတာ မျဖစ္သင့္ဘူးလို႔ အလဲဗင္း မီဒီယာ တာဝန္ရွိသူေတြက ေျပာၾကားလိုက္ပါတယ္။

အရင္အစိုးရ ျပန္ၾကားေရးဝန္ႀကီးဌာန ဝန္ႀကီးေဟာင္း ဦးရဲထြဋ္လက္ထက္ကတည္းက တရားစြဲဆိုခဲ့တာ ျဖစ္ၿပီးအမႈမွာ ငါးႏွစ္နီးပါးၾကာေနၿပီျဖစ္သလို တရားစြဲဆိုခံရတဲ့သူေတြထဲမွာ မသက္ဆိုင္တဲ့သူေတြ ပါေနတယ္လို႔ ဆိုပါတယ္။

စက္တင္ဘာ ၁၉ ရက္ေန႔က ပုဗၺသီရိၿမိဳ႕နယ္ တရား႐ုံးမွာ အမႈ႐ုံးခ်ိန္းအၿပီး မီဒီယာေတြ ေမးျမန္းခ်က္ေတြကို အလဲဗင္းမီဒီယာ တာဝန္ရွိသူေတြက ေျပာတာပါ။

၂၀၁၄ ခုႏွစ္ ဇြန္လ ၂ ရက္ေန႔ထုတ္ Weekly Eleven ဂ်ာနယ္မွာ အမ်ားျပည္သူဆိုင္ရာ ဝန္ေဆာင္မႈ မီဒီယာဥပေဒက ႏိုင္ငံပိုင္မီဒီယာေတြကို သြယ္ဝိုက္ေသာအားျဖင့္ ျပည္သူ႔ဘ႑ာေငြ အလြဲသုံးစားမႈျပဳလုပ္ဖို႔ ခြင့္ျပဳေနသလားဆိုတဲ့ ကိုေနထြန္း ႏိုင္ေရးသားခဲ့တဲ့ ေဆာင္းပါးမွာ ျပန္ၾကားေရးဝန္ႀကီးဌာန သတင္းႏွင့္ စာနယ္ဇင္းလုပ္ငန္းက အိႏၵိယကုမၸဏီကေန ပုံႏွိပ္ စက္ေတြ ဝယ္ယူတာမွာ သတ္မွတ္ေပါက္ေစ်းထက္ ပိုမိုျမင့္မားေနေၾကာင္း ေရးသားခဲ့တာေၾကာင့္ သတင္းႏွင့္ စာနယ္ဇင္း လုပ္ငန္းဦးေဆာင္ၫြန္ၾကားေရးမႉး ဦးေက်ာ္စိုးက တရားလိုျပဳလုပ္ၿပီး တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

အလဲဗင္းမီဒီယာဂ႐ုရဲ႕ Broadcasting အယ္ဒီတာခ်ဳပ္ ဦးေဝၿဖိဳးက "ဒီအမႈမွာ အခုထိ ၾကန႔္ၾကာေနတယ္။ တကယ္တန္းက်ေတာ့ က်ေနာ္တို႔က တရားလို လုပ္ၿပီးေတာ့ တရားစြဲဆိုတဲ့အခ်ိန္တုန္းက အမႈစတင္ျဖစ္စဥ္က ကိုေနထြန္းႏိုင္သြားၿပီး ေဆြးေႏြးတယ္။ ေရးတဲ့အခ်ိန္တုန္းက ဝန္ႀကီးက ဦးေအာင္ၾကည္၊ တရားစြဲဆိုမႈေတြျဖစ္တဲ့အခ်ိန္တုန္းက ဝန္ႀကီးက ဦးရဲထြဋ္၊ အခုဆက္ၿပီး ရင္ဆိုင္ေနရတာက ဝန္ႀကီးက ဦးေဖျမင့္။ ဒီအမႈ စတင္ျဖစ္တဲ့အခါမွာ တရားလိုလုပ္ခဲ့တဲ့ ဦးေဆာင္ၫြန္ၾကားေရးမႈး ဦးေက်ာ္စိုး၊ ဦးေက်ာ္စိုးက အခု ျပန္ၾကားေရး ဝန္ႀကီးဌာနမွာ မရွိေတာ့ဘူး။ ပင္စင္ထိုင္သြားၿပီလို႔ သိရတယ္။ ေနာက္တစ္ခါ ဒီဟာကို အေၾကာင္းျပဳၿပီးေရးသားခဲ့တဲ့ အမ်ားျပည္သူ ဝန္ေဆာင္မႈမီဒီယာဥပေဒနဲ႔ ပတ္သက္ၿပီးေတာ့ ဒီပုံႏွိပ္စက္ကိစၥေတြမွာ မလိုလားအပ္ဘဲ တိုင္းျပည္ဘ႑ာေတြ နစ္နာမွာ စိုးလို႔ ေထာက္ျပခဲ့တယ္၊ ေရးသားခဲ့တယ္။ ဥပေဒကလည္း လႊတ္ေတာ္မွာ ျပန္ၾကားေရးဝန္ႀကီးဌာနကပဲ ျပန္႐ုပ္သိမ္းသြား တယ္။ အဲေတာ့ က်န္တာဆိုလို႔ ဒီဥပေဒလည္း ဘာမွ မက်န္ေတာ့ဘူး။ တရားလိုလုပ္တဲ့ ဦးေက်ာ္စိုး ကလည္း ပင္စင္ထိုင္ သြားၿပီ။ က်န္တာဆိုလို႔ မသက္ဆိုင္ဘဲ စြပ္စြဲခံရသူေတြနဲ႔ က်ေနာ္တို႔ပဲ တရားစြဲၿပီး အမႈတန္းလန္းနဲ႔ က်န္ခဲ့တယ္။ ဒါကေတာ့ မျဖစ္သင့္ဘူးလို႔ ယူဆတယ္"လို႔ ေျပာပါတယ္။
တရားစြဲဆိုခံထားရသူေတြမွာ အလဲဗင္းမီဒီယာအုပ္စုရဲ႕ ဥကၠ႒ ေဒါက္တာ သန္းထြဋ္ေအာင္၊ မန္းေနဂ်င္းဒါ႐ိုက္တာ ေဒါက္တာ သိန္းျမင့္၊ အယ္ဒီတာခ်ဳပ္ ဦးေဝၿဖိဳး၊ ဒုတိယ အယ္ဒီတာခ်ဳပ္ ဦးျမတ္သစ္နဲ႔ တာဝန္ခံအယ္ဒီတာ ကိုေနထြန္းႏိုင္တို႔ျဖစ္ၿပီး ပုဒ္မ ၅၀၀ အသေရဖ်က္မႈနဲ႔ ပုဗၺသီရိၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲဆိုထားတာျဖစ္ပါတယ္။

ဒီအမႈမွာ ပထမဆုံး သက္ေသအျဖစ္ လာေရာက္ထြက္ဆိုခဲ့တဲ့ Weekly Eleven News ဂ်ာနယ္ရဲ႕ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္ေဇလင္းက "ဒီအမႈမွာ ဘာမွမဆိုင္တဲ့ အုပ္ခ်ဳပ္ေရးပိုင္းက CEO တို႔၊ မန္းေနဂ်င္းဒါ႐ိုက္တာတို႔ ထည့္ၿပီးစြဲထားတယ္။ အဲဒါေၾကာင့္ ဘာမွ မဆိုင္ဘဲ စြဲခံထားရတဲ့ သူေတြလည္း နစ္နာတယ္။ အဲလို မဆိုင္တဲ့သူေတြကို စြဲထားတဲ့အတြက္ အမႈကလည္း ၾကန႔္ၾကာတယ္။ ဒီအမႈက အရင္ျပန္ၾကားေရး ဝန္ႀကီး ဦးရဲထြဋ္က စြဲခဲ့တာ။ ဦးရဲထြဋ္က စြဲခဲ့တာကို အခု ဒီအခ်ိန္ထိ ဆက္သြား ေနတုန္းပဲ ရွိေသးတယ္။ ဒီအမႈက မၾကာလည္း မၾကာသင့္ဘူး။ ကြၽန္ေတာ္တို႔က တိုင္းျပည္ဘ႑ာနစ္နာတာ ျဖစ္မွာစိုးတဲ့ အတြက္ ေရးသားတာျဖစ္တယ္။ ဒါကို စြဲထားတာ"လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့႐ုံးခ်ိန္းတုန္းမွာ တရား႐ုံးေတြမွာ အမႈေတြကို မလိုလားအပ္ဘဲ မၾကန႔္ၾကာဖို႔ ေဆာင္႐ြက္တဲ့ CMP စနစ္အရ စြပ္စြဲခံရသူနဲ႔ စြပ္စြဲသူဘက္က ႏွစ္ဦးႏွစ္ဖက္ေတြ႕ၿပီး တရား႐ုံးမွာ ဒီအမႈကို ဘာဆက္လုပ္မလည္းဆိုတာ လာၿပီး ရွင္းလင္းေပးဖို႔၊ ဥပေဒပါ ျပ႒ာန္းခ်က္ေတြအတိုင္း ေဆာင္႐ြက္ေပးဖို႔ ႐ုံးေတာ္ကို တင္ျပခဲ့ေပမယ့္ တရားလိုျဖစ္တဲ့ ျပန္ၾကားေရးဝန္ႀကီးဌာနဘက္က တာဝန္ရွိသူေတြအေနနဲ႔ အေၾကာင္းျပန္တာ မရွိဘူးခဲ့ဘူးလို႔ ဦးေဝၿဖိဳးက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013