DVB Logo
Home
Lead Story
ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့ ပါဝင်သည့် ထာဝရနှောင်ကြိုးရုပ်ရှင် Teaser ထွက်ရှိ(ရုပ်သံ)
DVB
·
September 19, 2019
ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့ ပါဝင်သည့် ထာဝရနှောင်ကြိုးရုပ်ရှင် Teaser ထွက်ရှိ(ရုပ်သံ)
Donate to DVB

ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြ တဲ့ ထာဝရနှောင်ကြိုးရုပ်ရှင်ရဲ့ Teaser ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ဖေ့စ်ဘွတ် ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်းခွဲကျော်ရှိနေခဲ့ပါတယ်။

ဒီကားကိုတော့ Central Base Productions က စီစဉ်ပြီး လူငယ်အမျိုးသမီးရုပ် ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါ တယ်။

ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားတာဖြစ်ပါတယ်။

Mexico festival မှ Silver Palm award နဲ့ ISENMA မှ အမြင့်ဆုံး Platinum ဆုတွေအပါအဝင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ပြီး ထူးချွန်ဆုတွေ ရရှိထား ခဲ့တဲ့ မုဒြာရဲ့ခေါ်သံ၊ ပြည်တွင်းမှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်တွေကြား ပွဲဆူစေခဲ့ပြီး ရုံ ပြည့်ရုံလျှံအားပေးခဲ့ကြတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားတွေကို ဖန်တီးခဲ့ပြီးတဲ့နောက် တတိ ယမြောက်ရုပ်ရှင်ကားက ဘယ်လိုထွက်ရှိလာမလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေ ခဲ့ကြတာပါ။

ထာဝရနှောင်ကြိုးရဲ့ ရုပ်ရှင်အမျိုးအစားကတော့ အချစ်ဒရာမာ ဇာတ်လမ်းတပုဒ် အနေနဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကာလနှစ်ခုကို အမြဲတမ်း တတွဲတွဲပြသတဲ့ အချစ်တခု ရှင်သန်ဖို့ကို ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်တယ်လို့ သိရပါတယ်။

မီရုပ်ရှင်ကားနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီဆုရှင် ပိုင်ဖြိုးသုနဲ့ ခီမောင်နှံရဲ့ ပူးပေါင်းဖန်တီးမှုက ဘယ်လိုတွေ ဖြစ်လာလိမ့်မလဲဆိုတာကို တော့ မကြာခင်မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူဂျူးကေနဲ့ ကလေးသရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ကားကိုတော့ အခုနှစ်ထဲမှာ ရုံတင်ပြသွားဖို့ စီစဉ်နေပြီး ရုံတင်ပြသမယ့် ရက်ကိုတော့ မသိရသေးပါဘူး။




ဇဏ္ခီ၊ ပိုင္ၿဖိဳးသုတို႔ ပါဝင္သည့္ ထာဝရေႏွာင္ႀကိဳး႐ုပ္ရွင္ Teaser ထြက္ရွိ(႐ုပ္သံ)
DVB

ပရိသတ္အခ်စ္ေတာ္ မင္းသား ဇဏ္ခီနဲ႔ ပိုင္ၿဖိဳးသုတို႔ ေခါင္းေဆာင္ပါဝင္ထားၾက တဲ့ ထာဝရေႏွာင္ႀကိဳး႐ုပ္ရွင္ရဲ႕ Teaser ဟာ ထြက္ရွိၿပီး နာရီပိုင္းအတြင္းမွာပဲ ေဖ့စ္ဘြတ္ ခ္ေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ သိန္းခြဲေက်ာ္ရွိေနခဲ့ပါတယ္။

ဒီကားကိုေတာ့ Central Base Productions က စီစဥ္ၿပီး လူငယ္အမ်ိဳးသမီး႐ုပ္ ရွင္ဒါ႐ိုက္တာ ခရစၥတီးနားခီက တတိယေျမာက္႐ုပ္ရွင္ကားအေနနဲ႔ ႐ိုက္ကူးခဲ့တာ ျဖစ္ပါ တယ္။

ဒီ႐ုပ္ရွင္ကားရဲ႕ ဇာတ္လမ္း၊ ဇာတ္ၫႊန္းနဲ႔ ဇာတ္ကားထဲမွာ ပါဝင္အသုံးျပဳထားတဲ့ ဂီတပိုင္းကိုေတာ့ ဇဏ္ခီက တာဝန္ယူထားတာျဖစ္ပါတယ္။

Mexico festival မွ Silver Palm award နဲ႔ ISENMA မွ အျမင့္ဆုံး Platinum ဆုေတြအပါအဝင္ ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ေတြမွာ ျပသခဲ့ၿပီး ထူးခြၽန္ဆုေတြ ရရွိထား ခဲ့တဲ့ မုျဒာရဲ႕ေခၚသံ၊ ျပည္တြင္းမွာ ႐ုံတင္ျပသခဲ့ၿပီး ပရိသတ္ေတြၾကား ပြဲဆူေစခဲ့ၿပီး ႐ုံ ျပည့္႐ုံလွ်ံအားေပးခဲ့ၾကတဲ့ ဥပါယ္တံမ်ဥ္႐ုပ္ရွင္ကားေတြကို ဖန္တီးခဲ့ၿပီးတဲ့ေနာက္ တတိ ယေျမာက္႐ုပ္ရွင္ကားက ဘယ္လိုထြက္ရွိလာမလဲဆိုတာကို အားလုံးက စိတ္ဝင္စားေန ခဲ့ၾကတာပါ။

ထာဝရေႏွာင္ႀကိဳးရဲ႕ ႐ုပ္ရွင္အမ်ိဳးအစားကေတာ့ အခ်စ္ဒရာမာ ဇာတ္လမ္းတပုဒ္ အေနနဲ႔ အတိတ္နဲ႔ ပစၥဳပၸန္ကာလႏွစ္ခုကို အၿမဲတမ္း တတြဲတြဲျပသတဲ့ အခ်စ္တခု ရွင္သန္ဖို႔ကို ႀကိဳးစားၾကတဲ့ ဇာတ္လမ္းမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။

မီ႐ုပ္ရွင္ကားနဲ႔တင္ ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားတဲ့ အကယ္ဒမီဆုရွင္ ပိုင္ၿဖိဳးသုနဲ႔ ခီေမာင္ႏွံရဲ႕ ပူးေပါင္းဖန္တီးမႈက ဘယ္လိုေတြ ျဖစ္လာလိမ့္မလဲဆိုတာကို ေတာ့ မၾကာခင္မွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဒီကားထဲမွာ တျခားသ႐ုပ္ေဆာင္ေတြအေနနဲ႔ မင္းညိဳ၊ ရဲေနာင္ခ်ိဳ၊ ဂ်ဴဂ်ဴးေကနဲ႔ ကေလးသ႐ုပ္ေဆာင္ ဇူးဇူးဟန္နီေထြးတို႔ကလည္း ပါဝင္ထားၾကတာပါ။
ဒီ႐ုပ္ရွင္ကားကိုေတာ့ အခုႏွစ္ထဲမွာ ႐ုံတင္ျပသြားဖို႔ စီစဥ္ေနၿပီး ႐ုံတင္ျပသမယ့္ ရက္ကိုေတာ့ မသိရေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013