Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် လားဟူအမျိုးသမီး ၂ ဦးထံက စိတ်ကြွဆေး  ၂ သန်းခွဲ ဖမ်းမိ
နန်းမြနဒီ
·
September 17, 2019
70389299_2375347282724994_9136881720614715392_n
70302296_2375347232724999_6382078212217765888_n
70786364_2375347209391668_1278500653215252480_n
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ဘက်ကနေ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၂ သန်းခွဲကို လားဟူအမျိုးသမီး ၂ ဦးထံက ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။  မဲ့အိုင်းမြို့နယ် ဒွိုင်လဲမ်တောင်ပေါ်ကနေ မူးယစ်ဆေးဝါးသယ်ဆောင်မယ့်သတင်း  ကြိုရထားတဲ့အတွက် မဲ့အိုင်းမြို့နယ်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ အဆိုပါ မူးယစ်ဆေးဝါး ဝင်လာမယ့်လမ်းကြောင်းကို ကိုယ်ရောင်ဖျောက် စောင့်ကြပ်နေခဲ့ပါတယ်။  စက်တင်ဘာ ၁၆ ရက် ည ၉ နာရီလောက်မှာတော့ မဲ့အိုင်းမြို့နယ်နဲ့ ဖန်မြို့နယ်ကြားမှာ ဂုံနီအိတ်နဲ့ထည့်လာတဲ့အထုတ်တွေ တင်ဆောင်လာတဲ့ မီးခိုးရောင် တိုယိုတာကားတစ်စီးကို ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ပါတယ် စစ်ဆေးရာမှာ အိတ်အလုံးပေါင်း ၁၃ အိတ်ပါလာပြီး အထဲမှာ စိတ်ကြွဆေးပြားတွေထည့်ထားကြောင်း၊ လေးထောင့်ထုတ် အစည်းပေါင်း ၂၅ စည်းရှိပြီး တစ်စီးမှာ စိတ်ကြွဆေး ၁ သိန်းစီပါလာတဲ့အတွက် စုစုပေါင်း စိတ်ကြွဆေး ၂ သန်းခွဲ ဖမ်းဆီးရမိတာလို့  မဲ့အိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဖိချိတ် ကျီရနန်သဆင် က သတင်းထောက်ကို ပြောပါတယ်။  အဆိုပါကားပေါ်မှာ နာရိဆာ နဲ့ နားဒီ ဆိုသူ လားဟူတိုင်းရင်းသူ အမျိုးသမီး ၂ ဦး လိုက်ပါလာပါ။ စစ်ဆေးမေးမြန်းချက်အရ သူတို့ နှစ်ဦးမှာ ချိုင်းပကန်းမြို့နယ်ကဖြစ်ပြီး အွန်လိုင်းပေါ်မှာ သိကျွမ်းခဲ့သူ နိုင်းပူဆိုသူ လားဟူအမျိုးသား ၁ ဦးက သူတို့ ၂ ယောက်ကို မဲ့အိုင်းမှာ အထုတ်တွေလာသယ်ပေးဖို့နဲ့ သယ်ဆောင်ခ ဘတ် ၂ သောင်းပေးမယ်ဆိုလို့ သွားသယ်ခဲ့ကြောင်း သူတို့တာဝန်က မဲ့အိုင်းက အထုပ်တွေကို ချိုင်းပကန်းမြို့ မဲ့ထလုပ်အုပ်စု ပုန်ကျောက်ရွာ အမှိုက်ပုံနားချထားပေးခဲ့ရမှာဖြစ်တယ်လို့ ပြောပါတယ်။  မဲ့အိုင်းမြို့ ဒွိုင်လဲမ်ကျေးရွာမှာ အထုတ်သွားသယ်စဉ် ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား ၁၀ ဦးလောက်က အထုပ်တွေနဲစ့ စောင့်ဆိုင်းနေပြီး ကားပေါ်ကို ဝိုင်းမတင်ပေးတာ ၃ မိနစ်ပဲကြ ကြာတယ်လို့ ပြောပါတယ်။  ရဲတပ်ဖွဲ့က အဆိုပါအမျိုးသမီး ၂ ဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားပြီး ကျန်တဲ့ကွင်းဆက်တွေ ဆက်လက်စစ်ဆေးဖော်ထုတ်သွားမယ်လို့ ပြောသွားပါတယ်။  ဓာပုံ-CM-25.com
ထိုင္း-ျမန္မာနယ္စပ္တြင္ လားဟူအမ်ိဳးသမီး ၂ ဦးထံက စိတ္ႂကြေဆး ၂ သန္းခြဲ ဖမ္းမိ နန္းျမနဒီ ထိုင္း-ျမန္မာနယ္စပ္ ခ်င္းမိုင္ခ႐ိုင္ မဲ့အိုင္းၿမိဳ႕နယ္ဘက္ကေန သယ္ေဆာင္လာတဲ့ စိတ္ႂကြေဆးျပား ၂ သန္းခြဲကို လားဟူအမ်ိဳးသမီး ၂ ဦးထံက ဖမ္းဆီးရမိတယ္လို႔ ခ်င္းမိုင္ေဒသတြင္း သတင္းမွာ ေဖာ္ျပပါတယ္။ မဲ့အိုင္းၿမိဳ႕နယ္ ဒြိဳင္လဲမ္ေတာင္ေပၚကေန မူးယစ္ေဆးဝါးသယ္ေဆာင္မယ့္သတင္း ႀကိဳရထားတဲ့အတြက္ မဲ့အိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕နဲ႔ တာဝန္ရွိသူေတြဟာ အဆိုပါ မူးယစ္ေဆးဝါး ဝင္လာမယ့္လမ္းေၾကာင္းကို ကိုယ္ေရာင္ေဖ်ာက္ ေစာင့္ၾကပ္ေနခဲ့ပါတယ္။ စက္တင္ဘာ ၁၆ ရက္ ည ၉ နာရီေလာက္မွာေတာ့ မဲ့အိုင္းၿမိဳ႕နယ္နဲ႔ ဖန္ၿမိဳ႕နယ္ၾကားမွာ ဂုံနီအိတ္နဲ႔ထည့္လာတဲ့အထုတ္ေတြ တင္ေဆာင္လာတဲ့ မီးခိုးေရာင္ တိုယိုတာကားတစ္စီးကို ရဲတပ္ဖြဲ႕က တားဆီးစစ္ေဆးခဲ့ပါတယ္ စစ္ေဆးရာမွာ အိတ္အလုံးေပါင္း ၁၃ အိတ္ပါလာၿပီး အထဲမွာ စိတ္ႂကြေဆးျပားေတြထည့္ထားေၾကာင္း၊ ေလးေထာင့္ထုတ္ အစည္းေပါင္း ၂၅ စည္းရွိၿပီး တစ္စီးမွာ စိတ္ႂကြေဆး ၁ သိန္းစီပါလာတဲ့အတြက္ စုစုေပါင္း စိတ္ႂကြေဆး ၂ သန္းခြဲ ဖမ္းဆီးရမိတာလို႔ မဲ့အိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ဒုရဲမႉး ဖိခ်ိတ္ က်ီရနန္သဆင္ က သတင္းေထာက္ကို ေျပာပါတယ္။ အဆိုပါကားေပၚမွာ နာရိဆာ နဲ႔ နားဒီ ဆိုသူ လားဟူတိုင္းရင္းသူ အမ်ိဳးသမီး ၂ ဦး လိုက္ပါလာပါ။ စစ္ေဆးေမးျမန္းခ်က္အရ သူတို႔ ႏွစ္ဦးမွာ ခ်ိဳင္းပကန္းၿမိဳ႕နယ္ကျဖစ္ၿပီး အြန္လိုင္းေပၚမွာ သိကြၽမ္းခဲ့သူ ႏိုင္းပူဆိုသူ လားဟူအမ်ိဳးသား ၁ ဦးက သူတို႔ ၂ ေယာက္ကို မဲ့အိုင္းမွာ အထုတ္ေတြလာသယ္ေပးဖို႔နဲ႔ သယ္ေဆာင္ခ ဘတ္ ၂ ေသာင္းေပးမယ္ဆိုလို႔ သြားသယ္ခဲ့ေၾကာင္း သူတို႔တာဝန္က မဲ့အိုင္းက အထုပ္ေတြကို ခ်ိဳင္းပကန္းၿမိဳ႕ မဲ့ထလုပ္အုပ္စု ပုန္ေက်ာက္႐ြာ အမႈိက္ပုံနားခ်ထားေပးခဲ့ရမွာျဖစ္တယ္လို႔ ေျပာပါတယ္။ မဲ့အိုင္းၿမိဳ႕ ဒြိဳင္လဲမ္ေက်း႐ြာမွာ အထုတ္သြားသယ္စဥ္ ဦးထုပ္ေဆာင္းထားတဲ့ အမ်ိဳးသား ၁၀ ဦးေလာက္က အထုပ္ေတြနဲစ့ ေစာင့္ဆိုင္းေနၿပီး ကားေပၚကို ဝိုင္းမတင္ေပးတာ ၃ မိနစ္ပဲၾက ၾကာတယ္လို႔ ေျပာပါတယ္။ ရဲတပ္ဖြဲ႕က အဆိုပါအမ်ိဳးသမီး ၂ ဦးကို မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈနဲ႔ ဖမ္းဆီးထားၿပီး က်န္တဲ့ကြင္းဆက္ေတြ ဆက္လက္စစ္ေဆးေဖာ္ထုတ္သြားမယ္လို႔ ေျပာသြားပါတယ္။ ဓာပုံ-CM-25.com
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024