DVB Logo
Home
မြန်မာသတင်း
ရွှေတောင်မြို့နယ်က တောင်သူ ၄၀၀၀ ကျော်ကို ယခုလကုန် အပြီးဖယ်ရှားရန် စစ်တပ်သတိပေး
DVB
·
September 16, 2019
ရွှေတောင်မြို့နယ်က တောင်သူ ၄၀၀၀ ကျော်ကို ယခုလကုန် အပြီးဖယ်ရှားရန် စစ်တပ်သတိပေး
Donate to DVB

ပဲခူးတိုင်း ရွှေတောင်မြို့နယ်အတွင်းက ဝါးတော၊ ဇယ်မ၊ မဲတော၊ ထန်းကုန်း ကျေးရွာ အုပ်စုတွေမှာ နေထိုင်တဲ့ တောင်သူလယ်သမား ၄၀၀၀ ကျော်ကို စက်တင်ဘာလကုန် နောက်ဆုံးထားပြီး နေရပ်ကဖယ်ရှားဖို့ အမှတ် ၅၀၉ အမြောက်တပ်က စက်တင်ဘာ ၆ရက်နေ့က ကြေညာချက်ထုတ်ထားပါတယ်။

အဲဒီဒေသက တောင်သူတွေပိုင်တဲ့တောင်ယာ ဧက ၈၀၀၀ ကျော်ရှိပြီး စစ်တပ်ရဲ့ကြေညာချက်ကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့် ခံစားနေရပါတယ်။

ဝါးတောကျေးရွာသား ကိုဖိုးတိုးက “ကျနော်တို့မှာ သွားစရာနေရာလည်း မရှိပါဘူး။ လယ်စိုက်တဲ့အလုပ်ကလွဲလို့ တခြားအလုပ်လည်း မလုပ်တတ်ပါဘူး။ ကလေးတွေ ကျောင်းဆက်ထားဖို့လည်း ဘယ်လိုစီစဉ်ရမယ် မသိတော့ပါဘူး”လို့ပြောပါတယ်။

အဲဒီဒေသမှာ စစ်တပ်ရဲ့မြေသိမ်းတဲ့ပုံစံဟာ လယ်သိမ်းဥပဒေနဲ့မညီတဲ့အတွက် တောင်သူတွေ ဘက်ကရပ်တည်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာပြည်ထောင်စု တိုင်းရင်းသား တောင်သူ လယ်သမား သမဂ္ဂ နာယက ဦးဆန်းဆင့်က ပြောပါတယ်။

“အသနားခံစရာမလိုဘူး။ ကိုယ့်မြေကိုယ်တောင်းတာဖြစ်တယ်။ တိုင်စာတွေပေးပို့ရမယ်”

ဒေသခံ ရွှေတောင်မြို့နယ် ဥယျာဉ်တောင်ယာဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးမြင့် ဝင်းမောင်ကတော့  စစ်တပ်ကမြေသိမ်းမယ်ဆိုရင် ဥပဒေအတိုင်းဆောင်ရွက်ရမယ်လို့ ပြောပါတယ်။

ဥပဒေနဲ့မညီရင် ဘာမှဖယ်ပေးစရာမလိုဘူး။ စစ်တပ်က သေနတ်နဲ့ခြိမ်းခြောက်ပြီး မြေသိမ်းတယ်ဆိုတာ ခေတ်မရှိတော့ပါဘူးလို့လည်း ဦးမြင့်ဝင်းမောင်က ပြောပါတယ်။

အမှတ် ၅၀၉ အမြောက်တပ်ရဲ့ ကြေညာချက်မှာတော့ အဲဒီတောင်ယာမြေတွေကို ၁၉၉၀ အလွန် နဝတအစိုးရလက်ထက်ကတည်းက သိမ်းယူထားတာလို့ဆိုပါတယ်။ တောင်သူတွေကလည်း ဘိုးဘွားစဉ်ဆက် ဓားမဦးချနေထိုင်ခဲ့တာလို့ ဆိုကြပါတယ်။

=========================

ေ႐ႊေတာင္ၿမိဳ႕နယ္က ေတာင္သူ ၄၀၀၀ ေက်ာ္ကို ယခုလကုန္ အၿပီးဖယ္ရွားရန္ စစ္တပ္သတိေပး

ေဇယ်ာခ်မ္းေအး

ပဲခူးတိုင္း ေ႐ႊေတာင္ၿမိဳ႕နယ္အတြင္းက ဝါးေတာ၊ ဇယ္မ၊ မဲေတာ၊ ထန္းကုန္း ေက်း႐ြာ အုပ္စုေတြမွာ ေနထိုင္တဲ့ ေတာင္သူလယ္သမား ၄၀၀၀ ေက်ာ္ကို စက္တင္ဘာလကုန္ ေနာက္ဆုံးထားၿပီး ေနရပ္ကဖယ္ရွားဖို႔ အမွတ္ ၅၀၉ အေျမာက္တပ္က စက္တင္ဘာ ၆ရက္ေန႔က ေၾကညာခ်က္ထုတ္ထားပါတယ္။

အဲဒီေဒသက ေတာင္သူေတြပိုင္တဲ့ေတာင္ယာ ဧက ၈၀၀၀ ေက်ာ္ရွိၿပီး စစ္တပ္ရဲ႕ေၾကညာခ်က္ေၾကာင့္ ေဒသခံေတြဟာ စိုးရိမ္ထိတ္လန႔္ ခံစားေနရပါတယ္။

ဝါးေတာေက်း႐ြာသား ကိုဖိုးတိုးက “က်ေနာ္တို႔မွာ သြားစရာေနရာလည္း မရွိပါဘူး။ လယ္စိုက္တဲ့အလုပ္ကလြဲလို႔ တျခားအလုပ္လည္း မလုပ္တတ္ပါဘူး။ ကေလးေတြ ေက်ာင္းဆက္ထားဖို႔လည္း ဘယ္လိုစီစဥ္ရမယ္ မသိေတာ့ပါဘူး”လို႔ေျပာပါတယ္။

အဲဒီေဒသမွာ စစ္တပ္ရဲ႕ေျမသိမ္းတဲ့ပုံစံဟာ လယ္သိမ္းဥပေဒနဲ႔မညီတဲ့အတြက္ ေတာင္သူေတြ ဘက္ကရပ္တည္သြားမယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာျပည္ေထာင္စု တိုင္းရင္းသား ေတာင္သူ လယ္သမား သမဂၢ နာယက ဦးဆန္းဆင့္က ေျပာပါတယ္။

“အသနားခံစရာမလိုဘူး။ ကိုယ့္ေျမကိုယ္ေတာင္းတာျဖစ္တယ္။ တိုင္စာေတြေပးပို႔ရမယ္”

ေဒသခံ ေ႐ႊေတာင္ၿမိဳ႕နယ္ ဥယ်ာဥ္ေတာင္ယာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း ဥကၠ႒ ဦးျမင့္ ဝင္းေမာင္ကေတာ့  စစ္တပ္ကေျမသိမ္းမယ္ဆိုရင္ ဥပေဒအတိုင္းေဆာင္႐ြက္ရမယ္လို႔ ေျပာပါတယ္။

ဥပေဒနဲ႔မညီရင္ ဘာမွဖယ္ေပးစရာမလိုဘူး။ စစ္တပ္က ေသနတ္နဲ႔ၿခိမ္းေျခာက္ၿပီး ေျမသိမ္းတယ္ဆိုတာ ေခတ္မရွိေတာ့ပါဘူးလို႔လည္း ဦးျမင့္ဝင္းေမာင္က ေျပာပါတယ္။

အမွတ္ ၅၀၉ အေျမာက္တပ္ရဲ႕ ေၾကညာခ်က္မွာေတာ့ အဲဒီေတာင္ယာေျမေတြကို ၁၉၉၀ အလြန္ နဝတအစိုးရလက္ထက္ကတည္းက သိမ္းယူထားတာလို႔ဆိုပါတယ္။ ေတာင္သူေတြကလည္း ဘိုးဘြားစဥ္ဆက္ ဓားမဦးခ်ေနထိုင္ခဲ့တာလို႔ ဆိုၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013