DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးဒေသက တရားမဝင်ရွှေတူးဖော်လုပ်ငန်းကို ဝင်ရောက်ဖမ်းဆီး
DVB
·
September 18, 2019
အင်းတော်ကြီးဒေသက တရားမဝင်ရွှေတူးဖော်လုပ်ငန်းကို ဝင်ရောက်ဖမ်းဆီး
1 / 5
Donate to DVB

ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ တရားမဝင်ရွှေတူးဖော်တဲ့ ဘက်ဟိုးယာဉ်  ၁၂ စီးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ လုံးတုံရဲစခန်းက သိရပါတယ်။

အင်းတော်ကြီးကန် ရေရှည်တည်တံ့စေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ညွှန်ကြားချက်နဲ့ စက်တင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနညွှန်ကြားရေးမှူး ဒုတိယညွှန်ကြားရေမှူးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ နယ်မြေခံစစ်တပ်တို့နဲ့အတူ မမုန်ကိုင်နဲ့ မိုင်းနောင်ကျေးရွာတို့မှာ တရားမဝင်ရွှေတူးဖော်တာတွေကို စစ်ဆေးဖမ်းဆီးခဲ့တာပါ။ 

နှစ်ရက်တာအတွင်း သိမ်းဆည်းရမိတဲ့ပစ္စည်းတွေထဲမှာ ဘက်ဟိုး ၁၂ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင် ၁၀ ဦး၊ ပိုင်ရှင်မဲ့ တဲ ၄ လုံးအတွင်းမှ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေမှူး ဦးစောယုက တရားလိုပြုလုပ် တိုင်တန်းတဲ့အတွက် သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)တို့နဲ့ လုံးတုံရဲစခန်းမှာ အမှုဖွင့်စုံစမ်းနေပါတယ်။

သတင်း - မုန်းမုန်းမင်း 




အင္းေတာ္ႀကီးေဒသက တရားမဝင္ေ႐ႊတူးေဖာ္လုပ္ငန္းကို ဝင္ေရာက္ဖမ္းဆီး
DVB

ကခ်င္ျပည္နယ္ အင္းေတာ္ႀကီးေဒသမွာ တရားမဝင္ေ႐ႊတူးေဖာ္တဲ့ ဘက္ဟိုးယာဥ္ ၁၂ စီးနဲ႔ ဆက္စပ္ပစၥည္းေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ လုံးတုံရဲစခန္းက သိရပါတယ္။

အင္းေတာ္ႀကီးကန္ ေရရွည္တည္တံ့ေစေရးအတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕နဲ႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနဝန္ႀကီး ၫႊန္ၾကားခ်က္နဲ႔ စက္တင္ဘာ ၁၂ ရက္နဲ႔ ၁၃ ရက္ေန႔ေတြမွာ ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာနၫႊန္ၾကားေရးမႉး ဒုတိယၫႊန္ၾကားေရမႉးနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ သစ္ေတာ၊ နယ္ေျမခံစစ္တပ္တို႔နဲ႔အတူ မမုန္ကိုင္နဲ႔ မိုင္းေနာင္ေက်း႐ြာတို႔မွာ တရားမဝင္ေ႐ႊတူးေဖာ္တာေတြကို စစ္ေဆးဖမ္းဆီးခဲ့တာပါ။

ႏွစ္ရက္တာအတြင္း သိမ္းဆည္းရမိတဲ့ပစၥည္းေတြထဲမွာ ဘက္ဟိုး ၁၂ စီးနဲ႔ ဆက္စပ္ပစၥည္းေတြကို ပိုင္ရွင္ ၁၀ ဦး၊ ပိုင္ရွင္မဲ့ တဲ ၄ လုံးအတြင္းမွ ဆက္စပ္ပစၥည္းေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာန ၫႊန္ၾကားေရမႉး ဦးေစာယုက တရားလိုျပဳလုပ္ တိုင္တန္းတဲ့အတြက္ သတၱဳတြင္းဥပေဒပုဒ္မ ၃၀(က)တို႔နဲ႔ လုံးတုံရဲစခန္းမွာ အမႈဖြင့္စုံစမ္းေနပါတယ္။
သတင္း - မုန္းမုန္းမင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013