DVB Logo
Home
မြန်မာသတင်း
အိုင်တီဗွီ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ရှုစားကြရမည့် Downton Abbey (နမူနာ)
DVB
·
September 17, 2019
အိုင်တီဗွီ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ရှုစားကြရမည့် Downton Abbey (နမူနာ)
Donate to DVB

ဟောလိဝုဒ် Historical Period Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Downton Abbey ရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိမယ့် ဒီရုပ်ရှင်ကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Michael Engler က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကတော့ နာမည်ကြီး ဗြိတိန်စာရေးဆရာ Julian Fellowes ရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ၂၀ ရာစုအစောပိုင်းကာလ  ဗြိတိန်နိုင်ငံရဲ့ လူချမ်းသာ မိသားစုကြီးတစုဖြစ်တဲ့ Crawley Family အကြောင်း၊ သူတို့ နေထိုင်တဲ့ စံအိမ်ကြီးမှာ အလုပ်လုပ်ကြသူတွေရဲ့ ဘဝဇာတ်ကြောင်းတွေနဲ့အတူ အချစ်၊ အလွမ်း၊ ဒရာမာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ 

ဒီဇာတ်လမ်းကို ၂၀၁၀ ပြည့်နှစ်လောက်ကစပြီး ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ITV မှာ ၅ နှစ်လောက်ပြသခဲ့ပြီး ပရိသတ်တွေ အားပေးမှုတွေ ရရှိခဲ့ပြီး Golden Globe ၊ Emmy စတဲ့ ထူးချွန်ဆုတွေ ရရှိပြီး အောင်မြင်ခဲ့ပါတယ်။ 

အခုထွက်ရှိလာတဲ့ ရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Hugh Bonneville ၊ Jim Carter ၊ Michelle Dockery ၊ Elizabeth McGovern ၊ Maggie Smith စတဲ့ အရင်ရုပ်သံ Series ထဲမှာ ပါခဲ့ကြတဲ့ သရုပ်ဆောင်တွေ အများကြီးက ပြန်လည်ပြီးတော့ ပါဝင်ထားကြတာပါ။

ကြာမြင့်ချိန် ၁၂၂ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ် ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.8 အထိ ရရှိထားပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းကနေ ၁၆ သန်းအထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အိုင္တီဗြီ နာမည္ႀကီး ႐ုပ္သံဇာတ္လမ္းတြဲကို ႐ုပ္ရွင္အျဖစ္ ရႈစားၾကရမည့္ Downton Abbey (နမူနာ)

ေဟာလိဝုဒ္ Historical Period Drama အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Downton Abbey ႐ုပ္ရွင္ကားကို လာမယ့္ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

Focus Features ႐ုပ္ရွင္ထုတ္လုပ္ေရးက ျဖန႔္ခ်ိမယ့္ ဒီ႐ုပ္ရွင္ကားကိုေတာ့ ေဟာလိဝုဒ္႐ုပ္ရွင္ဒါ႐ိုက္တာ Michael Engler က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းကေတာ့ နာမည္ႀကီး ၿဗိတိန္စာေရးဆရာ Julian Fellowes ရဲ႕ ဝတၳဳကို ႐ုပ္ရွင္အေနနဲ႔ ႐ိုက္ကူးပုံေဖာ္ထားခဲ့တာပါ။ ၂၀ ရာစုအေစာပိုင္းကာလ  ၿဗိတိန္ႏိုင္ငံရဲ႕ လူခ်မ္းသာ မိသားစုႀကီးတစုျဖစ္တဲ့ Crawley Family အေၾကာင္း၊ သူတို႔ ေနထိုင္တဲ့ စံအိမ္ႀကီးမွာ အလုပ္လုပ္ၾကသူေတြရဲ႕ ဘဝဇာတ္ေၾကာင္းေတြနဲ႔အတူ အခ်စ္၊ အလြမ္း၊ ဒရာမာ ဇာတ္လမ္း ဇာတ္ကြက္ေတြနဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းကို ၂၀၁၀ ျပည့္ႏွစ္ေလာက္ကစၿပီး ႐ုပ္သံဇာတ္လမ္းတြဲအေနနဲ႔ ITV မွာ ၅ ႏွစ္ေလာက္ျပသခဲ့ၿပီး ပရိသတ္ေတြ အားေပးမႈေတြ ရရွိခဲ့ၿပီး Golden Globe ၊ Emmy စတဲ့ ထူးခြၽန္ဆုေတြ ရရွိၿပီး ေအာင္ျမင္ခဲ့ပါတယ္။

အခုထြက္ရွိလာတဲ့ ႐ုပ္ရွင္ကားထဲမွာေတာ့ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Hugh Bonneville ၊ Jim Carter ၊ Michelle Dockery ၊ Elizabeth McGovern ၊ Maggie Smith စတဲ့ အရင္႐ုပ္သံ Series ထဲမွာ ပါခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ျပန္လည္ၿပီးေတာ့ ပါဝင္ထားၾကတာပါ။

ၾကာျမင့္ခ်ိန္ ၁၂၂ မိနစ္ရွိတဲ့ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက ကေလးေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္မွတ္ထားပါတယ္။

IMDb မွာေတာ့ ဒီ႐ုပ္ရွင္ကားဟာ Rating 7.8 အထိ ရရွိထားပါတယ္။ Box Office မွာေတာ့ ဒီ႐ုပ္ရွင္ကားကို ႐ုံတင္ျပသမယ့္ ပထမသီတင္းပတ္မွာတင္ ဝင္ေငြ အေမရိကန္ေဒၚလာ ၁၅ သန္းကေန ၁၆ သန္းအထိ ရရွိႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013