DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး ထိုင်းထီ ဘတ် ၆ သန်းဖိုးပေါက် 
DVB
·
September 17, 2019
ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး ထိုင်းထီ ဘတ် ၆ သန်းဖိုးပေါက် 
1 / 2
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးဟာ ဘတ် ၆ သန်းဖိုးစီ ထိုင်းထီပထမဆု အသီးသီးပေါက်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ပထမ ၁ ဦးမှာ အသက် ၄၃ နှစ်ရွယ်ရှိ နိုင်းဖွန်း ဆိုသူဖြစ်ပြီး သူဟာ မယ်ဟောင်ဆောင်ခရိုင် ဖာပေါင်မြို့ နယ်ကနေ ချင်းမိုင်မြို့ ဆုထစ်အုပ်စု  ပုန်နွဲ့ရပ်ကွက်ထဲမှာ ဆောက်လုပ်ရေးအလုပ်သမား လာလုပ်နေသူဖြစ်ပါတယ်။

ထီဖွင့်တဲ့ ယမန်နေ့မနက် ၇ နာရီလောက်က အလုပ်ဆင်းရန်အသွား ပုန်နွဲ့ ဘုန်းကြီးကျောင်းနားမှာ ထီလာရောင်းတာတွေ့လို့ နှစ်လုံး သုံးလုံး ပေါက်လိုပေါက်ငြား နံပတ် ၃၄၀၃၈၈ ပါ ထီတစောင် ဝယ်ယူခဲ့ကြောင်း၊ ညနေပိုင်း ထီပေါက်စဉ်ထွက်လာချိန် မိမိနံပါတ်နဲ့ တိုက်ကြည့်ရာမှာ ပထမဆု ပေါက်တော့ အလွန်ဝမ်းသာသွားပြီး သမီးနဲ့ ဇနီးကို ခေါ်ကာ ရဲစခန်းမှာ ထီပေါက်စဉ်နဲ့အတူ လာရောက်အကြောင်းကြားခဲ့တယ်လို့ ချင်းမိုင်မြို့ ဖူးဖိန်းရာ့ချ်နီးဝေ့ရဲစခန်း တာဝန်ကျ ဒုရဲမှူး ပဆုန် နာဖန့်က ထိုင်းရတ်သတင်းဌာနကို ပြောပါတယ်။ 

ဒုရဲမှူးက “ပထမဆု ၆ သန်းဖိုး ပေါက်သွားလို့ ဝမ်းသာပါတယ် နောက်တခါကိုယ့်အလှဲ့ပေါ့” ဆိုတဲ့စတေးတပ်နဲ့  သူ့ကိုယ်ပိုင်လူမှု ကွန်ရက်မှာ တင်ထားတာကို သတင်းဌာနကတွေ့ပြီး ဆက်သွယ်မေးမြန်းလိုက်တာ ဖြစ်ပါတယ်။ 

ပထမဆု ဘတ် ၆ သန်းဖိုးပေါက်တဲ့ နောက်ထပ် မြန်မာအလုပ်သမား ၁ ဦးကတော့ အသက် ၃၀- ခန့်ရှိ နိုင်းချိုင်းဆိုသူဖြစ်ပါတယ်။  သူကလည်း အဆိုပါထီလက်မှတ်ကို ပုန်နွဲ့ဘုန်းကြီးကျောင်းဘေးကနေ ဝယ်ယူခဲ့ပြီး နိုင်းဖွန်းပေါက်ခဲ့တဲ့ ထီလက်မှတ်နဲ့ တစ်အုပ်တည်း၊ ထီရောင်းသမား ၁ ဦးတည်းကနေဘဲ ဝယ်ယူခဲ့ကြောင်း၊ ဒါပေမယ့် နိုင်းဖွန်းနဲ့တော့ မသိဘဲ ထီလက်မှတ်ဝယ်ချိန်လည်း မတူဘူးလို့ ဆိုပါတယ်။ 

နိုင်းချိုင်းထီပေါက်တဲ့အကြောင်းကို Akarintra Tingpetchra အမည်ရှိ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်က တင်ထား တာတွေ့လို့ ထိုင်းရတ်သတင်းထောက်က ဆက်သွယ်မေးမြန်းခဲ့တာပါ။ 

အဆိုပါကံထူးသူ မြန်မာအလုပ်သမား ၂ ဦးလုံးဟာ ထီပေါက်တဲ့ဆုငွေတွေထုတ်ပြီးရင် မြန်မာပြည်ပြန်ပြီး ရင်းနှီးလုပ်ကိုင်စားသောက်ကြတော့မယ်လို့ ပြောကြောင်း ထိုင်း ရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား- ထိုင်းရတ်သတင်း




ခ်င္းမိုင္ေရာက္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၂ ဦး ထိုင္းထီ ဘတ္ ၆ သန္းဖိုးေပါက္
နန္းျမနဒီ

ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕က ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၂ ဦးဟာ ဘတ္ ၆ သန္းဖိုးစီ ထိုင္းထီပထမဆု အသီးသီးေပါက္ခဲ့တယ္လို႔ ထိုင္းရတ္သတင္းမွာ ေဖာ္ျပပါတယ္။
ပထမ ၁ ဦးမွာ အသက္ ၄၃ ႏွစ္႐ြယ္ရွိ ႏိုင္းဖြန္း ဆိုသူျဖစ္ၿပီး သူဟာ မယ္ေဟာင္ေဆာင္ခ႐ိုင္ ဖာေပါင္ၿမိဳ႕ နယ္ကေန ခ်င္းမိုင္ၿမိဳ႕ ဆုထစ္အုပ္စု ပုန္ႏြဲ႕ရပ္ကြက္ထဲမွာ ေဆာက္လုပ္ေရးအလုပ္သမား လာလုပ္ေနသူျဖစ္ပါတယ္။

ထီဖြင့္တဲ့ ယမန္ေန႔မနက္ ၇ နာရီေလာက္က အလုပ္ဆင္းရန္အသြား ပုန္ႏြဲ႕ ဘုန္းႀကီးေက်ာင္းနားမွာ ထီလာေရာင္းတာေတြ႕လို႔ ႏွစ္လုံး သုံးလုံး ေပါက္လိုေပါက္ျငား နံပတ္ ၃၄၀၃၈၈ ပါ ထီတေစာင္ ဝယ္ယူခဲ့ေၾကာင္း၊ ညေနပိုင္း ထီေပါက္စဥ္ထြက္လာခ်ိန္ မိမိနံပါတ္နဲ႔ တိုက္ၾကည့္ရာမွာ ပထမဆု ေပါက္ေတာ့ အလြန္ဝမ္းသာသြားၿပီး သမီးနဲ႔ ဇနီးကို ေခၚကာ ရဲစခန္းမွာ ထီေပါက္စဥ္နဲ႔အတူ လာေရာက္အေၾကာင္းၾကားခဲ့တယ္လို႔ ခ်င္းမိုင္ၿမိဳ႕ ဖူးဖိန္းရာ့ခ်္နီးေဝ့ရဲစခန္း တာဝန္က် ဒုရဲမႉး ပဆုန္ နာဖန႔္က ထိုင္းရတ္သတင္းဌာနကို ေျပာပါတယ္။

ဒုရဲမႉးက “ပထမဆု ၆ သန္းဖိုး ေပါက္သြားလို႔ ဝမ္းသာပါတယ္ ေနာက္တခါကိုယ့္အလွဲ႔ေပါ့” ဆိုတဲ့စေတးတပ္နဲ႔ သူ႔ကိုယ္ပိုင္လူမႈ ကြန္ရက္မွာ တင္ထားတာကို သတင္းဌာနကေတြ႕ၿပီး ဆက္သြယ္ေမးျမန္းလိုက္တာ ျဖစ္ပါတယ္။

ပထမဆု ဘတ္ ၆ သန္းဖိုးေပါက္တဲ့ ေနာက္ထပ္ ျမန္မာအလုပ္သမား ၁ ဦးကေတာ့ အသက္ ၃၀- ခန႔္ရွိ ႏိုင္းခ်ိဳင္းဆိုသူျဖစ္ပါတယ္။ သူကလည္း အဆိုပါထီလက္မွတ္ကို ပုန္ႏြဲ႕ဘုန္းႀကီးေက်ာင္းေဘးကေန ဝယ္ယူခဲ့ၿပီး ႏိုင္းဖြန္းေပါက္ခဲ့တဲ့ ထီလက္မွတ္နဲ႔ တစ္အုပ္တည္း၊ ထီေရာင္းသမား ၁ ဦးတည္းကေနဘဲ ဝယ္ယူခဲ့ေၾကာင္း၊ ဒါေပမယ့္ ႏိုင္းဖြန္းနဲ႔ေတာ့ မသိဘဲ ထီလက္မွတ္ဝယ္ခ်ိန္လည္း မတူဘူးလို႔ ဆိုပါတယ္။

ႏိုင္းခ်ိဳင္းထီေပါက္တဲ့အေၾကာင္းကို Akarintra Tingpetchra အမည္ရွိ ေဖ့စ္ဘြတ္အေကာင့္ ပိုင္ရွင္က တင္ထား တာေတြ႕လို႔ ထိုင္းရတ္သတင္းေထာက္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

အဆိုပါကံထူးသူ ျမန္မာအလုပ္သမား ၂ ဦးလုံးဟာ ထီေပါက္တဲ့ဆုေငြေတြထုတ္ၿပီးရင္ ျမန္မာျပည္ျပန္ၿပီး ရင္းႏွီးလုပ္ကိုင္စားေသာက္ၾကေတာ့မယ္လို႔ ေျပာေၾကာင္း ထိုင္း ရတ္သတင္းမွာ ေဖာ္ျပပါတယ္။
ကိုးကား- ထိုင္းရတ္သတင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013