DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲပြီး ရွာသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
September 16, 2019
ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲပြီး ရွာသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် သပိတ်တောင်ရွာသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားပါတယ်။

ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာ တံတားအနီး စတင်ဘာ ၁၅ ရက်မနက်က တပ်မတော်စစ်ကြောင်း မိုင်းခွဲခံရပြီးနောက် စစ်သားတွေက အရပ်လေးမျက်နှာသို့ ပြန်ပစ်ခတ်ခဲ့ရာ သပိတ်တောင်ကျေးရွာရှိ စပါးခင်းမှာ ပေါင်းမြက်ရှင်းနေတဲ့ ကျေးရွာသားတဦး သေနတ်ထိမှန် သေဆုံးသွားတာပါ။

သပိတ်တောင်မြောက်ရွာက မာမတ်ဆောလိမ်က “မိုင်းပေါက်ပြီးတာနဲ့ ကျေးရွာတွေကို လျှောက်ပစ်တာပါ ကျနော်တို့ သပိတ်တောင် မြောက်ရွာက တဦးကျည်ထိမှန်ပြီး သေတယ်။ အမျိုးသမီးတဦးဒဏ်ရာရတယ်။ နောက် နွား နှစ်ကောင် ကျည်ထိပြီးသေသွားပါတယ်။ တပ်ဘက်က မိုင်းထိမှန်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူကတော့ သပိတ်တောင် မြောက်ရွာနေ  ဦးအဒူကော်ရီးမ် ၄၅ နှစ် (ဘ) ဦးအဒူမူနာဖ် ဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ကင်းချောင်းရွာသူရွာသားတွေလည်း ဘူးသီးတောင်မြို့ပေါ်ရှိ ရွှေကျင် ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးလာကြရသလို စာသင်ကျောင်း ၂ ကျောင်း ပိတ်ထားရပါတယ်။ 

သပိတ်တောင်ကျေးရွာသား တဦးက“သပိတ်တောင်မြောက်ရွာက တဦးသေနတ်ကျည် ထိလို့ သေတာမှန်ပါတယ်။ ကျနော်တို့ သပိတ်တောင်ရခိုင်ရွာကတော့ ဘူးသီးတောင်ကို ထွက်ပြေးချင်ကြပေမယ့် လမ်းမှာ စစ်ကြောင်းတွေ ပိတ်ထားတော့ ဘယ်သူမှ မသွာရဲ ဘူးဖြစ်နေကြတယ်။ ဒီနေ့ သပိတ်တောင် စာသင်ကျောင်းနဲ့ ကင်းချောင်းစာသင်ကျောင်း လည်း ပိတ်ထားပါတယ်” လို့ ပြောပါတယ်။

သပိတ်တောင် ရခိုင်ရွာမှာ လူနေ အိမ်ခြေ ၆၁ အိမ်နဲ့  လူဦးရေ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

စာကျောင်းတွေပိတ်ထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်ပညာရေးမှူး ဦးဖေသန်းက “မနေ့က မိုင်းပေါက်တော့ စိုးရိမ်မှုတွေဖြစ်ပြီး ကျောင်းမရောက်ကြတာဖြစ်ပြီး ပိတ်ထားရတယ်လို့ စာတော့ ဝင်မလာသေးပါဘူး” လို့ပြောပါတယ်။

လတ်တလော ဘူးသီးတောင်မြို့နယ်၊  ကင်းချောင်းကျေးရွာက လူဦးရေ ၅၀ လောက်ဟာ ဘူးသီးတောင်မြို့ပေါ်ရှိ ရွှေကျင်ဘုန်းတော်ကြီးကျောင်းမှာ ယာယီခိုလှုံနေထိုင်နေကြရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက “မနေ့က မိုင်းထောင်ရာမှ မိုင်းပေါက်ကွဲပြီး သေသွားတာက ဘင်္ဂါလီဖြစ်တယ်။ ကျနော်တို့ သတင်းတိတိကျကျ ထုတ်ပြန်သွားမှာပါ။ ဘယ်သူပစ်လို့ သေတယ်ဆိုတာတော့ မသိပါဘူး။ လမ်းပိတ်ထားလား မပိတ်ဘူးလားတော့ မပြောတတ်ပါဘူး” လို့ ပြောပါတယ်။

ကောင်းကောင်း




ဘူးသီးေတာင္တြင္ မိုင္းေပါက္ကြဲၿပီး ႐ြာသား ၁ ဦးေသ၊ ၁ ဦးဒဏ္ရာရ
ေကာင္းေကာင္း
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ မိုင္းေပါက္ကြဲမႈေၾကာင့္ သပိတ္ေတာင္႐ြာသား ၁ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရသြားပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ကင္းေခ်ာင္းေက်း႐ြာ တံတားအနီး စတင္ဘာ ၁၅ ရက္မနက္က တပ္မေတာ္စစ္ေၾကာင္း မိုင္းခြဲခံရၿပီးေနာက္ စစ္သားေတြက အရပ္ေလးမ်က္ႏွာသို႔ ျပန္ပစ္ခတ္ခဲ့ရာ သပိတ္ေတာင္ေက်း႐ြာရွိ စပါးခင္းမွာ ေပါင္းျမက္ရွင္းေနတဲ့ ေက်း႐ြာသားတဦး ေသနတ္ထိမွန္ ေသဆုံးသြားတာပါ။

သပိတ္ေတာင္ေျမာက္႐ြာက မာမတ္ေဆာလိမ္က “မိုင္းေပါက္ၿပီးတာနဲ႔ ေက်း႐ြာေတြကို ေလွ်ာက္ပစ္တာပါ က်ေနာ္တို႔ သပိတ္ေတာင္ ေျမာက္႐ြာက တဦးက်ည္ထိမွန္ၿပီး ေသတယ္။ အမ်ိဳးသမီးတဦးဒဏ္ရာရတယ္။ ေနာက္ ႏြား ႏွစ္ေကာင္ က်ည္ထိၿပီးေသသြားပါတယ္။ တပ္ဘက္က မိုင္းထိမွန္တာေတြလည္း ရွိတယ္” လို႔ ေျပာပါတယ္။

ေသဆုံးသြားသူကေတာ့ သပိတ္ေတာင္ ေျမာက္႐ြာေန ဦးအဒူေကာ္ရီးမ္ ၄၅ ႏွစ္ (ဘ) ဦးအဒူမူနာဖ္ ျဖစ္ပါတယ္။
ပစ္ခတ္မႈေတြေၾကာင့္ ကင္းေခ်ာင္း႐ြာသူ႐ြာသားေတြလည္း ဘူးသီးေတာင္ၿမိဳ႕ေပၚရွိ ေ႐ႊက်င္ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ထြက္ေျပးလာၾကရသလို စာသင္ေက်ာင္း ၂ ေက်ာင္း ပိတ္ထားရပါတယ္။

သပိတ္ေတာင္ေက်း႐ြာသား တဦးက“သပိတ္ေတာင္ေျမာက္႐ြာက တဦးေသနတ္က်ည္ ထိလို႔ ေသတာမွန္ပါတယ္။ က်ေနာ္တို႔ သပိတ္ေတာင္ရခိုင္႐ြာကေတာ့ ဘူးသီးေတာင္ကို ထြက္ေျပးခ်င္ၾကေပမယ့္ လမ္းမွာ စစ္ေၾကာင္းေတြ ပိတ္ထားေတာ့ ဘယ္သူမွ မသြာရဲ ဘူးျဖစ္ေနၾကတယ္။ ဒီေန႔ သပိတ္ေတာင္ စာသင္ေက်ာင္းနဲ႔ ကင္းေခ်ာင္းစာသင္ေက်ာင္း လည္း ပိတ္ထားပါတယ္” လို႔ ေျပာပါတယ္။

သပိတ္ေတာင္ ရခိုင္႐ြာမွာ လူေန အိမ္ေျခ ၆၁ အိမ္နဲ႔ လူဦးေရ ၂၀၀ ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

စာေက်ာင္းေတြပိတ္ထားရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္ပညာေရးမႉး ဦးေဖသန္းက “မေန႔က မိုင္းေပါက္ေတာ့ စိုးရိမ္မႈေတြျဖစ္ၿပီး ေက်ာင္းမေရာက္ၾကတာျဖစ္ၿပီး ပိတ္ထားရတယ္လို႔ စာေတာ့ ဝင္မလာေသးပါဘူး” လို႔ေျပာပါတယ္။

လတ္တေလာ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ကင္းေခ်ာင္းေက်း႐ြာက လူဦးေရ ၅၀ ေလာက္ဟာ ဘူးသီးေတာင္ၿမိဳ႕ေပၚရွိ ေ႐ႊက်င္ဘုန္းေတာ္ႀကီးေက်ာင္းမွာ ယာယီခိုလႈံေနထိုင္ေနၾကရပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “မေန႔က မိုင္းေထာင္ရာမွ မိုင္းေပါက္ကြဲၿပီး ေသသြားတာက ဘဂၤါလီျဖစ္တယ္။

က်ေနာ္တို႔ သတင္းတိတိက်က် ထုတ္ျပန္သြားမွာပါ။ ဘယ္သူပစ္လို႔ ေသတယ္ဆိုတာေတာ့ မသိပါဘူး။ လမ္းပိတ္ထားလား မပိတ္ဘူးလားေတာ့ မေျပာတတ္ပါဘူး” လို႔ ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013