DVB Logo
Home
မြန်မာသတင်း
ဇော်ဂျီနှင့် သူယောင်မယ်အကအစွမ်းပြပြီး Myanmar’s Got Talent တွင် ဆုရရှိခဲ့သည့် သားတို့အမြွှာ(ရုပ်သံ)
DVB
·
September 17, 2019
ဇော်ဂျီနှင့် သူယောင်မယ်အကအစွမ်းပြပြီး Myanmar’s Got Talent တွင် ဆုရရှိခဲ့သည့် သားတို့အမြွှာ(ရုပ်သံ)
Donate to DVB

ချစ်စရာကောင်းတဲ့ သွင်ပြင်၊ သွက်လက်တဲ့ ကကွက်ဆန်းတွေနဲ့ အားလုံးကို ဖမ်း စားထားနိုင်ခဲ့တဲ့ မန္တလေးမြို့မှ သားတို့အမြွှာမိုးဖြိုးဟာ ပြီးခဲ့တဲ့ Myanmar’s Got Talent ရဲ့ ဖိုင်နယ်စင်မြင့်ထက်မှာလည်း အစွမ်းပြယှဉ်ပြိုင်သွားနိုင်ခဲ့ပါတယ်။

မန္တလေးမြို့ရဲ့ ထွန်းတောက်လာတဲ့ ကြယ်ပွင့်ကလေးတွေ ဖြစ်ကြတဲ့ အမြွှာ ညီ နောင်ဟာ ပြိုင်ပွဲတလျှောက်မတူညီတဲ့ ကကွက်ဆန်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ပြီး နောက် ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ငယ်ရွယ်ပေမယ့် အနုပညာအရည်အသွေး ပြည့်ဝတဲ့ သူတို့ ညီအစ်ကိုဟာ တယောက်က အမျိုးသမီးလို၊ တယောက်က အမျိုးသားလို ဝတ်ဆင်ကပြ ဖျော်ဖြေရတဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးလို အကမျိုး၊ ဇာတ်မင်းသားတွေလို အကမျိုးသာမက အပျိုတော်အက တွေထိအောင် ကပြနိုင်စွမ်းရှိတဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

အသက် ၁၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သူတို့ ညီအစ်ကိုဟာ မနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲ မှာလည်း ယှဉ်ပြိုင်ခဲ့ဖူးပြီး ပရိသတ် အားပေးမှုရရှိထားကြသူတွေ ဖြစ်ကြပါတယ်။ 

အခုနှစ်ရဲ့ ပြိုင်ပွဲစင်မြင့်ပေါ်မှာလည်း တကျော့ပြန် ယှဉ်ပြိုင်မှုတွေနဲ့ ပရိသတ် တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ယှဉ်ပြိုင်မှုမှာတော့ သူတို့ အမြွှာ ညီအစ်ကိုက တမူကွဲပြားတဲ့ ဇော်ဂျီနဲ့ သူယောင်မယ်လေးအသွင် ဆန်းဆန်းပြားပြား သရုပ်ဖော်အကအလှတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြန်ပါတယ်။

ဖျော်ဖြေမှုအစမှာ တယောက်က အနီရောင်ရဲရဲ ဇော်ဂျီအသွင်နဲ့ လေပေါ်ပျံဝဲ ထွက်လာခဲ့ပြီး အမူအရာက တကယ့်ကို သွက်သွက်လက်လက်နဲ့ ကပြဖျော်ဖြေနေခဲ့ တာကို တွေ့ရပါတယ်။ အဲဒီနောက် စင်တဖက်စွန်းက အစိမ်းရောင်ပျော့ပျော့ သူယောင်မယ်လေးအသွင်နောက်တယောက်က ရောက်လာချိန်မှာတော့ သူတို့ ၂ ဦး ဟန်ချက်ညီညီ ကပြဖျော်ဖျေကြပါတော့တယ်။ ဒါပေမယ့် တကြိမ်မှာတော့ သူယောင်မယ်လေးဟာ ပျောက်သွားခဲ့ပြီး ဇော်ဂျီက လိုက်ရှာဟန်ပြကွက်ကတော့ အားလုံးကို ပါးစပ် အဟောင်းသားဖြစ်သွားစေအောင် အံ့အားသင့်စေခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ သူယောင်မယ်ကလေးဟာ ဒိုင်တွေနောက် ပွဲခင်းထဲ ရောက်ရှိနေခဲ့လို့ပါပဲ။ 

အမြွှာ ၂ ဦးရဲ့ သရုပ်ဆောင်မှု၊ အထာကျကျ လှုပ်ရှားနွဲ့ပျောင်းမှုတွေနဲ့ ရှိနေခဲ့ တာဟာ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ ထင်မှတ်မထားတဲ့ ရသတွေပေးနိုင်ခဲ့ပါ တယ်။

Myanmar’s Got Talent ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ ၆ နှစ်တိုင်ခဲ့ ပြီဖြစ်ကာ အခုနှစ် ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင် တွေအဖြစ် ဝါရင့်သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ်အမှတ်ပေးကြတာ ဖြစ်ပါတယ်။

သားတို့အမြွှာမိုးဖြိုးညီနောင်ဟာ မနှစ်က Myanmar’s Got Talent ပြိုင်ပွဲမှာ နောက်ဆုံးဆယ်ဦး ဆန်ကာတင်စာရင်းထဲထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ နောက်ဆုံးဖိုင်နယ်အဆင့်ကိုတော့ သားတို့အမြွှာမိုးဖြိုးနဲ့အတူ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဘုန်းမြတ်မင်း ၊ Baby Star ၊ မင်းမြတ် ၊ ရွှေစိုးရာဇာ၊ Angelo Erasmus ၊ Feng Yi ၊ Damien ၊ ဇော်နိုင်ဝင်း၊ ဝင်းစန်းအောင်စတဲ့ အဖွဲ့တွေက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတာပါ။ 

ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်တွေပေးတဲ့ Voting နဲ့ နောက်ဆုံး ဖိုင်နယ်အဆင့် တက်ရောက်နိုင်သူတွေကို ကြေညာမယ့်အချိန် ရောက်ရှိလာ ခဲ့ပါတယ်။

ပရိသတ် ပေးတဲ့ မဲနဲ့ Top 3 စာရင်းထဲမှာတော့ ဘုန်းမြတ်မင်း၊ မှော်ဆရာ Damien နဲ့ ဇော်ဂျီနဲ့ သူယောင်မယ်ကကွက်နဲ့ ယှဉ်ပြိုင်ခဲ့သူ သားတို့အမြွာမိုးဖြိုးတို့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ Second Runner up ကို ကြေညာချိန်မှာ သားတို့အမြွှာ မိုးဖြိုးက ရရှိသွားခဲ့ပြီး Myanmar’s Got Talent ရဲ့ ချန်ပီယံ Winner ဆုကို ဘုန်းမြတ်မင်းနဲ့ First Runner Up ကိုတော့  မှော်ဆရာ Damien က ရရှိသွားခဲ့ပါတယ်။




ေဇာ္ဂ်ီႏွင့္ သူေယာင္မယ္အကအစြမ္းျပၿပီး Myanmar’s Got Talent တြင္ ဆုရရွိခဲ့သည့္ သားတို႔အႁမႊာ(႐ုပ္သံ)
DVB

ခ်စ္စရာေကာင္းတဲ့ သြင္ျပင္၊ သြက္လက္တဲ့ ကကြက္ဆန္းေတြနဲ႔ အားလုံးကို ဖမ္း စားထားႏိုင္ခဲ့တဲ့ မႏၲေလးၿမိဳ႕မွ သားတို႔အႁမႊာမိုးၿဖိဳးဟာ ၿပီးခဲ့တဲ့ Myanmar’s Got Talent ရဲ႕ ဖိုင္နယ္စင္ျမင့္ထက္မွာလည္း အစြမ္းျပယွဥ္ၿပိဳင္သြားႏိုင္ခဲ့ပါတယ္။

မႏၲေလးၿမိဳ႕ရဲ႕ ထြန္းေတာက္လာတဲ့ ၾကယ္ပြင့္ကေလးေတြ ျဖစ္ၾကတဲ့ အႁမႊာ ညီ ေနာင္ဟာ ၿပိဳင္ပြဲတေလွ်ာက္မတူညီတဲ့ ကကြက္ဆန္းေတြနဲ႔ အစြမ္းျပယွဥ္ၿပိဳင္ၿပီး ေနာက္ ဆုံးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ငယ္႐ြယ္ေပမယ့္ အႏုပညာအရည္အေသြး ျပည့္ဝတဲ့ သူတို႔ ညီအစ္ကိုဟာ တေယာက္က အမ်ိဳးသမီးလို၊ တေယာက္က အမ်ိဳးသားလို ဝတ္ဆင္ကျပ ေဖ်ာ္ေျဖရတဲ့ ဦးေ႐ႊ႐ိုးနဲ႔ ေဒၚမိုးလို အကမ်ိဳး၊ ဇာတ္မင္းသားေတြလို အကမ်ိဳးသာမက အပ်ိဳေတာ္အက ေတြထိေအာင္ ကျပႏိုင္စြမ္းရွိတဲ့ ကေလးငယ္ေတြ ျဖစ္ၾကပါတယ္။

အသက္ ၁၂ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ သူတို႔ ညီအစ္ကိုဟာ မႏွစ္က က်င္းပခဲ့တဲ့ ၿပိဳင္ပြဲ မွာလည္း ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး ပရိသတ္ အားေပးမႈရရွိထားၾကသူေတြ ျဖစ္ၾကပါတယ္။

အခုႏွစ္ရဲ႕ ၿပိဳင္ပြဲစင္ျမင့္ေပၚမွာလည္း တေက်ာ့ျပန္ ယွဥ္ၿပိဳင္မႈေတြနဲ႔ ပရိသတ္ ေတြကိုေရာ ဒိုင္ေတြကိုပါ ဖမ္းစားထားႏိုင္ခဲ့တာပါ။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က က်င္းပၿပီးစီးသြားတဲ့ ယွဥ္ၿပိဳင္မႈမွာေတာ့ သူတို႔ အႁမႊာ ညီအစ္ကိုက တမူကြဲျပားတဲ့ ေဇာ္ဂ်ီနဲ႔ သူေယာင္မယ္ေလးအသြင္ ဆန္းဆန္းျပားျပား သ႐ုပ္ေဖာ္အကအလွေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ျပန္ပါတယ္။

ေဖ်ာ္ေျဖမႈအစမွာ တေယာက္က အနီေရာင္ရဲရဲ ေဇာ္ဂ်ီအသြင္နဲ႔ ေလေပၚပ်ံဝဲ ထြက္လာခဲ့ၿပီး အမူအရာက တကယ့္ကို သြက္သြက္လက္လက္နဲ႔ ကျပေဖ်ာ္ေျဖေနခဲ့ တာကို ေတြ႕ရပါတယ္။ အဲဒီေနာက္ စင္တဖက္စြန္းက အစိမ္းေရာင္ေပ်ာ့ေပ်ာ့ သူေယာင္မယ္ေလးအသြင္ေနာက္တေယာက္က ေရာက္လာခ်ိန္မွာေတာ့ သူတို႔ ၂ ဦး ဟန္ခ်က္ညီညီ ကျပေဖ်ာ္ေဖ်ၾကပါေတာ့တယ္။ ဒါေပမယ့္ တႀကိမ္မွာေတာ့ သူေယာင္မယ္ေလးဟာ ေပ်ာက္သြားခဲ့ၿပီး ေဇာ္ဂ်ီက လိုက္ရွာဟန္ျပကြက္ကေတာ့ အားလုံးကို ပါးစပ္ အေဟာင္းသားျဖစ္သြားေစေအာင္ အံ့အားသင့္ေစခဲ့ပါတယ္။ ေပ်ာက္ဆုံးသြားတဲ့ သူေယာင္မယ္ကေလးဟာ ဒိုင္ေတြေနာက္ ပြဲခင္းထဲ ေရာက္ရွိေနခဲ့လို႔ပါပဲ။

အႁမႊာ ၂ ဦးရဲ႕ သ႐ုပ္ေဆာင္မႈ၊ အထာက်က် လႈပ္ရွားႏြဲ႕ေပ်ာင္းမႈေတြနဲ႔ ရွိေနခဲ့ တာဟာ ဒိုင္ေတြကိုေရာ ပရိသတ္ေတြကိုပါ ထင္မွတ္မထားတဲ့ ရသေတြေပးႏိုင္ခဲ့ပါ တယ္။

Myanmar’s Got Talent ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံမွာ က်င္းပလာခဲ့တာ ၆ ႏွစ္တိုင္ခဲ့ ၿပီျဖစ္ကာ အခုႏွစ္ ၂၀၁၉ ခုႏွစ္ရဲ႕ Myanmar’s Got Talent ၿပိဳင္ပြဲမွာေတာ့ ဒိုင္ ေတြအျဖစ္ ဝါရင့္သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္၊ ဒါ႐ိုက္တာ ေမာင္သီ၊ သ႐ုပ္ေဆာင္မင္းသမီး ခိုင္သင္းၾကည္၊ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးတို႔က အကဲျဖတ္အမွတ္ေပးၾကတာ ျဖစ္ပါတယ္။

သားတို႔အႁမႊာမိုးၿဖိဳးညီေနာင္ဟာ မႏွစ္က Myanmar’s Got Talent ၿပိဳင္ပြဲမွာ ေနာက္ဆုံးဆယ္ဦး ဆန္ကာတင္စာရင္းထဲထိ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

အခုႏွစ္ရဲ႕ ေနာက္ဆုံးဖိုင္နယ္အဆင့္ကိုေတာ့ သားတို႔အႁမႊာမိုးၿဖိဳးနဲ႔အတူ ၿပိဳင္ဘက္ေတြ ျဖစ္ၾကတဲ့ ဘုန္းျမတ္မင္း ၊ Baby Star ၊ မင္းျမတ္ ၊ ေ႐ႊစိုးရာဇာ၊ Angelo Erasmus ၊ Feng Yi ၊ Damien ၊ ေဇာ္ႏိုင္ဝင္း၊ ဝင္းစန္းေအာင္စတဲ့ အဖြဲ႕ေတြက အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကရတာပါ။

ၿပိဳင္ပြဲဝင္ေတြအားလုံးရဲ႕ ယွဥ္ၿပိဳင္မႈအၿပီးမွာေတာ့ ပရိသတ္ေတြေပးတဲ့ Voting နဲ႔ ေနာက္ဆုံး ဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္သူေတြကို ေၾကညာမယ့္အခ်ိန္ ေရာက္ရွိလာ ခဲ့ပါတယ္။

ပရိသတ္ ေပးတဲ့ မဲနဲ႔ Top 3 စာရင္းထဲမွာေတာ့ ဘုန္းျမတ္မင္း၊ ေမွာ္ဆရာ Damien နဲ႔ ေဇာ္ဂ်ီနဲ႔ သူေယာင္မယ္ကကြက္နဲ႔ ယွဥ္ၿပိဳင္ခဲ့သူ သားတို႔အႁမြာမိုးၿဖိဳးတို႔ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာ Second Runner up ကို ေၾကညာခ်ိန္မွာ သားတို႔အႁမႊာ မိုးၿဖိဳးက ရရွိသြားခဲ့ၿပီး Myanmar’s Got Talent ရဲ႕ ခ်န္ပီယံ Winner ဆုကို ဘုန္းျမတ္မင္းနဲ႔ First Runner Up ကိုေတာ့ ေမွာ္ဆရာ Damien က ရရွိသြားခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013