DVB Logo
Home
မြန်မာသတင်း
နာရေးမဏ္ဍပ်ပေါ် ကုက္ကိုပင် လဲကျသဖြင့်လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
September 17, 2019
နာရေးမဏ္ဍပ်ပေါ် ကုက္ကိုပင် လဲကျသဖြင့်လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အနီး ကျွဲဘုတ်ကျေးရွာအုပ်စု၊ ဓာတ်ချောင်းကျေးရွာမှာ စက်တင်ဘာ ၁၆ ရက် မနက် ၁၀နာရီကျော်က နာရေးအိမ်မဏ္ဍပ်ပေါ်ကို သက်တမ်းရင့် ကုက္ကိုပင် လဲကျခဲ့တာကြောင့် လူ ၁၁ ဦး ထိခိုက်ခဲ့ပြီး ၃ ဦးကို ရန်ကုန်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက "မိုးက အဆက်မပြတ်ရွာတော့  သစ်ပင်က အမြစ်ကနေ ကြွတက်ပြီး မဏ္ဍပ်ပေါ်ကို လဲကျသွားတာ။ အပင်ကလည်း သက်တမ်းကြာနေပြီလေ။ နာရေးလာတဲ့သူ ၁၁ ဦး ထိခိုက်မိတယ်"လို့ ပြောပါတယ်။

ခြေထောက်ကျိုးတဲ့သူနဲ့ ဦးခေါင်းခိုက်မိတဲ့သူ  ၃ ဦးကိုတော့ ရန်ကုန်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာသိပ်မပြင်းထန်တဲ့ ကျန်တဲ့ ၈ ဦးကိုတော့ ဥက္ကံတိုက်နယ်ဆေးရုံမှာ တင်ထားတယ်လို့ သိရပါတယ်။

မေသွယ်

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

နာေရးမ႑ပ္ေပၚ ကုကၠိဳလ္ပင္ လဲက်သျဖင့္လူ ၁၁ ဦး ထိခိုက္ဒဏ္ရာရ

ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဥကၠံၿမိဳ႕အနီး ကြၽဲဘုတ္ေက်း႐ြာအုပ္စု၊ ဓာတ္ေခ်ာင္းေက်း႐ြာမွာ စက္တင္ဘာ ၁၆ ရက္ မနက္ ၁၀နာရီေက်ာ္က နာေရးအိမ္မ႑ပ္ေပၚကို သက္တမ္းရင့္ ကုကၠိဳပင္ လဲက်ခဲ့တာေၾကာင့္ လူ ၁၁ ဦး ထိခိုက္ခဲ့ၿပီး ၃ ဦးကို ရန္ကုန္ေဆး႐ုံႀကီးကို အေရးေပၚ ပို႔ေဆာင္လိုက္ရပါတယ္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္တင္ေထြးက "မိုးက အဆက္မျပတ္႐ြာေတာ့  သစ္ပင္က အျမစ္ကေန ႂကြတက္ၿပီး မ႑ပ္ေပၚကို လဲက်သြားတာ။ အပင္ကလည္း သက္တမ္းၾကာေနၿပီေလ။ နာေရးလာတဲ့သူ ၁၁ ဦး ထိခိုက္မိတယ္"လို႔ ေျပာပါတယ္။

ေျခေထာက္က်ိဳးတဲ့သူနဲ႔ ဦးေခါင္းခိုက္မိတဲ့သူ  ၃ ဦးကိုေတာ့ ရန္ကုန္ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး ဒဏ္ရာသိပ္မျပင္းထန္တဲ့ က်န္တဲ့ ၈ ဦးကိုေတာ့ ဥကၠံတိုက္နယ္ေဆး႐ုံမွာ တင္ထားတယ္လို႔ သိရပါတယ္။

ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013