DVB Logo
Home
မြန်မာသတင်း
အဝေးသင်ခွင့်ရက် ၁ လတိုးမြှင့်ရေး  မုံရွာပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ တောင်းဆို 
DVB
·
September 18, 2019
အဝေးသင်ခွင့်ရက် ၁ လတိုးမြှင့်ရေး  မုံရွာပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ တောင်းဆို 
1 / 4
Donate to DVB

အဝေးသင်တက္ကသိုလ်တက်ရောက်ဖို့ လုံလောက်တဲ့ ခွင့်ရက်ရရှိရေးအတွက် မုံရွာမြို့က ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့ကြပါတယ်။

မူလတန်းပြဆရာအဖြစ်တာဝန်ထမ်းဆောင်ဖို့ ဒီပလိုမာဘွဲ့ရရှိရေးအတွက် ပညာရေး ကောလိပ်မှာ ၂ နှစ်ကြာတက်ရောက်ရပြီး အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကတော့ တက္ကသိုလ်တခုခုက ဘွဲ့ရရှိရမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် ပညာရေးဝန်ကြီးဌာနက အဝေးသင်တက္ကသိုလ်တက်ရောက်ရေးအတွက် ခွင့်ကို ၁၇ ရက်ပေးခဲ့ပြီး ဒီအပေါ်မှာ လုံလောက်မှုမရှိတဲ့အတွက် အခုလို ကမ်းပိန်းပြုလုပ်တောင်းဆိုရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ ဗဟိုကော်မတီဝင် ကိုညီညီမင်းထက်ဝေက "အနီးကပ်က ၁၀ ရက်နဲ့ ဖြေဆိုဖို့ ၇ ရက်ဆိုပြီး ခွင့် ၁၇ ရက်ထဲပေးတယ်။ ဝေးလံ ခေါင်းဖျားတဲ့နေရာတွေကလာတက်မယ်ဆိုရင် အသွားအပြန်နဲ့တင် အနည်းဆုံး ၅ ရက်လောက်ကြာမယ်။ ကျနော်တို့ ကောလိပ်က ဆရာဖြစ်တွေအတွက် ဘယ်လိုမှ လုံလောက်မှုမရှိဘူး။ဒါ့ကြောင့် ခွင့်ရက်ကို ၁ လတိုးမြှင့်ပေးဖို့ ကမ်ပိန်းလုပ်တောင်းဆိုတော့ ကပ်ထားတဲ့ စတစ်ကာတွေ ခွာခံရတယ်။ ခွင့်ပြုချက်မတောင်းလို့တဲ့။ ဒါလွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်တယ်လို့ မြင်တယ်။ ဖိနှိပ်တယ်လို့လည်း ယူဆတယ် " လို့ ပြောပါတယ်။

ကမ်ပိန်းပြုလုပ်တောင်းဆိုရာမှာ ပညာဆက်လက်သင်ယူခွင့်ရရှိရေးနဲ့ အဝေးသင်တက္ကသိုလ် တက်ရောက်ရာမှာ ခွင့်လုံလုံလောက်လောက်ရရှိရေးဆိုပြီး အချက် ၂ ချက်ကို အဓိကထား တောင်းဆိုခဲ့ကြတာပါ။

ယခု စတစ်ကာကမ်ပိန်းကိုတော့ မုံရွာပညာရေးကောလိပ်ကျောင်းတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကျောင်းဆောင်တွေ ၊ ဆိုင်းဘုတ်တွေနဲ့ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့မှာ ကပ်နှံခဲ့ပါတယ်။

သတင်း- ရန်နိုင်စိုး




အေဝးသင္ခြင့္ရက္ ၁ လတိုးျမႇင့္ေရး မုံ႐ြာပညာေရးေကာလိပ္ေက်ာင္းသားသမဂၢ ေတာင္းဆို
DVB

အေဝးသင္တကၠသိုလ္တက္ေရာက္ဖို႔ လုံေလာက္တဲ့ ခြင့္ရက္ရရွိေရးအတြက္ မုံ႐ြာၿမိဳ႕က ပညာေရးေကာလိပ္ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳေကာ္မတီက စက္တင္ဘာလ ၁၇ ရက္ေန႔မွာ ကမ္ပိန္းျပဳလုပ္ေတာင္းဆိုခဲ့ၾကပါတယ္။

မူလတန္းျပဆရာအျဖစ္တာဝန္ထမ္းေဆာင္ဖို႔ ဒီပလိုမာဘြဲ႕ရရွိေရးအတြက္ ပညာေရး ေကာလိပ္မွာ ၂ ႏွစ္ၾကာတက္ေရာက္ရၿပီး အလယ္တန္းျပဆရာအျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ ကေတာ့ တကၠသိုလ္တခုခုက ဘြဲ႕ရရွိရမွာျဖစ္ပါတယ္။

အဲ့ဒီအတြက္ ပညာေရးဝန္ႀကီးဌာနက အေဝးသင္တကၠသိုလ္တက္ေရာက္ေရးအတြက္ ခြင့္ကို ၁၇ ရက္ေပးခဲ့ၿပီး ဒီအေပၚမွာ လုံေလာက္မႈမရွိတဲ့အတြက္ အခုလို ကမ္းပိန္းျပဳလုပ္ေတာင္းဆိုရတာ ျဖစ္တယ္လို႔ သိရပါတယ္။

ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳေကာ္မတီမွ ဗဟိုေကာ္မတီဝင္ ကိုညီညီမင္းထက္ေဝက "အနီးကပ္က ၁၀ ရက္နဲ႔ ေျဖဆိုဖို႔ ၇ ရက္ဆိုၿပီး ခြင့္ ၁၇ ရက္ထဲေပးတယ္။ ေဝးလံ ေခါင္းဖ်ားတဲ့ေနရာေတြကလာတက္မယ္ဆိုရင္ အသြားအျပန္နဲ႔တင္ အနည္းဆုံး ၅ ရက္ေလာက္ၾကာမယ္။ က်ေနာ္တို႔ ေကာလိပ္က ဆရာျဖစ္ေတြအတြက္ ဘယ္လိုမွ လုံေလာက္မႈမရွိဘူး။ဒါ့ေၾကာင့္ ခြင့္ရက္ကို ၁ လတိုးျမႇင့္ေပးဖို႔ ကမ္ပိန္းလုပ္ေတာင္းဆိုေတာ့ ကပ္ထားတဲ့ စတစ္ကာေတြ ခြာခံရတယ္။ ခြင့္ျပဳခ်က္မေတာင္းလို႔တဲ့။ ဒါလြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ကို ပိတ္ပင္တယ္လို႔ ျမင္တယ္။ ဖိႏွိပ္တယ္လို႔လည္း ယူဆတယ္ " လို႔ ေျပာပါတယ္။

ကမ္ပိန္းျပဳလုပ္ေတာင္းဆိုရာမွာ ပညာဆက္လက္သင္ယူခြင့္ရရွိေရးနဲ႔ အေဝးသင္တကၠသိုလ္ တက္ေရာက္ရာမွာ ခြင့္လုံလုံေလာက္ေလာက္ရရွိေရးဆိုၿပီး အခ်က္ ၂ ခ်က္ကို အဓိကထား ေတာင္းဆိုခဲ့ၾကတာပါ။

ယခု စတစ္ကာကမ္ပိန္းကိုေတာ့ မုံ႐ြာပညာေရးေကာလိပ္ေက်ာင္းတြင္းမွာ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ေက်ာင္းေဆာင္ေတြ ၊ ဆိုင္းဘုတ္ေတြနဲ႔ ေက်ာင္းအုပ္ႀကီး ႐ုံးခန္းေရွ႕မွာ ကပ္ႏွံခဲ့ပါတယ္။
သတင္း- ရန္ႏိုင္စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013