DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့တွင် ခွေးရူးရောဂါပိုးပျံ့နှံ့နေသဖြင့် ဒေသခံများစိုးရိမ်
DVB
·
September 18, 2019
ရွှေကျင်မြို့တွင် ခွေးရူးရောဂါပိုးပျံ့နှံ့နေသဖြင့် ဒေသခံများစိုးရိမ်
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ခွေးရူးရောဂါပိုး ပျံ့နှံ့နေတာကြောင့် ဒေသခံတွေ သွားလာရာမှာ စိုးရိမ်နေကြပြီး ခွေးလေခွေးလွင့်တွေကို သက်ဆိုင်ရာက အမြန်ဆုံးရှင်းလင်းပေးစေချင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပျဉ်းမပင်ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်မူမူက “ရွှေကျင်မြို့က ခွေးတွေမှာ ခွေးရူးရောဂါပိုး ပျံ့နှံ့နေပြီဆိုတော့ အရမ်းစိုးရိမ်နေရတယ်။ ကျမတို့ဆီမှာကလည်း ခွေးလေခွေးလွင့်တွေကလည်း အရမ်းများတယ်လေ။ အဲ့ဒီအတွက် ကလေးတွေ ကျောင်းသွားကျောင်းပြန်  ဘယ်သွားသွား လာလာ ကိုယ်က အရမ်းစိုးရိမ်ရတယ်။ ခွေးတွေ တွေ့တာနဲ့ ကျမတို့လူကြီးလည်း ကြောက်နေရတယ်။ ကလေးတွေအတွက်လည်း စိုးရိမ်တယ်၊ ကိုယ့်အတွက်လည်း စိုးရိမ်တယ်။ သွားစရာရှိရင်တောင် အဖော်နဲ့သွားနေရတယ်”လို့ ပြောပါတယ်။

စက်တင်ဘာလ ၃ ရက်က ထွေအုပ်ဝန်ထမ်းတစ်ဦးခွေးကိုက်ခံခဲ့ရပြီး ကိုက်တဲ့ခွေးဟာ ၃ ရက်အကြာမှာ သေဆုံးသွားခဲ့တာကြောင့် သေသွားတဲ့ ခွေးရဲ့ခေါင်းကို အင်းစိန်မှာရှိတဲ့ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးခဲ့ရာ ခွေးရူးရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ခွေးရူးရောဂါပိုးကို မတ်လ၊ မေလနဲ့ စက်တင်ဘာလတွေမှာ ပွဲကုန်းရပ်ကွက် ပျဉ်းမပင် ရပ်ကွက်နဲ့ ရှမ်းကြေးရပ်ကွက်တွေမှာရှိတဲ့ ခွေးတွေကို ဓာတ်ခွဲစမ်းသပ်ရာမှာ ခွေးရူးရောဂါပိုး ပျံ့နှံ့နေပြီ ဆိုတာကိုတွေ့ရှိခဲ့ရတယ်လို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

ဓာတ်ခွဲစမ်းသပ်မှုအရ ခွေးရူးရောဂါပိုးရှိနေတာသေချာတဲ့အတွက် ခွေးလေခွေးလွင့်တွေကို ကာကွယ်ဆေးထိုးခြင်းနဲ့ဖြစ်စေ၊ တခြားနည်းနဲ့ဖြစ်စေ စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အစီအမံတွေပြုလုပ်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒီဗွီဘီ ကိုပြောပါတယ်။

“ညွှန်ကြားချက်အရစည်ပင်သာယာရေးဌာနမှာ ခွေးလေခွေးလွင့်ရှင်းလင်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့အစီအမံတွေကိုလည်း ညွှန်ကြားလာတယ်လို့ သိရပါတယ်။ ဒီအတွက်လည်း မနက်ဖြန်ဆိုရင် စည်ပင်သာယာရေးကော်မတီရယ်၊ ကျနော်တို့ဘက်က မြို့နယ်စည်ခန့် ကော်မတီရယ်၊ အစည်းအဝေးထိုင်ပြီတော့ ဆောင်ရွက်မယ့်နည်းလမ်းတွေကို ညှိနှိုင်းတိုင်ပင်ဖို့ ရှိပါတယ်။”

ခွေးရူးရောဂါပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနတခုတည်း ဆောင်ရွက်လို့ မရတာကြောင့် တခြားသက်ဆိုင်ရာဌာနတွေက ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်မှသာ ခွေးပြဿနာကို လျှော့နည်းသွားမှာဖြစ်သလို ဆေးရုံလာတဲ့လူနာတွေကို ဒဏ်ရာ အနေအထားပေါ် ကြည့်ပြီလိုအပ်တဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ရွှေကျင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ခွေးဘယ်နှစ်ကောင်ရှိတယ်ဆိုတာတော့ သိမှာမဟုတ်ဘူး။ လာတဲ့လူနာက ခွေးကိုက်တယ်လို့ပဲ ပြောတာ၊ ခွေးရူးကိုက်တယ်လို့ မပြောဘူး။ ကိုက်တယ်၊ ဒဏ်ရာ အနေအထားကိုကြည့်ပြီးတော့ ကျနော်တို့က လိုအပ်ရင်လိုအပ်သလို ဆေးတွေကို ကြိုကြိုတင်တင်ထိုးပြီး ကုသပေးနေတယ်။”

၂၀၁၉ ခုနှစ်အတွင်း ရွှေကျင်မြို့မှာ ခွေးရူးအကိုက်ခံရသူ ၁၀ ဦးအထက်မှာရှိနေပြီး ခွေးရူးရောဂါဆေးဟာ မြို့နယ်ပြည်သူ့ဆေးရုံမှာ လက်ရှိအနေအထားအရ ဆေးဝါးလုံလောက် နေပါသေးတယ်။

လူနာတွေများလာရင်တော့ ဆေးဝါးမလုံလောက်မှုတွေ ကြုံတွေ့လာမှာဖြစ်ပြီး မနှစ်က နွေရာသီမှာလည်း ဆေးဝါးမလုံလောက်မှုတွေ ကြုံ တွေ့ခဲ့ရဘူးပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်




ေ႐ႊက်င္ၿမိဳ႕တြင္ ေခြး႐ူးေရာဂါပိုးပ်ံ႕ႏွံ႔ေနသျဖင့္ ေဒသခံမ်ားစိုးရိမ္
DVB

ပဲခူးတိုင္းေဒသႀကီး၊ ေ႐ႊက်င္ၿမိဳ႕နယ္မွာ ေခြး႐ူးေရာဂါပိုး ပ်ံ႕ႏွံ႔ေနတာေၾကာင့္ ေဒသခံေတြ သြားလာရာမွာ စိုးရိမ္ေနၾကၿပီး ေခြးေလေခြးလြင့္ေတြကို သက္ဆိုင္ရာက အျမန္ဆုံးရွင္းလင္းေပးေစခ်င္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ပ်ဥ္းမပင္ရပ္ကြက္မွာေနထိုင္တဲ့ ေဒၚမူမူက “ေ႐ႊက်င္ၿမိဳ႕က ေခြးေတြမွာ ေခြး႐ူးေရာဂါပိုး ပ်ံ႕ႏွံ႔ေနၿပီဆိုေတာ့ အရမ္းစိုးရိမ္ေနရတယ္။ က်မတို႔ဆီမွာကလည္း ေခြးေလေခြးလြင့္ေတြကလည္း အရမ္းမ်ားတယ္ေလ။ အဲ့ဒီအတြက္ ကေလးေတြ ေက်ာင္းသြားေက်ာင္းျပန္ ဘယ္သြားသြား လာလာ ကိုယ္က အရမ္းစိုးရိမ္ရတယ္။ ေခြးေတြ ေတြ႕တာနဲ႔ က်မတို႔လူႀကီးလည္း ေၾကာက္ေနရတယ္။ ကေလးေတြအတြက္လည္း စိုးရိမ္တယ္၊ ကိုယ့္အတြက္လည္း စိုးရိမ္တယ္။ သြားစရာရွိရင္ေတာင္ အေဖာ္နဲ႔သြားေနရတယ္”လို႔ ေျပာပါတယ္။

စက္တင္ဘာလ ၃ ရက္က ေထြအုပ္ဝန္ထမ္းတစ္ဦးေခြးကိုက္ခံခဲ့ရၿပီး ကိုက္တဲ့ေခြးဟာ ၃ ရက္အၾကာမွာ ေသဆုံးသြားခဲ့တာေၾကာင့္ ေသသြားတဲ့ ေခြးရဲ႕ေခါင္းကို အင္းစိန္မွာရွိတဲ့ ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္းပို႔ေဆာင္စစ္ေဆးခဲ့ရာ ေခြး႐ူးေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ေခြး႐ူးေရာဂါပိုးကို မတ္လ၊ ေမလနဲ႔ စက္တင္ဘာလေတြမွာ ပြဲကုန္းရပ္ကြက္ ပ်ဥ္းမပင္ ရပ္ကြက္နဲ႔ ရွမ္းေၾကးရပ္ကြက္ေတြမွာရွိတဲ့ ေခြးေတြကို ဓာတ္ခြဲစမ္းသပ္ရာမွာ ေခြး႐ူးေရာဂါပိုး ပ်ံ႕ႏွံ႔ေနၿပီ ဆိုတာကိုေတြ႕ရွိခဲ့ရတယ္လို႔ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ထုတ္ျပန္ထားတာပါ။

ဓာတ္ခြဲစမ္းသပ္မႈအရ ေခြး႐ူးေရာဂါပိုးရွိေနတာေသခ်ာတဲ့အတြက္ ေခြးေလေခြးလြင့္ေတြကို ကာကြယ္ေဆးထိုးျခင္းနဲ႔ျဖစ္ေစ၊ တျခားနည္းနဲ႔ျဖစ္ေစ စည္ပင္သာယာေရးေကာ္မတီနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ အစီအမံေတြျပဳလုပ္ထားတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းထြန္းလင္းက ဒီဗြီဘီ ကိုေျပာပါတယ္။

“ၫႊန္ၾကားခ်က္အရစည္ပင္သာယာေရးဌာနမွာ ေခြးေလေခြးလြင့္ရွင္းလင္းေရးနဲ႔ပတ္သက္ၿပီး ေဆာင္႐ြက္ဖို႔အစီအမံေတြကိုလည္း ၫႊန္ၾကားလာတယ္လို႔ သိရပါတယ္။ ဒီအတြက္လည္း မနက္ျဖန္ဆိုရင္ စည္ပင္သာယာေရးေကာ္မတီရယ္၊ က်ေနာ္တို႔ဘက္က ၿမိဳ႕နယ္စည္ခန႔္ ေကာ္မတီရယ္၊ အစည္းအေဝးထိုင္ၿပီေတာ့ ေဆာင္႐ြက္မယ့္နည္းလမ္းေတြကို ညႇိႏႈိင္းတိုင္ပင္ဖို႔ ရွိပါတယ္။”

ေခြး႐ူးေရာဂါပ်ံ႕ႏွံ႔ေနတာနဲ႔ပတ္သက္ၿပီး က်န္းမာေရးဦးစီးဌာနတခုတည္း ေဆာင္႐ြက္လို႔ မရတာေၾကာင့္ တျခားသက္ဆိုင္ရာဌာနေတြက ဝိုင္းဝန္းပူးေပါင္းၿပီး ေဆာင္႐ြက္မွသာ ေခြးျပႆနာကို ေလွ်ာ့နည္းသြားမွာျဖစ္သလို ေဆး႐ုံလာတဲ့လူနာေတြကို ဒဏ္ရာ အေနအထားေပၚ ၾကည့္ၿပီလိုအပ္တဲ့ ေဆးကုသမႈေတြ ျပဳလုပ္ေပးေနတယ္လို႔ ေ႐ႊက်င္ၿမိဳ႕နယ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာေသာင္းဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ေခြးဘယ္ႏွစ္ေကာင္ရွိတယ္ဆိုတာေတာ့ သိမွာမဟုတ္ဘူး။ လာတဲ့လူနာက ေခြးကိုက္တယ္လို႔ပဲ ေျပာတာ၊ ေခြး႐ူးကိုက္တယ္လို႔ မေျပာဘူး။ ကိုက္တယ္၊ ဒဏ္ရာ အေနအထားကိုၾကည့္ၿပီးေတာ့ က်ေနာ္တို႔က လိုအပ္ရင္လိုအပ္သလို ေဆးေတြကို ႀကိဳႀကိဳတင္တင္ထိုးၿပီး ကုသေပးေနတယ္။”

၂၀၁၉ ခုႏွစ္အတြင္း ေ႐ႊက်င္ၿမိဳ႕မွာ ေခြး႐ူးအကိုက္ခံရသူ ၁၀ ဦးအထက္မွာရွိေနၿပီး ေခြး႐ူးေရာဂါေဆးဟာ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွာ လက္ရွိအေနအထားအရ ေဆးဝါးလုံေလာက္ ေနပါေသးတယ္။

လူနာေတြမ်ားလာရင္ေတာ့ ေဆးဝါးမလုံေလာက္မႈေတြ ႀကဳံေတြ႕လာမွာျဖစ္ၿပီး မႏွစ္က ေႏြရာသီမွာလည္း ေဆးဝါးမလုံေလာက္မႈေတြ ႀကဳံ ေတြ႕ခဲ့ရဘူးပါတယ္။
သတင္း၊ ဓာတ္ပုံ - ေနလင္းထိုက္

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013