DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် ဖမ်းဆီးခံ ရာအိမ်မှူးဟောင်း ၁ ဦးကို ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိ  
DVB
·
September 18, 2019
ကျောက်ဖြူတွင် ဖမ်းဆီးခံ ရာအိမ်မှူးဟောင်း ၁ ဦးကို ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိ  
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ကြီးပြင်ကျေးရွာအုပ်စု မော်ကြီးကျေးရွာမှာ စက်တင်ဘာ ၁၄ ရက်က ငါးဖမ်းပိုက်ဖော်နေတဲ့ ရာအိမ်မှူး ဦးဖြူချေကို အမည်မသိလူတစုက စက်လှေ ၂ စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂ ရက်အကြာမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက သိရပါတယ်။

သေဆုံးသူဦးဖြူချေမှာ မော်ဖျားဇာတိဖြစ်ပြီး စက်တင်ဘာ ၁၄ ရက် မနက် ၄ နာရီကျော်လောက်က ငါးဖမ်းပိုက်ဖော်နေစဉ် အမည်မသိလူ ၁၆ ဦးက ဖိုင်ဘာဟွန်ဒါစက်လှေ ၂ စီးနဲ့ လာရောက်ပြီး ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားခဲ့တာပါ။

ခေါ်ဆောင်သွားတာကို မြင်တဲ့အတွက် လေးဂွနဲ့ပစ်ကာ အဝေးမှကြည့်နေစဉ် ဖခင်ဖြစ်သူကို စက်လှေ ၂ စီးနဲ့ တင်ဆောင်ကာ အမ်းမြို့နယ် သလူမော်ကျေးရွာဘက်သို့ မောင်းနှင်သွားတာကို မြင်ခဲ့တယ်လို့ သားဖြစ်သူ ကိုဖြူတင်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူဦးဖြူချေကို စက်တင်ဘာ ၁၆ ရက်က တရွာတည်းနေ ဦးစံကောအောင်က ငါးဖမ်းပိုက်ဖော်ဖို့အသွား မော်ကြီးကျေးရွာအနောက်ဘက်ရှိ လက်ပူးချောင်းအတွင်းမှာ အလောင်းကို တွေ့ရှိခဲ့ရတဲ့အတွက် သားဖြစ်သူ ကိုဖြူတင်ဦးကိုအကြောင်းကြားပြီး ရွာသားတွေ အလောင်းကို သယ်ယူခဲ့ကြပါတယ်။ 

ဦးဖြူချေရဲ့ ဘယ်ဘက်လက်၊ ဦးခေါင်း၊ နဖူး၊ ယာနားထင်၊ ယာမျက်ခုံးတို့မှာ ဒဏ်ရာရပြီး သေဆုံးနေတာကိုတွေ့ရှိတဲ့အတွက် ကွမ်းချောင်းရဲကင်းစခန်းကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ 

အလောင်းကို တာဝန်ရှိသူတွေလာရောက် စစ်ဆေးခဲ့ပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းနေတယ်လို့ ကျောက်ဖြူမြို့မ ရဲစခန်းမှ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွမ်းချောင်းရဲကင်းစခန်းမှူး ရဲအုပ်ဟန်ထွန်းအောင်က “ဟုတ်ပါတယ်၊ ဖမ်းဆီးခံရသူသေဆုံးတာမှန်ကန်ပြီး စစ်ဆေးဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။

အများပြည်သူထိတ်လန့်ကြောက်ရွံ့မှုဖြစ်စေဖို့ ရည်ရွယ်ပြီး ဦးဖြူချေကို  ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့ အမည်မသိလူ ၁၆ ဦးကို သားဖြစ်သူ ကိုဖြူတင်ဦးက တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့တဲ့အတွက် ကျောက်ဖြူမြို့မရဲစခန်းမှာ အကြမ်းဖက်ဥပဒေပုဒ်မ- ၅၀(က)/ ၅၂(က)/ ၅၄ နဲ့ အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်။

သတင်း- နောင်နောင်




ေက်ာက္ျဖဴတြင္ ဖမ္းဆီးခံ ရာအိမ္မႉးေဟာင္း ၁ ဦးကို ဒဏ္ရာမ်ားျဖင့္ ေသဆုံးလွ်က္ေတြ႕ရွိ
DVB

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေက်ာက္ႀကီးျပင္ေက်း႐ြာအုပ္စု ေမာ္ႀကီးေက်း႐ြာမွာ စက္တင္ဘာ ၁၄ ရက္က ငါးဖမ္းပိုက္ေဖာ္ေနတဲ့ ရာအိမ္မႉး ဦးျဖဴေခ်ကို အမည္မသိလူတစုက စက္ေလွ ၂ စီးနဲ႔ ဖမ္းဆီးေခၚေဆာင္သြားၿပီး ၂ ရက္အၾကာမွာ ဒဏ္ရာေတြနဲ႔ ေသဆုံးေနတာကို ေတြ႕ရွိခဲ့တယ္လို႔ ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းက သိရပါတယ္။

ေသဆုံးသူဦးျဖဴေခ်မွာ ေမာ္ဖ်ားဇာတိျဖစ္ၿပီး စက္တင္ဘာ ၁၄ ရက္ မနက္ ၄ နာရီေက်ာ္ေလာက္က ငါးဖမ္းပိုက္ေဖာ္ေနစဥ္ အမည္မသိလူ ၁၆ ဦးက ဖိုင္ဘာဟြန္ဒါစက္ေလွ ၂ စီးနဲ႔ လာေရာက္ၿပီး ဖမ္းဆီး႐ိုက္ႏွက္ေခၚေဆာင္သြားခဲ့တာပါ။

ေခၚေဆာင္သြားတာကို ျမင္တဲ့အတြက္ ေလးဂြနဲ႔ပစ္ကာ အေဝးမွၾကည့္ေနစဥ္ ဖခင္ျဖစ္သူကို စက္ေလွ ၂ စီးနဲ႔ တင္ေဆာင္ကာ အမ္းၿမိဳ႕နယ္ သလူေမာ္ေက်း႐ြာဘက္သို႔ ေမာင္းႏွင္သြားတာကို ျမင္ခဲ့တယ္လို႔ သားျဖစ္သူ ကိုျဖဴတင္ဦးက ေျပာပါတယ္။

ဖမ္းဆီးခံရသူဦးျဖဴေခ်ကို စက္တင္ဘာ ၁၆ ရက္က တ႐ြာတည္းေန ဦးစံေကာေအာင္က ငါးဖမ္းပိုက္ေဖာ္ဖို႔အသြား ေမာ္ႀကီးေက်း႐ြာအေနာက္ဘက္ရွိ လက္ပူးေခ်ာင္းအတြင္းမွာ အေလာင္းကို ေတြ႕ရွိခဲ့ရတဲ့အတြက္ သားျဖစ္သူ ကိုျဖဴတင္ဦးကိုအေၾကာင္းၾကားၿပီး ႐ြာသားေတြ အေလာင္းကို သယ္ယူခဲ့ၾကပါတယ္။

ဦးျဖဴေခ်ရဲ႕ ဘယ္ဘက္လက္၊ ဦးေခါင္း၊ နဖူး၊ ယာနားထင္၊ ယာမ်က္ခုံးတို႔မွာ ဒဏ္ရာရၿပီး ေသဆုံးေနတာကိုေတြ႕ရွိတဲ့အတြက္ ကြမ္းေခ်ာင္းရဲကင္းစခန္းကို အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

အေလာင္းကို တာဝန္ရွိသူေတြလာေရာက္ စစ္ေဆးခဲ့ၿပီး ေက်ာက္ျဖဴခ႐ိုင္ ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ထားကာ တရားခံဖမ္းဆီးရမိေရး စုံစမ္းေနတယ္လို႔ ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းမွ တာဝန္ရွိသူက ေျပာပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကြမ္းေခ်ာင္းရဲကင္းစခန္းမႉး ရဲအုပ္ဟန္ထြန္းေအာင္က “ဟုတ္ပါတယ္၊ ဖမ္းဆီးခံရသူေသဆုံးတာမွန္ကန္ၿပီး စစ္ေဆးေဆာင္႐ြက္ေနတယ္”လို႔ ေျပာပါတယ္။

အမ်ားျပည္သူထိတ္လန႔္ေၾကာက္႐ြံ႕မႈျဖစ္ေစဖို႔ ရည္႐ြယ္ၿပီး ဦးျဖဴေခ်ကို ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့ၾကတဲ့ အမည္မသိလူ ၁၆ ဦးကို သားျဖစ္သူ ကိုျဖဴတင္ဦးက တရားလိုျပဳလုပ္ကာ တိုင္ၾကားခဲ့တဲ့အတြက္ ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းမွာ အၾကမ္းဖက္ဥပေဒပုဒ္မ- ၅၀(က)/ ၅၂(က)/ ၅၄ နဲ႔ အမႈဖြင့္လွစ္ကာ တရားခံဖမ္းဆီးရမိေရးေဆာင္႐ြက္ေနပါတယ္။

သတင္း- ေနာင္ေနာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013