DVB Logo
Home
မြန်မာသတင်း
အလွတ်တမ်းသီဆိုအစွမ်းပြခဲ့သည့် ဖြူဖြူကျော်သိန်းသီချင်း ကြည့်ရှုသူ ၂ သန်းခွဲကျော် ရှိနေ(ရုပ်သံ)
DVB
·
September 18, 2019
အလွတ်တမ်းသီဆိုအစွမ်းပြခဲ့သည့် ဖြူဖြူကျော်သိန်းသီချင်း ကြည့်ရှုသူ ၂ သန်းခွဲကျော် ရှိနေ(ရုပ်သံ)
Donate to DVB

“ဟူ ဟူးဟူ ရေ့ရေး… နောက်ဆုံးနေ့များဆီထိ… မေတ္တာတရားတွေ… ငါ့အပေါ် ထားနိုင်မလား… ငါ မျှော်လင့်မိပါတယ်… ငါ ယုံစားမိပါတယ်”

ဒါကတော့ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ လှည့်စားလိုက်အမည်ရတဲ့ သီချင်းတပုဒ်ဖြစ်ပြီး ဆောင်းဦးလှိုင်က ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒီတခါမှာတော့ ဒီသီချင်းကို စတိတ်စင်ပေါ်မှာ ဖျော်ဖြေမှုပုံစံမျိုးမဟုတ်ပဲ အလွတ်တမ်း ပေါ့ပေါ့ပါးပါး သီဆိုဖျော်ဖြေမှုနဲ့ ပရိသတ်တွေက ရှုစားခဲ့ကြရတာပါ။

“ငါပဲရူးနမ်းခဲ့တာ အပြစ်ရှိသမျှ… ငါ့အပေါ်ပုံချလိုက်ပါတော့… ဘယ်တော့မှ လှည့် မကြည့်နဲ့… ဘာတစ်ခုမှ မငဲ့ညှာနဲ့… လုပ်ပါ မင်း ငါ့အပေါ် ရက်စက်တာတွေ… တဆုံး လှည့်စားလိုက်တာတွေ… လုပ်ပါ မင်း ငါ့အပေါ် ရက်စက်တာတွေ… တဆုံးလှည့်စားခဲ့ တာတွေ”

ဖြူဖြူကျော်သိန်းဟာ လတ်တလောမှာ Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တ ဦးအနေနဲ့ ပါဝင်နေခဲ့ပြီး ဒီသီချင်းကို ပေါ့ပေါ့ပါးပါး သီဆိုခဲ့တာကို တွေ့ရပါတယ်။

လေးကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဒီသီချင်းဆိုပြိုင်ပွဲမှာတော့ ဖြူဖြူကျော်သိန်းနဲ့အတူ တေးသံရှင် အောင်ကိုလတ်၊ တင်ဇာမော်တို့ကလည်း ဒိုင်တွေအဖြစ်ပါဝင်နေကြတာ ဖြစ်ပါတယ်။

နေ့လည်ထမင်းစားနားချိန်မှာ အောင်ကိုလတ်ရဲ့ ဂစ်တာတီးခတ်အစွမ်းပြမှုနဲ့အတူ တေးသံရှင်တင်ဇာမော်၊ Host တဦးဖြစ်တဲ့ ကျော်ထက်အောင်တို့က ဟာမိုနီလိုက်သီ ဆိုခဲ့ကြ တာဟာ တကယ့်ကို အံ့အားသင့်ဖွယ် ကောင်းမွန်နေခဲ့တာပါ။

“အခွင့်အရေးလည်း မရှိပါဘူး… မင်းခြေလှမ်းတွေ တခြားနေရာသွားချိန်မှာ… ဘယ်လို ငါကလိုက်ရှာမလဲ… ဘယ်လို ငါတားဆီးနိုင်မလဲ… ငါပဲစချစ်မိတာ အပြစ် ရှိသမျှ… ငါ့အပေါ်ပုံချလိုက်ပါတော့… ဒါဟာ ကိုယ့်ထိုက်ကိုယ်ကံပဲ… ငါဘာတခုမှ မ တတ်နိုင်ခဲ့”

စင်ပေါ်မှာ အားမာန်အပြည့် ဆန်းပြားတဲ့ ဝတ်စုံဆန်းတွေနဲ့ သီဆိုဖျော်ဖြေလေ့ရှိ တဲ့ ဖြူဖြူကျော်သိန်းဟာ ပညာသမ္ဘာပြည့်ဝတဲ့ သူဖြစ်တယ်ဆိုတာကို ဒီသီချင်းက သက်သေပြ လိုက်သလို ဖြစ်နေခဲ့တာပါ။

ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Myanmar Idol ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ မျှဝေထားခဲ့တာဖြစ် ပြီး လတ်တလောမှာတော့ ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်း ခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ပြီး Winner ဆုကိုတော့ စောလား ထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သား ငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင် ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိ နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။

အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။




အလြတ္တမ္းသီဆိုအစြမ္းျပခဲ့သည့္ ျဖဴျဖဴေက်ာ္သိန္းသီခ်င္း ၾကည့္ရႈသူ ၂ သန္းခြဲေက်ာ္ ရွိေန(႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
DVB

“ဟူ ဟူးဟူ ေရ႕ေရး… ေနာက္ဆုံးေန႔မ်ားဆီထိ… ေမတၱာတရားေတြ… ငါ့အေပၚ ထားႏိုင္မလား… ငါ ေမွ်ာ္လင့္မိပါတယ္… ငါ ယုံစားမိပါတယ္”
ဒါကေတာ့ ေတးသံရွင္ ျဖဴျဖဴေက်ာ္သိန္းရဲ႕ နာမည္ႀကီး သီခ်င္းတပုဒ္ျဖစ္တဲ့ လွည့္စားလိုက္အမည္ရတဲ့ သီခ်င္းတပုဒ္ျဖစ္ၿပီး ေဆာင္းဦးလႈိင္က ေရးဖြဲ႕ေပးထားခဲ့တာ ျဖစ္ပါတယ္။

ဒီတခါမွာေတာ့ ဒီသီခ်င္းကို စတိတ္စင္ေပၚမွာ ေဖ်ာ္ေျဖမႈပုံစံမ်ိဳးမဟုတ္ပဲ အလြတ္တမ္း ေပါ့ေပါ့ပါးပါး သီဆိုေဖ်ာ္ေျဖမႈနဲ႔ ပရိသတ္ေတြက ရႈစားခဲ့ၾကရတာပါ။
“ငါပဲ႐ူးနမ္းခဲ့တာ အျပစ္ရွိသမွ်… ငါ့အေပၚပုံခ်လိုက္ပါေတာ့… ဘယ္ေတာ့မွ လွည့္ မၾကည့္နဲ႔… ဘာတစ္ခုမွ မငဲ့ညႇာနဲ႔… လုပ္ပါ မင္း ငါ့အေပၚ ရက္စက္တာေတြ… တဆုံး လွည့္စားလိုက္တာေတြ… လုပ္ပါ မင္း ငါ့အေပၚ ရက္စက္တာေတြ… တဆုံးလွည့္စားခဲ့ တာေတြ”

ျဖဴျဖဴေက်ာ္သိန္းဟာ လတ္တေလာမွာ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ဒိုင္တ ဦးအေနနဲ႔ ပါဝင္ေနခဲ့ၿပီး ဒီသီခ်င္းကို ေပါ့ေပါ့ပါးပါး သီဆိုခဲ့တာကို ေတြ႕ရပါတယ္။
ေလးႀကိမ္ေျမာက္အျဖစ္ ျမန္မာႏိုင္ငံမွာ က်င္းပတဲ့ ဒီသီခ်င္းဆိုၿပိဳင္ပြဲမွာေတာ့ ျဖဴျဖဴေက်ာ္သိန္းနဲ႔အတူ ေတးသံရွင္ ေအာင္ကိုလတ္၊ တင္ဇာေမာ္တို႔ကလည္း ဒိုင္ေတြအျဖစ္ပါဝင္ေနၾကတာ ျဖစ္ပါတယ္။

ေန႔လည္ထမင္းစားနားခ်ိန္မွာ ေအာင္ကိုလတ္ရဲ႕ ဂစ္တာတီးခတ္အစြမ္းျပမႈနဲ႔အတူ ေတးသံရွင္တင္ဇာေမာ္၊ Host တဦးျဖစ္တဲ့ ေက်ာ္ထက္ေအာင္တို႔က ဟာမိုနီလိုက္သီ ဆိုခဲ့ၾက တာဟာ တကယ့္ကို အံ့အားသင့္ဖြယ္ ေကာင္းမြန္ေနခဲ့တာပါ။

“အခြင့္အေရးလည္း မရွိပါဘူး… မင္းေျခလွမ္းေတြ တျခားေနရာသြားခ်ိန္မွာ… ဘယ္လို ငါကလိုက္ရွာမလဲ… ဘယ္လို ငါတားဆီးႏိုင္မလဲ… ငါပဲစခ်စ္မိတာ အျပစ္ ရွိသမွ်… ငါ့အေပၚပုံခ်လိုက္ပါေတာ့… ဒါဟာ ကိုယ့္ထိုက္ကိုယ္ကံပဲ… ငါဘာတခုမွ မ တတ္ႏိုင္ခဲ့”

စင္ေပၚမွာ အားမာန္အျပည့္ ဆန္းျပားတဲ့ ဝတ္စုံဆန္းေတြနဲ႔ သီဆိုေဖ်ာ္ေျဖေလ့ရွိ တဲ့ ျဖဴျဖဴေက်ာ္သိန္းဟာ ပညာသမာၻျပည့္ဝတဲ့ သူျဖစ္တယ္ဆိုတာကို ဒီသီခ်င္းက သက္ေသျပ လိုက္သလို ျဖစ္ေနခဲ့တာပါ။

ဒီသီခ်င္း႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ Myanmar Idol ရဲ႕ တရားဝင္ေဖ့စ္ဘြတ္ခ္လူမႈ ကြန္ရက္စာမ်က္ႏွာေပၚမွတဆင့္ စက္တင္ဘာလ ၁၆ ရက္ေန႔မွာ မွ်ေဝထားခဲ့တာျဖစ္ ၿပီး လတ္တေလာမွာေတာ့ ၂ ရက္အတြင္း ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ သန္း ခြဲေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကိုေတာ့ ျမန္မာႏိုင္ငံမွာ ေ႐ႊသံလြင္ကုမၸဏီက စီစဥ္ၿပီး ၂၀၁၆ ခုႏွစ္မွာ Season 1 အျဖစ္ က်င္းပခဲ့ၿပီး Winner ဆုကိုေတာ့ ေစာလား ေထာ္ဝါးက ရရွိခဲ့တာ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ရဲ႕ Myanmar Idol Season 2 မွာေတာ့ Winner ဆုရွင္အျဖစ္ သား ငယ္က ရရွိခဲ့တာပါ။ ၂၀၁၈ ခုႏွစ္ရဲ႕ Myanmar Idol Season 3 ေနာက္ဆုံးအဆင့္ ၿပိဳင္ပြဲကေတာ့ ပရိသတ္ေတြၾကား လႈပ္ခတ္ေစခဲ့တဲ့ ၿပိဳင္ပြဲတခု ျဖစ္ခဲ့ပါတယ္။

ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးအဆင့္ထိ ေရာက္ရွိခဲ့ၾကတဲ့ ၿဖိဳးျမတ္ေအာင္နဲ႔ ခ်မ္းေျမ့ေမာင္ ခ်ိဳတို႔ကို အားေပးတဲ့ ပရိသတ္ေတြအခ်င္းခ်င္းၾကားမွာ အၿပိဳင္အဆိုင္ အႀကိတ္အနယ္ရွိ ေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပိဳင္ပြဲေနာက္ဆုံးေန႔မွာေတာ့ က်န္းမာေရးေၾကာင့္ ခ်မ္းေျမ့ေမာင္ခ်ိဳက ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိခဲ့ပဲ Winner ဆုကို ၿဖိဳးျမတ္ေအာင္က ရရွိသြားခဲ့တာ ျဖစ္ပါ တယ္။

အခုႏွစ္ရဲ႕ Season 4 မွာေရာ ဘယ္သူေတြက Winner ဆုကို ရရွိသြားမလဲ၊ ႏိုင္ငံအႏွံ႔က ဘယ္လို႐ြက္ပုန္းသီး အႏုပညာရွင္ေတြ ထြက္ေပၚလာဦးမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013