DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ရန်ကုန်တက္ကသိုလ်တွင်ကျင်းပ
DVB
·
September 18, 2019
ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ရန်ကုန်တက္ကသိုလ်တွင်ကျင်းပ
1 / 7
Donate to DVB

စက်တင်ဘာ ၁၈ ရက်နေ့မှာကျရောက်တဲ့ World Bamboo Day ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ ကျင်းပနေပါတယ်။

ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံက ဝါး အပေါဆုံးနိုင်ငံဖြစ်ပြီး ဒုတိယကတော့ အိန္ဒိယနိုင်ငံပါ။ မြန်မာနိုင်ငံကတော့ တတိယဝါးအပေါများဆုံးဖြစ်ပြီး စနစ်တကျ စိုက်ပျိုးထိန်းသိမ်းဖို့လိုတယ်လို့ သစ်တောသမားတွေကလည်း အကြံပြုကြပါတယ်။

မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှုကြောင့် သစ်တွေရှားပါးနေချိန်မှာ သစ်အစားဝါးကို အစားထိုးသုံးစွဲကြဖို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကလည်း တိုက်တွန်းကြပါတယ်။

သစ်တောဦးစီးဌာနစာရင်းအရ မြန်မာနိုင်ငံမှာ ဝါးမျိုးစိတ် ၁၀၂ မျိုး ပေါက်ရောက်ပြီး စီးပွားရေးအရ အသုံးဝင်ဝါးမျိုး ၁၈ မျိုး ရှိပါတယ်။

ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ ဝါးစိုက်ဧက ဟက်တာ ၁ ဒသမ ၇၈ သန်း ရှိပါတယ်။




ကမာၻ႔ဝါးအထိမ္းအမွတ္ေန႔ ရန္ကုန္တကၠသိုလ္တြင္က်င္းပ
ထြန္းထြန္းသိန္း

စက္တင္ဘာ ၁၈ ရက္ေန႔မွာက်ေရာက္တဲ့ World Bamboo Day ကမာၻ႔ဝါးအထိမ္းအမွတ္ေန႔ အခမ္းအနားကို ရန္ကုန္တကၠသိုလ္ ဝိဇၨာခန္းမမွာ က်င္းပေနပါတယ္။

ကမာၻေပၚမွာ တ႐ုတ္ႏိုင္ငံက ဝါး အေပါဆုံးႏိုင္ငံျဖစ္ၿပီး ဒုတိယကေတာ့ အိႏၵိယႏိုင္ငံပါ။ ျမန္မာႏိုင္ငံကေတာ့ တတိယဝါးအေပါမ်ားဆုံးျဖစ္ၿပီး စနစ္တက် စိုက္ပ်ိဳးထိန္းသိမ္းဖို႔လိုတယ္လို႔ သစ္ေတာသမားေတြကလည္း အႀကံျပဳၾကပါတယ္။

ျမန္မာႏိုင္ငံဟာ သစ္ေတာျပဳန္းတီးမႈေၾကာင့္ သစ္ေတြရွားပါးေနခ်ိန္မွာ သစ္အစားဝါးကို အစားထိုးသုံးစြဲၾကဖို႔ သဘာဝပတ္ဝန္းက်င္ပညာရွင္ေတြကလည္း တိုက္တြန္းၾကပါတယ္။

သစ္ေတာဦးစီးဌာနစာရင္းအရ ျမန္မာႏိုင္ငံမွာ ဝါးမ်ိဳးစိတ္ ၁၀၂ မ်ိဳး ေပါက္ေရာက္ၿပီး စီးပြားေရးအရ အသုံးဝင္ဝါးမ်ိဳး ၁၈ မ်ိဳး ရွိပါတယ္။

ပဲခူးတိုင္း၊ ရခိုင္ျပည္နယ္၊ တနသၤာရီတိုင္းမွာ ဝါးစိုက္ဧက ဟက္တာ ၁ ဒသမ ၇၈ သန္း ရွိပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013