DVB Logo
Home
မြန်မာသတင်း
ပရမ်းပတာ ဒီမိုကရေစီဖြစ်လို့မရဟု တပ်မတော်သားကိုယ်စားလှယ်ပြော
DVB
·
September 16, 2019
ပရမ်းပတာ ဒီမိုကရေစီဖြစ်လို့မရဟု တပ်မတော်သားကိုယ်စားလှယ်ပြော
Donate to DVB

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့လည်း အရေးကြီးသလို လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီဖြစ်လို့ မရဘူးလို့  တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး ကျော်မိုးအောင်က ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ကိုယ်စား စာတမ်းဖတ်ကြားရာမှာ ပြောသွားတာပါ။

“ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကို ခံတွင်းတွေ့နေရုံမဟုတ်ဘဲ ဒီမိုကရေစီယဉ်ကျေးမှုတွေ၊ နိုင်ငံရေးအသိတွေ မြင့်မားနေကြဖို့လည်း လိုပါတယ်။  ဒီမိုကရေစီဆိုတာ ပါတီ နိုင်ငံရေး မဟုတ်ပါဘူး။ အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့လည်း အရေးကြီးပါတယ်။ လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီဖြစ်လို့ မရပါဘူး။”လို့ ဒုတိယဗိုလ်မှုးကြီး ကျော်မိုးအောင်က ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်  ဒေါ်ယဉ်မင်းမြင့်ဆွေကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အရမ်းနုသေးတဲ့အတွက် လိုအပ်ချက်  အများကြီးရှိနေသေးတယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီကတော့ အခုမှ သက်တမ်းက အရမ်းနုပါသေးတယ်။ ပထမ ရှေ့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ၅ နှစ်သက် တမ်း၊ အခု ၃ နှစ်ကျော်သက်တမ်း ဆိုတော့ ၈ နှစ်ကျော်သက်တမ်းဆိုတော့ အရမ်းနုသေးတယ်။ အရမ်းနုသေးတယ်ဆို တော့ လိုအပ်ချက်တွေကတော့ အများကြီးရှိနေသေးတာပဲ။ တခုရှိတာက ဒီမိုကရေစီလို့ ပြောရင် စည်းလွတ်ဘောင်လွတ် ဒီမိုကရေစီမျိုးနဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ ပြည်ခိုင်ဖြိုးလက်ထက်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတဲ့ဟာ အခြေခံဥပဒေမှာပါ ထည့်သွင်းပြဋ္ဌာန်းပြီးတော့ လိုက်တာကျင့်သုံးခဲ့တယ်။ စည်းနဲ့ ဘောင်နဲ့ပေါ့နော်။ ဒီမိုကရေစီဆိုရင် လူ့အခွင့်အရေးကို ရှေ့တန်းတင်ကြတယ်။ အဲတော့ ဒီအစိုးရလက်ထက်မှာ အထိုက်အလျောက် ကတော့ ဒီမိုကရေစီစံချိန်စံညွန်းကနေ အနည်းငယ်သွေဖီပြီးတော့ နည်းနည်းအခက်အခဲလေးတွေ ရှိနေတဲ့ ကိစ္စမျိုးတွေ ဥပမာ ငြိမ်းစုစီဥပဒေပြင်ဆင်တာမျိုးတွေ၊ ၆၆(ဃ) ကိုလိုသလို အသုံးပြုတဲ့ ကိစ္စမျိုးတွေ ဒီလိုမျိုးဟာလေးတွေ ရှိနေတဲ့အတွက်တော့ အနည်းငယ်တော့ ဒီမိုကရေစီနဲ့ နည်းနည်းလေးတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မြင်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်မနက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်မှာ ကျင်းပတာ ဖြစ်ပြီး ဒါနဲ့ဆိုရင် ၉ ကြိမ်မြောက်ပြီ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပရမ္းပတာ ဒီမိုကေရစီျဖစ္လို႔မရဟု တပ္မေတာ္သားကိုယ္စားလွယ္ေျပာ

ဒီမိုကေရစီလမ္းေၾကာင္းကို ေလွ်ာက္လွမ္းရာမွာ စည္းကမ္းျပည့္ဝတဲ့ ဒီမိုကေရစီျဖစ္ဖို႔လည္း အေရးႀကီးသလို လူၾကားေကာင္း႐ုံ ပရမ္းပတာ ဒီမိုကေရစီျဖစ္လို႔ မရဘူးလို႔  တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယဗိုလ္မႈးႀကီး ေက်ာ္မိုးေအာင္က ေျပာပါတယ္။

မေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အခမ္းအနားမွာ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အစုအဖြဲ႕ကိုယ္စား စာတမ္းဖတ္ၾကားရာမွာ ေျပာသြားတာပါ။

“ဒီမိုကေရစီဆိုတဲ့ အသုံးအႏႈန္းကို ခံတြင္းေတြ႕ေန႐ုံမဟုတ္ဘဲ ဒီမိုကေရစီယဥ္ေက်းမႈေတြ၊ ႏိုင္ငံေရးအသိေတြ ျမင့္မားေနၾကဖို႔လည္း လိုပါတယ္။  ဒီမိုကေရစီဆိုတာ ပါတီ ႏိုင္ငံေရး မဟုတ္ပါဘူး။ အားလုံးနဲ႔ သက္ဆိုင္တဲ့ ႏိုင္ငံေရး ျဖစ္ပါတယ္။ ဒီမိုကေရစီလမ္းေၾကာင္းကို ေလွ်ာက္လွမ္းရာမွာ စည္းကမ္းျပည့္ဝတဲ့ ဒီမိုကေရစီျဖစ္ဖို႔လည္း အေရးႀကီးပါတယ္။ လူၾကားေကာင္း႐ုံ ပရမ္းပတာ ဒီမိုကေရစီျဖစ္လို႔ မရပါဘူး။”လို႔ ဒုတိယဗိုလ္မႈးႀကီး ေက်ာ္မိုးေအာင္က ေျပာပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုေကာ္မတီဝင္  ေဒၚယဥ္မင္းျမင့္ေဆြကေတာ့ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီဟာ အရမ္းႏုေသးတဲ့အတြက္ လိုအပ္ခ်က္  အမ်ားႀကီးရွိေနေသးတယ္လို႔ ေျပာပါတယ္။

“ဒီမိုကေရစီကေတာ့ အခုမွ သက္တမ္းက အရမ္းႏုပါေသးတယ္။ ပထမ ေရွ႕ ျပည္ခိုင္ၿဖိဳးအစိုးရလက္ထက္ ၅ ႏွစ္သက္ တမ္း၊ အခု ၃ ႏွစ္ေက်ာ္သက္တမ္း ဆိုေတာ့ ၈ ႏွစ္ေက်ာ္သက္တမ္းဆိုေတာ့ အရမ္းႏုေသးတယ္။ အရမ္းႏုေသးတယ္ဆို ေတာ့ လိုအပ္ခ်က္ေတြကေတာ့ အမ်ားႀကီးရွိေနေသးတာပဲ။ တခုရွိတာက ဒီမိုကေရစီလို႔ ေျပာရင္ စည္းလြတ္ေဘာင္လြတ္ ဒီမိုကေရစီမ်ိဳးနဲ႔ စည္းကမ္းျပည့္ဝေသာ ဒီမိုကေရစီဆိုတာ ျပည္ခိုင္ၿဖိဳးလက္ထက္မွာ စည္းကမ္းျပည့္ဝေသာ ဒီမိုကေရစီဆိုတဲ့ဟာ အေျခခံဥပေဒမွာပါ ထည့္သြင္းျပ႒ာန္းၿပီးေတာ့ လိုက္တာက်င့္သုံးခဲ့တယ္။ စည္းနဲ႔ ေဘာင္နဲ႔ေပါ့ေနာ္။ ဒီမိုကေရစီဆိုရင္ လူ႔အခြင့္အေရးကို ေရွ႕တန္းတင္ၾကတယ္။ အဲေတာ့ ဒီအစိုးရလက္ထက္မွာ အထိုက္အေလ်ာက္ ကေတာ့ ဒီမိုကေရစီစံခ်ိန္စံၫြန္းကေန အနည္းငယ္ေသြဖီၿပီးေတာ့ နည္းနည္းအခက္အခဲေလးေတြ ရွိေနတဲ့ ကိစၥမ်ိဳးေတြ ဥပမာ ၿငိမ္းစုစီဥပေဒျပင္ဆင္တာမ်ိဳးေတြ၊ ၆၆(ဃ) ကိုလိုသလို အသုံးျပဳတဲ့ ကိစၥမ်ိဳးေတြ ဒီလိုမ်ိဳးဟာေလးေတြ ရွိေနတဲ့အတြက္ေတာ့ အနည္းငယ္ေတာ့ ဒီမိုကေရစီနဲ႔ နည္းနည္းေလးေတာ့ လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ ျမင္ပါတယ္။”

အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အခမ္းအနားကို စက္တင္ဘာ ၁၆ ရက္မနက္က ေနျပည္ေတာ္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ သဘင္ေဆာင္မွာ က်င္းပတာ ျဖစ္ၿပီး ဒါနဲ႔ဆိုရင္ ၉ ႀကိမ္ေျမာက္ၿပီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013