DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ် သရော်စာရေးခဲ့သူ ဒါဏ်ငွေ ကျပ် ၅ သိန်းချမှတ်ခံရ 
DVB
·
September 19, 2019
လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ် သရော်စာရေးခဲ့သူ ဒါဏ်ငွေ ကျပ် ၅ သိန်းချမှတ်ခံရ 
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို လူမူကွန်ရက် စာမျက်နှာပေါ်မှာ သရော်စာရေးသားခဲ့တဲ့ ဦးခင်အောင်လင်းကို မြစ်သား မြို့နယ်တရားသူကြီးက ဒါဏ်ငွေ ကျပ် ငါး သိန်းချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်ချခံရသူဦးခင်အောင်လင်းက “ကျနော်အနေနဲ့ အပြုသဘောဝေဖန်တာပါ။ ပြုပြင်နိုင်အောင်ဆိုပြီးရေးခဲ့တာ ဒါပေမဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲခဲ့တဲ့အတွက် ဒီကနေ့ အမိန့်ချပါတယ်။ငွေဒဏ် ၅ သိန်း မပေးဆောင်က ထောင်ဒဏ် ၆ လ အမိန့်ချတဲ့အတွက် ငွေဒဏ်  ၅ သိန်းကို ရွေးချယ် ပေးဆောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် မေ ၂၁ ရက်က ဘကြီးလင်း အမည်နဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အမတ်များကို ပြောချင်ပါတယ်ခင်ဗျာ ခေါင်းစဉ်နဲ့လည်းကောင်း၊ မြစ်သားမြို့နယ်တရားရုံးကို ကျောက်ဆည်ခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးက ဘာလာလုပ်တာတုန်း အမှုပွဲစားလားကွယ်စတဲ့ ရေးသားချက်တွေနဲ့ ပတ်သက်ပြီး မြစ်သားမြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်ခံရတာပါ။

ဦးခင်အောင်လင်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်သူလယ်သမားပါတီတစ်ခုကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲဖူးပြီး လက်ရှိမှာ လူ့အခွင့်အရေးလှုပ်ရှားဆောက်ရွက် နေသူတဦးလည်းဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်က အကောင့်ပိုင်ရှင် ဦးခင်အောင်လင်း ကို ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့မှာ မြစ်သားမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။




လႊတ္ေတာ္အမတ္ကို ေဖ့စ္ဘြတ္ခ္ေပၚ သေရာ္စာေရးခဲ့သူ ဒါဏ္ေငြ က်ပ္ ၅ သိန္းခ်မွတ္ခံရ
ေအာင္ေအာင္ႏိုင္

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ကို လူမူကြန္ရက္ စာမ်က္ႏွာေပၚမွာ သေရာ္စာေရးသားခဲ့တဲ့ ဦးခင္ေအာင္လင္းကို ျမစ္သား ၿမိဳ႕နယ္တရားသူႀကီးက ဒါဏ္ေငြ က်ပ္ ငါး သိန္းခ်မွတ္ခဲ့ပါတယ္။

ျပစ္ဒဏ္ခ်ခံရသူဦးခင္ေအာင္လင္းက “က်ေနာ္အေနနဲ႔ အျပဳသေဘာေဝဖန္တာပါ။ ျပဳျပင္ႏိုင္ေအာင္ဆိုၿပီးေရးခဲ့တာ ဒါေပမဲ့ ဆက္သြယ္ေရးဥပေဒပုဒ္မနဲ႔ တရားစြဲခဲ့တဲ့အတြက္ ဒီကေန႔ အမိန႔္ခ်ပါတယ္။ေငြဒဏ္ ၅ သိန္း မေပးေဆာင္က ေထာင္ဒဏ္ ၆ လ အမိန႔္ခ်တဲ့အတြက္ ေငြဒဏ္ ၅ သိန္းကို ေ႐ြးခ်ယ္ ေပးေဆာင္ခဲ့ပါတယ္”လို႔ ေျပာပါတယ္။

၂၀၁၈ ခုႏွစ္ ေမ ၂၁ ရက္က ဘႀကီးလင္း အမည္နဲ႔ လူမႈကြန္ယက္စာမ်က္ႏွာမွာ တိုင္းေဒသႀကီးလႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ အမတ္မ်ားကို ေျပာခ်င္ပါတယ္ခင္ဗ်ာ ေခါင္းစဥ္နဲ႔လည္းေကာင္း၊ ျမစ္သားၿမိဳ႕နယ္တရား႐ုံးကို ေက်ာက္ဆည္ခ႐ိုင္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ႀကီးက ဘာလာလုပ္တာတုန္း အမႈပြဲစားလားကြယ္စတဲ့ ေရးသားခ်က္ေတြနဲ႔ ပတ္သက္ၿပီး ျမစ္သားၿမိဳ႕နယ္ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ခံရတာပါ။

ဦးခင္ေအာင္လင္းဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ေတာင္သူလယ္သမားပါတီတစ္ခုကို ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲဖူးၿပီး လက္ရွိမွာ လူ႔အခြင့္အေရးလႈပ္ရွားေဆာက္႐ြက္ ေနသူတဦးလည္းျဖစ္ပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚအုန္းၾကည္က အေကာင့္ပိုင္ရွင္ ဦးခင္ေအာင္လင္း ကို ၂၀၁၈ ခုႏွစ္ ေမလ ၂၃ ရက္ေန႔မွာ ျမစ္သားၿမိဳ႕မရဲစခန္းမွာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013