DVB Logo
Home
မြန်မာသတင်း
ကင်းတားဆည် ရေဝင်နည်းနေသဖြင့် တောင်သူများ ရေအလေအလွင့်မရှိ သုံးစွဲရန်နှိုးဆော်
DVB
·
September 17, 2019
ကင်းတားဆည် ရေဝင်နည်းနေသဖြင့် တောင်သူများ ရေအလေအလွင့်မရှိ သုံးစွဲရန်နှိုးဆော်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ကင်းတားဆည်မှာ မိုးခေါင်ပြီး ရေဝင်နည်းနေတဲ့အတွက် မိုးစပါးစိုက်တောင်သူတွေ ရေအလေအလွင့်မရှိအောင် အသုံးပြုပေးစေလိုတယ်လို့ ကင်းတားဆည်တမံဦးစီးအရာရှိက တိုက်တွန်း ပြောပါတယ်။

ကင်းတားဆည်တမံဦစီးအရာရှိ ဦးထင်လင်းကျော်က "ကင်းတားဆည်ကြီးထဲမှာ မနှစ်က ဒီလိုအချိန် ဧကပေ လေးသိန်းကျော်လောက် ရှိနေတယ်။ ဒီနှစ်တော့ မိုးခေါင်တာကြောင့် ရေဝင်နည်း နေတယ်။ ဧကပေ သုံးသိန်းကျော်လောက်ပဲ ရှိတယ်။ တောင်သူတွေ သုံးနေတဲ့ရေပမာဏထက် အနည်းငယ်ပိုတဲ့ရေလောက်ပဲ ဆည်ထဲကို ဝင်နေတယ်။ တောင်သူတွေကို နွေစပါးစိုက်ဖို့ ရေပေးရမယ် မိုးစပါးအတွက် ယခု ပေးဝေတဲ့ရေကို တောင်သူအချင်းချင်း စနစ်တကျ မျှဝေပြီး အလေအလွင့်မရှိ သုံးပေးရင် လာမည့်နွေ နွေစပါးအတွက် အထောက်အကူဖြစ်စေပါတယ်" လို့ ပြောပါတယ်။

ဂုဏ်ရွာနေတောင်သူ ကိုကျော်စိုးက "ကင်းတားရေ ရနေတော့ တောင်သူလုပ်ရတာ အဆင်ပြေတယ်။ လယ်ယာမြေ တကွက်ကို အနည်းဆုံးတော့ နှစ်သီးစား စိုက်နိုင်တယ်။ အဲဒါကြောင့် တောင်သူတွေက ကင်းတားမြောင်းကို နတ်ရေနတ်မြောင်းလို့ ခေါ်ကြတယ်။ စိုက်ပျိုးရေးမှာ အဓိကကတော့ ရေရှိမှ စိုက်ပျိုးနိုင်တယ်။ ရာသီဥတုဖောက်ပြန်တာ ဒီနှစ် တော်တော်ဆိုးတယ် နီးစပ်ရာတောင်သူတွေကိုလည်း ရေအလေအလွင့်မရှိအောင် လုပ်ကြဖို့ တိုက်တွန်းပေးနေပါတယ်"လို့ ပြောပါတယ်။

ကင်းတားဆည်ကြီးမှာ ဧကပေ ရှစ်သိန်းကျော် ရေသိုလှောင်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက စက်တင်ဘာလဆန်းမှာ ဧကပေ လေးသိန်းကျော် သိုလှောင်ထားနိုင်ပါတယ်။ ယခုအခါမှာတော့ စက်တင်ဘာလဝက် ရောက်လာပေမယ့် ဧကပေ သုံးသိန်းကျော်သာ ရှိနေပါတယ်။ 

မိုးစပါးစိုက်ဧက တသိန်းကျော်နဲ့ ယာသီးနှံ ငါးသောင်းလောက်ကို ကင်းတားဆည်မှ လက်ဝဲ ရေသောက်စနစ်၊ လက်ယာရေသောက်စနစ်၊ ပန်းလောင်ရေသောက်စနစ် စတဲ့ ရေသောက်စနစ် ၃မျိုးနဲ့ဝမ်းတွင်း မြစ်သား ကျောက်ဆည် တံတားဦး စတဲ့ မြို့နယ် လေးခုက လယ်ယာမြေတွေကို စိုက်ပျိုးရေးလုပ်ကြရန် ရေပေးဝေနေပါတယ်။ ရေအားလျှပ်စစ်လည်း ထုတ်ပေးပါတယ်။

စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်း သတင်းစာမှာ ကင်းတာ သဖန်းဆိပ် ဆည်တော်ကြီး မြို့ကြီး စတဲ့ဆည်တွေမှာ ရေဝင်နည်းနေ၍ "တောင်သူများသို့ အသိပေးကြေညာခြင်း" ဆိုပြီး တောင်သူအချင်းချင်း ညီညီညွှတ်ညွှတ်ဖြင့် ရေအလေအလွင့် မရှိအောင် ရေသုံးစွဲပေးရန် နှိုးဆော်အသိပေးထားပါတယ်။

သတင်း-မောင်မောင်လင်း




ကင္းတားဆည္ ေရဝင္နည္းေနသျဖင့္ ေတာင္သူမ်ား ေရအေလအလြင့္မရွိ သုံးစြဲရန္ႏႈိးေဆာ္
DVB

မႏၲေလးတိုင္းေဒသႀကီး၊ ကင္းတားဆည္မွာ မိုးေခါင္ၿပီး ေရဝင္နည္းေနတဲ့အတြက္ မိုးစပါးစိုက္ေတာင္သူေတြ ေရအေလအလြင့္မရွိေအာင္ အသုံးျပဳေပးေစလိုတယ္လို႔ ကင္းတားဆည္တမံဦးစီးအရာရွိက တိုက္တြန္း ေျပာပါတယ္။

ကင္းတားဆည္တမံဦစီးအရာရွိ ဦးထင္လင္းေက်ာ္က "ကင္းတားဆည္ႀကီးထဲမွာ မႏွစ္က ဒီလိုအခ်ိန္ ဧကေပ ေလးသိန္းေက်ာ္ေလာက္ ရွိေနတယ္။ ဒီႏွစ္ေတာ့ မိုးေခါင္တာေၾကာင့္ ေရဝင္နည္း ေနတယ္။ ဧကေပ သုံးသိန္းေက်ာ္ေလာက္ပဲ ရွိတယ္။ ေတာင္သူေတြ သုံးေနတဲ့ေရပမာဏထက္ အနည္းငယ္ပိုတဲ့ေရေလာက္ပဲ ဆည္ထဲကို ဝင္ေနတယ္။ ေတာင္သူေတြကို ေႏြစပါးစိုက္ဖို႔ ေရေပးရမယ္ မိုးစပါးအတြက္ ယခု ေပးေဝတဲ့ေရကို ေတာင္သူအခ်င္းခ်င္း စနစ္တက် မွ်ေဝၿပီး အေလအလြင့္မရွိ သုံးေပးရင္ လာမည့္ေႏြ ေႏြစပါးအတြက္ အေထာက္အကူျဖစ္ေစပါတယ္" လို႔ ေျပာပါတယ္။

ဂုဏ္႐ြာေနေတာင္သူ ကိုေက်ာ္စိုးက "ကင္းတားေရ ရေနေတာ့ ေတာင္သူလုပ္ရတာ အဆင္ေျပတယ္။ လယ္ယာေျမ တကြက္ကို အနည္းဆုံးေတာ့ ႏွစ္သီးစား စိုက္ႏိုင္တယ္။ အဲဒါေၾကာင့္ ေတာင္သူေတြက ကင္းတားေျမာင္းကို နတ္ေရနတ္ေျမာင္းလို႔ ေခၚၾကတယ္။ စိုက္ပ်ိဳးေရးမွာ အဓိကကေတာ့ ေရရွိမွ စိုက္ပ်ိဳးႏိုင္တယ္။ ရာသီဥတုေဖာက္ျပန္တာ ဒီႏွစ္ ေတာ္ေတာ္ဆိုးတယ္ နီးစပ္ရာေတာင္သူေတြကိုလည္း ေရအေလအလြင့္မရွိေအာင္ လုပ္ၾကဖို႔ တိုက္တြန္းေပးေနပါတယ္"လို႔ ေျပာပါတယ္။

ကင္းတားဆည္ႀကီးမွာ ဧကေပ ရွစ္သိန္းေက်ာ္ ေရသိုေလွာင္ထားႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြက စက္တင္ဘာလဆန္းမွာ ဧကေပ ေလးသိန္းေက်ာ္ သိုေလွာင္ထားႏိုင္ပါတယ္။ ယခုအခါမွာေတာ့ စက္တင္ဘာလဝက္ ေရာက္လာေပမယ့္ ဧကေပ သုံးသိန္းေက်ာ္သာ ရွိေနပါတယ္။

မိုးစပါးစိုက္ဧက တသိန္းေက်ာ္နဲ႔ ယာသီးႏွံ ငါးေသာင္းေလာက္ကို ကင္းတားဆည္မွ လက္ဝဲ ေရေသာက္စနစ္၊ လက္ယာေရေသာက္စနစ္၊ ပန္းေလာင္ေရေသာက္စနစ္ စတဲ့ ေရေသာက္စနစ္ ၃မ်ိဳးနဲ႔ဝမ္းတြင္း ျမစ္သား ေက်ာက္ဆည္ တံတားဦး စတဲ့ ၿမိဳ႕နယ္ ေလးခုက လယ္ယာေျမေတြကို စိုက္ပ်ိဳးေရးလုပ္ၾကရန္ ေရေပးေဝေနပါတယ္။ ေရအားလွ်ပ္စစ္လည္း ထုတ္ေပးပါတယ္။

စိုက္ပ်ိဳးေရး ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနကလည္း သတင္းစာမွာ ကင္းတာ သဖန္းဆိပ္ ဆည္ေတာ္ႀကီး ၿမိဳ႕ႀကီး စတဲ့ဆည္ေတြမွာ ေရဝင္နည္းေန၍ "ေတာင္သူမ်ားသို႔ အသိေပးေၾကညာျခင္း" ဆိုၿပီး ေတာင္သူအခ်င္းခ်င္း ညီညီၫႊတ္ၫႊတ္ျဖင့္ ေရအေလအလြင့္ မရွိေအာင္ ေရသုံးစြဲေပးရန္ ႏႈိးေဆာ္အသိေပးထားပါတယ္။

သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013