DVB Logo
Home
Lead Story
ပွဲမတိုင်ခင်လက်မှတ်ကုန်သွားသည့် မျိုးကျော့မြိုင်တကိုယ်တော် ဖျော်ဖြေပွဲ(ရုပ်သံ)
DVB
·
September 18, 2019
ပွဲမတိုင်ခင်လက်မှတ်ကုန်သွားသည့် မျိုးကျော့မြိုင်တကိုယ်တော် ဖျော်ဖြေပွဲ(ရုပ်သံ)
Donate to DVB

ဆယ်စုနှစ်နဲ့ချီပြီး မြန်မာ့ဂီတလောကမှာ အောင်မြင်ခဲ့တဲ့ အဆိုတော် မျိုးကျော့ မြိုင်ရဲ့ FG Live Lounge တကိုယ်တော် ဂီတဖျော်ဖြေပွဲကို လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။

ဒီအစီအစဉ်ကတော့ အပတ်စဉ် စနေနေ့တိုင်း နာမည်ကြီး တေးသံရှင်တွေနဲ့ ဖျော် ဖြေပွဲအဖြစ် ပြုလုပ်လာခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ်က ရေကူးစတူဒီ ယိုမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုတပတ်မှာတော့ ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ မျိုးကျော့မြိုင်ရဲ့ သီဆိုဖျော်ဖြေမှုကို ပရိသတ်တွေက ခံစားနား ဆင်ကြရမှာ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မျိုးကျော့မြိုင်ဟာ ၁၉၈၉ ခုနှစ်လောက်က တည်းက ဂီတလောကကို စတင်ဝင်ရောက်လာခဲ့ပြီး Virus 3 အမည်နဲ့ တေးဂီတအ ဖွဲ့ဖွဲ့ထားခဲ့သူ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ကာလတွေ၊ ၂၀၀၀ ပြည့်နှစ်ကာလတွေဟာ သူ့ရဲ့ ရက်ပ်သီချင်း တွေနဲ့ လွှမ်းမိုးထားနိုင်ခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။

မြန်မာရက်ပ်ဂေါ့ဒ်ဖားသားတယောက်အနေနဲ့ တင်စားပြောဆိုကြတဲ့ မျိုးကျော့ မြိုင်ရဲ့ သီချင်းတွေထဲမှာ အဓိက ပါဝင်နေတာကတော့ Dance ၊ Synthpop နဲ့ Remixed တွေပဲ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မိုးတွေ ရွာနေချိန်ခဏ တေးအယ်လ်ဘမ်ကတော့ သူ့ရဲ့ ပထမဆုံးတကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်ကာ Virus 3 ၊ 2000 Remix ၊ တေးသံရှင်ကဗျာဘွဲ့မှူးနဲ့ စုံတွဲထွက်ရှိခဲ့တဲ့ သတိရရင်ပြီးတာပဲ ၊ ကျွန်တော့်နာမည် မျိုး ကျော့မြိုင် ၊အကောင်းဆုံးတေးများ ၊ လူဖြစ်ရတဲ့ ဒုက္ခ ၊ ကမ္ဘာကြီးအပြင်ဘက် ၊ အဲ လက်စ် ၊ ရန်ရန်ချန်းတို့နဲ့ ထွက်ရှိခဲ့တဲ့ ပစ္စုပ္ပန် စတဲ့ တေးအယ်လ်ဘမ်ပေါင်းများစွာ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

“ကျနော့်နာမည် မျိုးကျော့မြိုင် ၇ မိုင်မှာ နေပါတယ်” အစချီတဲ့ ရက်ပ်တေးသွား ကို ဆိုလိုက်တာနဲ့ သူ့ရဲ့ ခေတ်တခေတ်ဖြစ်စေခဲ့တဲ့ မျိုးကျော့မြိုင်ရဲ့ တကိုယ်တော် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးချင်တဲ့ ပရိသတ်တွေအနေနဲ့ လက်မှတ်တွေကို ကျပ် ၁၅၀၀၀ နဲ့ ဝယ်ယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အကန့်အသတ်နဲ့သာ ရောင်းချတဲ့ ပွဲလက်မှတ်တွေကို ဝယ်ယူအားပေး မှု များခဲ့တဲ့အတွက် လက်ရှိအချိန်မှာ ဝယ်ယူလို့ ရတော့မှာမဟုတ်ဘူးလို့ FG Live Lounge ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ကြေငြာထားခဲ့ပါတယ်။




ပြဲမတိုင္ခင္လက္မွတ္ကုန္သြားသည့္ မ်ိဳးေက်ာ့ၿမိဳင္တကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲ(႐ုပ္သံ)
DVB

ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ျမန္မာ့ဂီတေလာကမွာ ေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္ မ်ိဳးေက်ာ့ ၿမိဳင္ရဲ႕ FG Live Lounge တကိုယ္ေတာ္ ဂီတေဖ်ာ္ေျဖပြဲကို လာမယ့္ စက္တင္ဘာလ ၂၁ ရက္ေန႔မွာ က်င္းပဖို႔ ရွိေနပါတယ္။

ဒီအစီအစဥ္ကေတာ့ အပတ္စဥ္ စေနေန႔တိုင္း နာမည္ႀကီး ေတးသံရွင္ေတြနဲ႔ ေဖ်ာ္ ေျဖပြဲအျဖစ္ ျပဳလုပ္လာခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၊ ေဝဇယႏၲာလမ္းမေပၚက ေရကူးစတူဒီ ယိုမွာ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

အခုတပတ္မွာေတာ့ ဂီတေလာကမွာ ဆယ္စုႏွစ္နဲ႔ခ်ီ ပရိသတ္ေတြ အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ မ်ိဳးေက်ာ့ၿမိဳင္ရဲ႕ သီဆိုေဖ်ာ္ေျဖမႈကို ပရိသတ္ေတြက ခံစားနား ဆင္ၾကရမွာ ျဖစ္ပါတယ္။

အသက္ ၄၈ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ မ်ိဳးေက်ာ့ၿမိဳင္ဟာ ၁၉၈၉ ခုႏွစ္ေလာက္က တည္းက ဂီတေလာကကို စတင္ဝင္ေရာက္လာခဲ့ၿပီး Virus 3 အမည္နဲ႔ ေတးဂီတအ ဖြဲ႕ဖြဲ႕ထားခဲ့သူ ျဖစ္ပါတယ္။

၁၉၉၀ ျပည့္ႏွစ္ကာလေတြ၊ ၂၀၀၀ ျပည့္ႏွစ္ကာလေတြဟာ သူ႔ရဲ႕ ရက္ပ္သီခ်င္း ေတြနဲ႔ လႊမ္းမိုးထားႏိုင္ခဲ့တဲ့ ကာလေတြ ျဖစ္ခဲ့ပါတယ္။

ျမန္မာရက္ပ္ေဂါ့ဒ္ဖားသားတေယာက္အေနနဲ႔ တင္စားေျပာဆိုၾကတဲ့ မ်ိဳးေက်ာ့ ၿမိဳင္ရဲ႕ သီခ်င္းေတြထဲမွာ အဓိက ပါဝင္ေနတာကေတာ့ Dance ၊ Synthpop နဲ႔ Remixed ေတြပဲ ျဖစ္ပါတယ္။

၁၉၉၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ မိုးေတြ ႐ြာေနခ်ိန္ခဏ ေတးအယ္လ္ဘမ္ကေတာ့ သူ႔ရဲ႕ ပထမဆုံးတကိုယ္ေတာ္ေတးအယ္လ္ဘမ္ျဖစ္ကာ Virus 3 ၊ 2000 Remix ၊ ေတးသံရွင္ကဗ်ာဘြဲ႕မႉးနဲ႔ စုံတြဲထြက္ရွိခဲ့တဲ့ သတိရရင္ၿပီးတာပဲ ၊ ကြၽန္ေတာ့္နာမည္ မ်ိဳး ေက်ာ့ၿမိဳင္ ၊အေကာင္းဆုံးေတးမ်ား ၊ လူျဖစ္ရတဲ့ ဒုကၡ ၊ ကမာၻႀကီးအျပင္ဘက္ ၊ အဲ လက္စ္ ၊ ရန္ရန္ခ်န္းတို႔နဲ႔ ထြက္ရွိခဲ့တဲ့ ပစၥဳပၸန္ စတဲ့ ေတးအယ္လ္ဘမ္ေပါင္းမ်ားစြာ ထြက္ရွိခဲ့ၿပီး ျဖစ္ပါတယ္။

“က်ေနာ့္နာမည္ မ်ိဳးေက်ာ့ၿမိဳင္ ၇ မိုင္မွာ ေနပါတယ္” အစခ်ီတဲ့ ရက္ပ္ေတးသြား ကို ဆိုလိုက္တာနဲ႔ သူ႔ရဲ႕ ေခတ္တေခတ္ျဖစ္ေစခဲ့တဲ့ မ်ိဳးေက်ာ့ၿမိဳင္ရဲ႕ တကိုယ္ေတာ္ သီဆိုေဖ်ာ္ေျဖမႈကို ၾကည့္ရႈအားေပးခ်င္တဲ့ ပရိသတ္ေတြအေနနဲ႔ လက္မွတ္ေတြကို က်ပ္ ၁၅၀၀၀ နဲ႔ ဝယ္ယူၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ အကန႔္အသတ္နဲ႔သာ ေရာင္းခ်တဲ့ ပြဲလက္မွတ္ေတြကို ဝယ္ယူအားေပး မႈ မ်ားခဲ့တဲ့အတြက္ လက္ရွိအခ်ိန္မွာ ဝယ္ယူလို႔ ရေတာ့မွာမဟုတ္ဘူးလို႔ FG Live Lounge ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာ ေၾကျငာထားခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013