DVB Logo
Home
မြန်မာသတင်း
KG+12 ပညာရေးစနစ်အပေါ် ဆရာ၊ ဆရာမများနားလည်မှု အားနည်းနေ
DVB
·
September 18, 2019
KG+12 ပညာရေးစနစ်အပေါ် ဆရာ၊ ဆရာမများနားလည်မှု အားနည်းနေ
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိပြောင်းလဲအသုံးပြုနေတဲ့ KG+12 ပညာရေးစနစ်ကို ဆရာဆရာမတွေ ကိုယ်တိုင် နားလည်သဘောပေါက်မှု အားနည်းနေသေးတယ်လို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ မျိုးဆက်သစ်တွေရဲ့ ပညာရေး အတွက် အခြေခံ ဆရာ ဆရာမတွေရဲ့ ကျွမ်းကျင့်မှုတွေနဲ့ လေးကျင့်သင်ကြားမှုဆိုင်ရာ စုံစမ်းလေ့လာမှုအစီရင်ခံစာကို ဖတ်ကြားတင်ပြစဉ် ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က အခုလိုပြောဆို လိုက်တာပါ။

"KG+12 ပညာရေးစနစ်အား ဆရာဆရာမများ မိဘအုပ်ထိန်းသူများ နားလည် သဘောပေါက်မှု အားနည်းနေသေးတယ်ဆိုတာလည်း တွေ့ရပါတယ်"လို့ ကော်မတီရဲ့ တွေ့ရှိချက်အား လွှတ်တော်သို့ တင်ပြခဲ့တာပါ။

ပြည်သူ့လွှတ်တော် ပညာရေးမြှင်တင်မှုကော်မတီအနေနဲ့ ၎င်းတို့ရဲ့ တွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတော်က ဆောင်ရွက်နေတဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (2016-2021)ကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့အတွက် ရည်ရွယ်ပြီး စုံစမ်း လေ့လာခဲ့တာလို့ သိရပါတယ်။

ပညာရေးစနစ်ရဲ့ အဓိကကဏ္ဍဖြစ်တဲ့ အခြေခံပညာ ဆရာ ဆရာမတွေရဲ့ သင်ကြားမှု အားနည်းချက် အားသာချက်တွေကို လေ့လာဆန်းစစ်ခဲ့ပြီး တွေ့ရှိချက်တွေကို ပညာရေးဝန်ကြီးဌာနထံ အကြံပြုသွားမယ်လို့လည်း ပညာရေးမြှင့်တင်မှု ကော်မတီက ပြော ပါတယ်။




KG+12 ပညာေရးစနစ္အေပၚ ဆရာ၊ ဆရာမမ်ားနားလည္မႈ အားနည္းေန
ေအာင္ဆန္းဦး

ျမန္မာႏိုင္ငံမွာ လက္ရွိေျပာင္းလဲအသုံးျပဳေနတဲ့ KG+12 ပညာေရးစနစ္ကို ဆရာဆရာမေတြ ကိုယ္တိုင္ နားလည္သေဘာေပါက္မႈ အားနည္းေနေသးတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈေကာ္မတီ ဥကၠ႒က ေျပာပါတယ္။

စက္တင္ဘာ ၁၈ ရက္ ျပည္သူ႔ လႊတ္ေတာ္ အစည္းအေဝးမွာ မ်ိဳးဆက္သစ္ေတြရဲ႕ ပညာေရး အတြက္ အေျခခံ ဆရာ ဆရာမေတြရဲ႕ ကြၽမ္းက်င့္မႈေတြနဲ႔ ေလးက်င့္သင္ၾကားမႈဆိုင္ရာ စုံစမ္းေလ့လာမႈအစီရင္ခံစာကို ဖတ္ၾကားတင္ျပစဥ္ ေကာ္မတီဥကၠ႒ ေဒါက္တာတင္ေအာင္က အခုလိုေျပာဆို လိုက္တာပါ။

"KG+12 ပညာေရးစနစ္အား ဆရာဆရာမမ်ား မိဘအုပ္ထိန္းသူမ်ား နားလည္ သေဘာေပါက္မႈ အားနည္းေနေသးတယ္ဆိုတာလည္း ေတြ႕ရပါတယ္"လို႔ ေကာ္မတီရဲ႕ ေတြ႕ရွိခ်က္အား လႊတ္ေတာ္သို႔ တင္ျပခဲ့တာပါ။

ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမႇင္တင္မႈေကာ္မတီအေနနဲ႔ ၎တို႔ရဲ႕ ေတြ႕ရွိခ်က္ အစီရင္ခံစာကို ႏိုင္ငံေတာ္က ေဆာင္႐ြက္ေနတဲ့ အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္း (2016-2021)ကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ဖို႔အတြက္ ရည္႐ြယ္ၿပီး စုံစမ္း ေလ့လာခဲ့တာလို႔ သိရပါတယ္။

ပညာေရးစနစ္ရဲ႕ အဓိကက႑ျဖစ္တဲ့ အေျခခံပညာ ဆရာ ဆရာမေတြရဲ႕ သင္ၾကားမႈ အားနည္းခ်က္ အားသာခ်က္ေတြကို ေလ့လာဆန္းစစ္ခဲ့ၿပီး ေတြ႕ရွိခ်က္ေတြကို ပညာေရးဝန္ႀကီးဌာနထံ အႀကံျပဳသြားမယ္လို႔လည္း ပညာေရးျမႇင့္တင္မႈ ေကာ္မတီက ေျပာ ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013