DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် CNG ဆိုင် ၂ ဆိုင်ကို နေရာပြောင်းရွှေ့ပြီး ၁ ဆိုင် ထပ်မံတိုးချဲ့ဖွင့်မည်
DVB
·
September 19, 2019
ရန်ကုန်တွင် CNG ဆိုင် ၂ ဆိုင်ကို နေရာပြောင်းရွှေ့ပြီး ၁ ဆိုင် ထပ်မံတိုးချဲ့ဖွင့်မည်
Donate to DVB

ရန်ကုန်တိုင်းထဲက CNG ဆိုင် ၂ ဆိုင်ကို YBS Terminal များတဲ့ နေရာကို ပြောင်းရွှေ့ပြီး တဆိုင်ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်က ရန်ကုန်တိုင်းဒေသကြီးထဲက CNG အရောင်းဆိုင်တွေက စက်တွေရဲ့ အရည်အသွေးမြင့်မားအောင်ဘယ်လို စီမံထားပါသလဲ မေးခွန်းနဲ့ ဆိုင်ထပ်မံတိုး ချဲ့ဖွင့်လှစ်ပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းတဲ့အပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ အကျိုးဖြစ်ထွန်းတာနည်းတဲ့ CNG ၂ ဆိုင်ကို YBS Terminal များတဲ့ နေရာကို ပြောင်းရွှေ့ပြီး ဆိုင်တဆိုင် ထပ်မံ တိုးချဲ့ ဖွင့်လှစ်သွားမယ်၊ ဒါ့အပြင် CNG ဆိုင်တွေက စက်တွေကို အီတလီ၊ နယူးဇီလန်၊ ကနေဒါ၊ အာဂျင်တီးနားနဲ့တရုတ်နိုင်ငံက စက်တွေကို အသုံးပြုနေပြီး စက်အရည်အသွေး အဆင့်မြင့်တင်တာတွေကို ဘဏ္ဍာနှစ်အလိုက် လုပ်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ  CNG စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ဖော်ဆောင်ခဲ့ပြီး လက်ရှိမှာ ဆိုင် ၄၁ ဆိုင်ဖွင့်လှစ်ထားပါတယ်။




ရန္ကုန္တြင္ CNG ဆိုင္ ၂ ဆိုင္ကို ေနရာေျပာင္းေ႐ႊ႕ၿပီး ၁ ဆိုင္ ထပ္မံတိုးခ်ဲ႕ဖြင့္မည္
အာကာ
ရန္ကုန္တိုင္းထဲက CNG ဆိုင္ ၂ ဆိုင္ကို YBS Terminal မ်ားတဲ့ ေနရာကို ေျပာင္းေ႐ႊ႕ၿပီး တဆိုင္ထပ္မံ တိုးခ်ဲ႕ဖြင့္လွစ္သြားမယ္လို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီးက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ စက္တင္ဘာလ ၁၉ ရက္ေန႔က တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ဦးရန္ရွင္က ရန္ကုန္တိုင္းေဒသႀကီးထဲက CNG အေရာင္းဆိုင္ေတြက စက္ေတြရဲ႕ အရည္အေသြးျမင့္မားေအာင္ဘယ္လို စီမံထားပါသလဲ ေမးခြန္းနဲ႔ ဆိုင္ထပ္မံတိုး ခ်ဲ႕ဖြင့္လွစ္ေပးဖို႔ အစီအစဥ္ရွိမရွိ ေမးျမန္းတဲ့အေပၚ ျပန္လည္ေျဖၾကားခဲ့တာပါ။

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ အက်ိဳးျဖစ္ထြန္းတာနည္းတဲ့ CNG ၂ ဆိုင္ကို YBS Terminal မ်ားတဲ့ ေနရာကို ေျပာင္းေ႐ႊ႕ၿပီး ဆိုင္တဆိုင္ ထပ္မံ တိုးခ်ဲ႕ ဖြင့္လွစ္သြားမယ္၊ ဒါ့အျပင္ CNG ဆိုင္ေတြက စက္ေတြကို အီတလီ၊ နယူးဇီလန္၊ ကေနဒါ၊ အာဂ်င္တီးနားနဲ႔တ႐ုတ္ႏိုင္ငံက စက္ေတြကို အသုံးျပဳေနၿပီး စက္အရည္အေသြး အဆင့္ျမင့္တင္တာေတြကို ဘ႑ာႏွစ္အလိုက္ လုပ္သြားမယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးမွာ CNG စီမံကိန္းကို ၂၀၀၄ ခုႏွစ္မွာ ေဖာ္ေဆာင္ခဲ့ၿပီး လက္ရွိမွာ ဆိုင္ ၄၁ ဆိုင္ဖြင့္လွစ္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013