DVB Logo
Home
မြန်မာသတင်း
အရှုံးမပေးတဲ့ ဇွဲနဲ့ မျက်မမြင်အော်တစ်ဇင်အဆိုတော်လေး(သို့)2019 America’s Got Talent Winner ဆုရှင်(ရုပ်သံ)
DVB
·
September 19, 2019
အရှုံးမပေးတဲ့ ဇွဲနဲ့ မျက်မမြင်အော်တစ်ဇင်အဆိုတော်လေး(သို့)2019 America’s Got Talent Winner ဆုရှင်(ရုပ်သံ)
Donate to DVB

ကမ္ဘာမှာ သြဇာကြီးမားပြီး အမျိုးမျိုးသော စွမ်းရည်တွေ ထုတ်ဖော်ပြသရတဲ့ ပြိုင် ပွဲတခုဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ America’s Got Talent ပြိုင်ပွဲမှာတော့ အသက် ၂၂ နှစ်အ ရွယ် Kodi Lee က အဆိုစွမ်းရည်ပြသပြီး Winner ဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

သာမန်အားဖြင့်တော့ ဒါဟာ မထူးခြားဘူးလို့ ထင်စရာ ရှိနေပေမယ့် Kodi Lee အတွက်တော့ ထူးခြားတဲ့ စွမ်းဆောင်နိုင်မှုတခု ဖြစ်နေခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူ ဟာ မျက်မမြင်အော်တစ်ဇင် လူရွယ်တဦး ဖြစ်နေလို့ပါပဲ။

Audition အဆင့်ပြိုင်ပွဲတုန်းက သူဟာ မိခင်ရဲ့အကူအညီနဲ့ စင်မြင့်ပေါ် တက် လာခဲ့ပြီး သူရဲ့ ဂီတပါရမီကို ကမ္ဘာသိအောင် ပြသနိုင်ခဲ့တာပါ။ ကျွမ်းကျင်တဲ့ စန္ဒယား တီးခတ်မှုနဲ့ အဆိုတော် Donny Hathaway ရဲ့ A Song For You သီချင်းကို သီဆိုပြခဲ့ တာဟာ သူ့ရဲ့ ဘဝတဆစ်ချိုးမှတ်တိုင်တခု ဖြစ်ခဲ့ပါတယ်။

ဒိုင်တွေနဲ့ စကားပြောဆို အမေးအဖြေပြုလုပ်ချိန်မှာ စကားတုံ့နှေးခဲ့တဲ့ Kodi Lee ရဲ့ အဆို ပါရမီအစွမ်းကတော့ ဒိုင်တွေအားလုံးကို ဆွံ့အအံ့အားသင့်သွားစေခဲ့ရပြီး ဒိုင်တဦးဖြစ်တဲ့ Gabrielle Union ဆီက Golden Buzzer ရရှိခဲ့တဲ့အထိ ဆွဲဆောင်နိုင်ခဲ့ ပါတယ်။

ခုနောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ Kodi Lee ဟာ Golden Buzzer ရရှိထားတဲ့ ပြိုင်ဘက် ၅ ဦးအပါအဝင် စုစုပေါင်းပြိုင်ပွဲဝင် ၉ ဦးကို ဖြတ်ကျော်ခဲ့ရတာပါ။

ဒီတခါမှာတော့ သူက အဆိုတော် Calum Scott ရဲ့ You Are the Reason သီ ချင်းကို နာမည်ကျော်အမေရိကန်အဆိုတော် Leona Lewis  နဲ့အတူ တွဲဖက်ကာ ပိုင် ပိုင်နိုင်နိုင်သီဆိုအစွမ်းပြပြီး အားလုံးရဲ့ အာရုံတွေကို ဖမ်းစားနိုင်ခဲ့တာပါ။

Winner ဆုရှင်ကို ကြေငြာရာမှာတော့ Kodi Lee က ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁ သန်းကို ယူဆောင်ပြီး ၁၄ ကြိမ်မြောက် America’s Got Talent ရဲ့ Winner ဖြစ်လာခဲ့ပါပြီ။

Kodi Lee က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှတဆင့် “ကျနော့်ကို မဲပေးခဲ့ ကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ AGT Winner တယောက်ဖြစ်လာတာကို ယုံကြည်လို့ မရသေးဘူး။ ပြိုင်ပွဲတလျှောက် ကျနော့်အပေါ်ထားတဲ့ မေတ္တာနဲ့ ပံ့ပိုးပေး မှုတွေကြောင့်လို့ ခံစားရပါတယ်။ အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို မ စောင့်နိုင်တော့ဘူး”လို့ ရေးသားထားခဲ့တာပါ။

ထင်မှတ်မထားရလောက်အောင် ကောင်းလွန်းတဲ့ အသံပါရမီနဲ့ Kodi Lee ရဲ့ ငယ်ဘဝကလည်း ကရုဏာသက်စရာ ကောင်းနေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မှာ မွေးဖွားခဲ့တဲ့ Kodi Lee ဟာ ၄ နှစ်သားအရွယ်ကတည်းက  အော်တစ်ဇင်ကလေး ငယ်တဦးအနေနဲ့ ဖြတ်သန်းခဲ့ရတာ ဖြစ်ပြီး ပြိုင်ပွဲတလျှောက်မှာလည်း မိခင်ဖြစ်သူ Tina ရဲ့ လိုက်ပါစောင့်ရှောက်မှုနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။

မတူညီတဲ့ နယ်ပယ်အသီးသီးက ကွဲပြားတဲ့ စွမ်းရည်တွေနဲ့ ယှဉ်ပြိုင်အစွမ်းပြရတဲ့ ဒီပြိုင်ပွဲမှာ မနှစ်ကတော့ အနီးကပ်မျက်လှည့်ပညာရှင် Shin Lim က ရရှိခဲ့ပြီး ရှေ့တနှစ် ကတော့ လက်ထိုးအရုပ်ကလေးတွေနဲ့ အစွမ်းပြခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး Darci Lynne တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

=====================================================

အရႈံးမေပးတဲ့ ဇြဲနဲ႔ မ်က္မျမင္ေအာ္တစ္ဇင္အဆိုေတာ္ေလး(သို႔)2019 America’s Got Talent Winner ဆုရွင္(႐ုပ္သံ)

DVB

ကမာၻမွာ ၾသဇာႀကီးမားၿပီး အမ်ိဳးမ်ိဳးေသာ စြမ္းရည္ေတြ ထုတ္ေဖာ္ျပသရတဲ့ ၿပိဳင္ ပြဲတခုျဖစ္တဲ့ ၂၀၁၉ ခုႏွစ္၊ America’s Got Talent ၿပိဳင္ပြဲမွာေတာ့ အသက္ ၂၂ ႏွစ္အ ႐ြယ္ Kodi Lee က အဆိုစြမ္းရည္ျပသၿပီး Winner ဆုကို ဆြတ္ခူးရရွိသြားခဲ့ပါတယ္။

သာမန္အားျဖင့္ေတာ့ ဒါဟာ မထူးျခားဘူးလို႔ ထင္စရာ ရွိေနေပမယ့္ Kodi Lee အတြက္ေတာ့ ထူးျခားတဲ့ စြမ္းေဆာင္ႏိုင္မႈတခု ျဖစ္ေနခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ သူ ဟာ မ်က္မျမင္ေအာ္တစ္ဇင္ လူ႐ြယ္တဦး ျဖစ္ေနလို႔ပါပဲ။

Audition အဆင့္ၿပိဳင္ပြဲတုန္းက သူဟာ မိခင္ရဲ႕အကူအညီနဲ႔ စင္ျမင့္ေပၚ တက္ လာခဲ့ၿပီး သူရဲ႕ ဂီတပါရမီကို ကမာၻသိေအာင္ ျပသႏိုင္ခဲ့တာပါ။ ကြၽမ္းက်င္တဲ့ စႏၵယား တီးခတ္မႈနဲ႔ အဆိုေတာ္ Donny Hathaway ရဲ႕ A Song For You သီခ်င္းကို သီဆိုျပခဲ့ တာဟာ သူ႔ရဲ႕ ဘဝတဆစ္ခ်ိဳးမွတ္တိုင္တခု ျဖစ္ခဲ့ပါတယ္။

ဒိုင္ေတြနဲ႔ စကားေျပာဆို အေမးအေျဖျပဳလုပ္ခ်ိန္မွာ စကားတုံ႔ေႏွးခဲ့တဲ့ Kodi Lee ရဲ႕ အဆို ပါရမီအစြမ္းကေတာ့ ဒိုင္ေတြအားလုံးကို ဆြံ႕အအံ့အားသင့္သြားေစခဲ့ရၿပီး ဒိုင္တဦးျဖစ္တဲ့ Gabrielle Union ဆီက Golden Buzzer ရရွိခဲ့တဲ့အထိ ဆြဲေဆာင္ႏိုင္ခဲ့ ပါတယ္။

ခုေနာက္ဆုံးအဆင့္ၿပိဳင္ပြဲမွာေတာ့ Kodi Lee ဟာ Golden Buzzer ရရွိထားတဲ့ ၿပိဳင္ဘက္ ၅ ဦးအပါအဝင္ စုစုေပါင္းၿပိဳင္ပြဲဝင္ ၉ ဦးကို ျဖတ္ေက်ာ္ခဲ့ရတာပါ။

ဒီတခါမွာေတာ့ သူက အဆိုေတာ္ Calum Scott ရဲ႕ You Are the Reason သီ ခ်င္းကို နာမည္ေက်ာ္အေမရိကန္အဆိုေတာ္ Leona Lewis  နဲ႔အတူ တြဲဖက္ကာ ပိုင္ ပိုင္ႏိုင္ႏိုင္သီဆိုအစြမ္းျပၿပီး အားလုံးရဲ႕ အာ႐ုံေတြကို ဖမ္းစားႏိုင္ခဲ့တာပါ။

Winner ဆုရွင္ကို ေၾကျငာရာမွာေတာ့ Kodi Lee က ဆုေၾကးေငြ အေမရိကန္ ေဒၚလာ ၁ သန္းကို ယူေဆာင္ၿပီး ၁၄ ႀကိမ္ေျမာက္ America’s Got Talent ရဲ႕ Winner ျဖစ္လာခဲ့ပါၿပီ။

Kodi Lee က သူ႔ရဲ႕ အင္စတာဂရမ္စာမ်က္ႏွာေပၚမွတဆင့္ “က်ေနာ့္ကို မဲေပးခဲ့ ၾကသူေတြ အားလုံးကို ေက်းဇူးတင္ပါတယ္။ AGT Winner တေယာက္ျဖစ္လာတာကို ယုံၾကည္လို႔ မရေသးဘူး။ ၿပိဳင္ပြဲတေလွ်ာက္ က်ေနာ့္အေပၚထားတဲ့ ေမတၱာနဲ႔ ပံ့ပိုးေပး မႈေတြေၾကာင့္လို႔ ခံစားရပါတယ္။ အနာဂတ္မွာ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကို မ ေစာင့္ႏိုင္ေတာ့ဘူး”လို႔ ေရးသားထားခဲ့တာပါ။

ထင္မွတ္မထားရေလာက္ေအာင္ ေကာင္းလြန္းတဲ့ အသံပါရမီနဲ႔ Kodi Lee ရဲ႕ ငယ္ဘဝကလည္း က႐ုဏာသက္စရာ ေကာင္းေနပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ မွာ ေမြးဖြားခဲ့တဲ့ Kodi Lee ဟာ ၄ ႏွစ္သားအ႐ြယ္ကတည္းက  ေအာ္တစ္ဇင္ကေလး ငယ္တဦးအေနနဲ႔ ျဖတ္သန္းခဲ့ရတာ ျဖစ္ၿပီး ၿပိဳင္ပြဲတေလွ်ာက္မွာလည္း မိခင္ျဖစ္သူ Tina ရဲ႕ လိုက္ပါေစာင့္ေရွာက္မႈနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာပါ။

မတူညီတဲ့ နယ္ပယ္အသီးသီးက ကြဲျပားတဲ့ စြမ္းရည္ေတြနဲ႔ ယွဥ္ၿပိဳင္အစြမ္းျပရတဲ့ ဒီၿပိဳင္ပြဲမွာ မႏွစ္ကေတာ့ အနီးကပ္မ်က္လွည့္ပညာရွင္ Shin Lim က ရရွိခဲ့ၿပီး ေရွ႕တႏွစ္ ကေတာ့ လက္ထိုးအ႐ုပ္ကေလးေတြနဲ႔ အစြမ္းျပခဲ့တဲ့ ဆယ္ေက်ာ္သက္ေကာင္မေလး Darci Lynne တို႔က အသီးသီး ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013