DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပြိုသဖြင့် နေအိမ်များဖျက်ရွေ့ပြောင်း
DVB
·
September 17, 2019
ရေစကြိုတွင် ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပြိုသဖြင့် နေအိမ်များဖျက်ရွေ့ပြောင်း
1 / 6
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု အောင်ပန်းချောင်းကျေးရွာမှာ  ချင်းတွင်းမြစ်ရေတိုက်စား မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ် ၁၄ လုံး ကို ဖျက်ပြီးပြောင်းရွေ့ပေးနေရတာပါတယ်။

ပြီးခဲတဲ့ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက် နေ့မှာ ချင်းတွင်းမြစ်ကမ်းပါးပြိုကျလို့ အိမ်ခြေ ၁၄လုံး ရွှေ့ပြောင်းရပြီး အိမ်ထောင်စု ၉ စု၊ လူဦးရေ ၅၇ ဦး ရွေ့ပြောင်းထားရကာ ဇူလိုင်လ အတွင်းကလည်း အိမ်ခြေ ၄၃ လုံး ဖျက်ရွှေ့ခဲ့ရ‌ကြတယ်လို့ အောင်ပန်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။

အောင်ပန်းချောင်းကျေးရွာမှာ လူနေ အိမ်ခြေ ၃၂၀ ခန့် အိမ်ထောင်စု ၄၂၀ခန့်နဲ့ လူ ဦးရေ ၂၀၀၀ ခန့်နေထိုင်နေကြတာဖြစ်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဟန်က“ရေစကြိုက ဧရာဝတီနဲ့ ချင်းတွင်းမြစ် မြစ်ကြီးနှစ်မြစ် အကြားမှာရှိနေတော့ မြေနုကျွန်းတွေလည်း ဖြစ်တဲ့အတွက် နှစ်စဉ် ကမ်းပြိုတဲ့ဒဏ်ကို အများဆုံးခံကြရတာပါ။ သူက ရေစတက်တဲ့ အချိန်မှာ တခါပြိုတယ်၊  နောက်ရေကျတဲ့အချိန်မှာ တခါပြိုတယ်။ ရေပြည့်လျှံရင်တောမပြိုတော့ဘူး။ အဲလိုအတက်အကျ နှစ်ချိန်ကကြောက်စရာကောင်းတာပါ။ တကယ်ပြိုရင် ပေငါးဆယ်တစ်ရာက နာရီပိုင်းလေပဲကြာတယ်။” လို့ပြောပါတယ်။

နှစ်စဉ် မကွေးတိုင်းဒေသကြီးရဲ့ ကမ်းပြိုထိမ်းသိမ်းကာကွယ်ရေး စရိတ်ကို ရေစကြို မြို့နယ်ကအသုံးပြုနေတာဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် အသစ်လုပ်နိုင်တာနဲ့ ကမ်းပါးပြင်ထိန်းလုပ်တာ ၆ နေရာလောက်လုပ်နိုင်ခဲ့ပြီး နောက်ထပ်  ၈ ရွာလောက် ကျန်နေပါသေးတယ်။

မြစ်ကမ်းပါးပြိုမှုတွေကြောင့် ရွာသားတွေက နေအိမ်တွေဖျက်ရွှေ့ပြောင်းနေကြရာမှာ  ရေစကြိုမြို့နယ် မီးသတ်တပ်ဖွဲ့တွေကလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။  

သတင်း- ကိုလင်း(ချောက်)၊ ဓာတ်ပုံ- အောင်ကျော်ဇင်




ေရစႀကိဳတြင္ ခ်င္းတြင္းျမစ္ေရတိုက္စားၿပီး ကမ္းၿပိဳသျဖင့္ ေနအိမ္မ်ားဖ်က္ေ႐ြ႕ေျပာင္း
DVB

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳၿမိဳ႕နယ္၊ ေအာင္ပန္းေခ်ာင္းေက်း႐ြာအုပ္စု ေအာင္ပန္းေခ်ာင္းေက်း႐ြာမွာ ခ်င္းတြင္းျမစ္ေရတိုက္စား ျမစ္ကမ္းပါးၿပိဳက်လို႔ လူေနအိမ္ ၁၄ လုံး ကို ဖ်က္ၿပီးေျပာင္းေ႐ြ႕ေပးေနရတာပါတယ္။

ၿပီးခဲတဲ့ စက္တင္ဘာ ၁၅ ရက္နဲ႔ ၁၆ ရက္ ေန႔မွာ ခ်င္းတြင္းျမစ္ကမ္းပါးၿပိဳက်လို႔ အိမ္ေျခ ၁၄လုံး ေ႐ႊ႕ေျပာင္းရၿပီး အိမ္ေထာင္စု ၉ စု၊ လူဦးေရ ၅၇ ဦး ေ႐ြ႕ေျပာင္းထားရကာ ဇူလိုင္လ အတြင္းကလည္း အိမ္ေျခ ၄၃ လုံး ဖ်က္ေ႐ႊ႕ခဲ့ရ‌ၾကတယ္လို႔ ေအာင္ပန္းေခ်ာင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုးဝင္းက ေျပာပါတယ္။

ေအာင္ပန္းေခ်ာင္းေက်း႐ြာမွာ လူေန အိမ္ေျခ ၃၂၀ ခန႔္ အိမ္ေထာင္စု ၄၂၀ခန႔္နဲ႔ လူ ဦးေရ ၂၀၀၀ ခန႔္ေနထိုင္ေနၾကတာျဖစ္ပါတယ္။

တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမင္းဟန္က“ေရစႀကိဳက ဧရာဝတီနဲ႔ ခ်င္းတြင္းျမစ္ ျမစ္ႀကီးႏွစ္ျမစ္ အၾကားမွာရွိေနေတာ့ ေျမႏုကြၽန္းေတြလည္း ျဖစ္တဲ့အတြက္ ႏွစ္စဥ္ ကမ္းၿပိဳတဲ့ဒဏ္ကို အမ်ားဆုံးခံၾကရတာပါ။ သူက ေရစတက္တဲ့ အခ်ိန္မွာ တခါၿပိဳတယ္၊ ေနာက္ေရက်တဲ့အခ်ိန္မွာ တခါၿပိဳတယ္။ ေရျပည့္လွ်ံရင္ေတာမၿပိဳေတာ့ဘူး။ အဲလိုအတက္အက် ႏွစ္ခ်ိန္ကေၾကာက္စရာေကာင္းတာပါ။ တကယ္ၿပိဳရင္ ေပငါးဆယ္တစ္ရာက နာရီပိုင္းေလပဲၾကာတယ္။” လို႔ေျပာပါတယ္။

ႏွစ္စဥ္ မေကြးတိုင္းေဒသႀကီးရဲ႕ ကမ္းၿပိဳထိမ္းသိမ္းကာကြယ္ေရး စရိတ္ကို ေရစႀကိဳ ၿမိဳ႕နယ္ကအသုံးျပဳေနတာျဖစ္ပါတယ္။ ဒီႏွစ္ဆိုရင္ အသစ္လုပ္ႏိုင္တာနဲ႔ ကမ္းပါးျပင္ထိန္းလုပ္တာ ၆ ေနရာေလာက္လုပ္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ၈ ႐ြာေလာက္ က်န္ေနပါေသးတယ္။

ျမစ္ကမ္းပါးၿပိဳမႈေတြေၾကာင့္ ႐ြာသားေတြက ေနအိမ္ေတြဖ်က္ေ႐ႊ႕ေျပာင္းေနၾကရာမွာ ေရစႀကိဳၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ေတြကလည္း ကူညီေဆာင္႐ြက္ေပးေနပါတယ္။
သတင္း- ကိုလင္း(ေခ်ာက္)၊ ဓာတ္ပုံ- ေအာင္ေက်ာ္ဇင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013