DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ သမိုင်းတရားခံ အဖြစ်မခံဟု ကြံ့ခိုင်ရေးပါတီပြော
DVB
·
September 16, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ သမိုင်းတရားခံ အဖြစ်မခံဟု ကြံ့ခိုင်ရေးပါတီပြော
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမိုင်းတရားခံ အဖြစ်မခံဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ပါတီဌာနချုပ်မှာကျင်းပတဲ့ ပါတီဗဟိုကော်မတီအဆင့်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်အတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းစဉ်အပေါ် သတင်းမီဒီယာတခုက မေးမြန်းရာမှာ ဦးသိန်းထွန်းဦးက အခုလို ပြန်လည်ဖြေဆိုလိုက်တာပါ။

ပြည်ထောင်စု လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ၄၅ ဦး ပါဝင်တဲ့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်နေမှုဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျော်လွန်ဆောင်ရွက်နေတာဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုလိုက်ပါတယ်။

“ကွာခြားချက်ကတော့ ကျနော်တို့ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ အတိုင်း ကျနော်တို့ သွားပါတယ်။ အခုဆောင်ရွက်နေကြသော အဖွဲ့အစည်း ပုဂ္ဂိုလ်များသည် အခန်း (၁၂) ကို ကျော်လွန်ဆောင် ရွက်တယ်လို့ ကျနော်တို့ တစိုက်မတ်မတ် ပြောလာပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်တဲ့နေရာမှာ ပြည်ခိုင်ဖြိုးပါတီ က ဘယ်တော့မှ သမိုင်းတရားခံ အဖြစ်မခံဘူးလို့ ဒီနေရာကနေ ပြောကြားလိုပါတယ်”လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနဲ့ ပတ်သက်တဲ့ ပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို လျော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကို လုပ်ပိုင်ခွင့် ခွဲဝေပေးနိုင်မယ့် ပြင်ဆင်ရေးဥပဒေကြမ်း ၂ စောင် တင်သွင်းခဲ့ပါတယ်။

ဥပဒေကြမ်းကို လွှတ်တော် တွင်း မဲခွဲဆုံးဖြတ်ရာမှာတော့ ဥပဒေကြမ်း စီစစ်ရေး ပူးပေါင်းကော်မတီရဲ့ သုံးသပ်ချက် အစီရင်ခံစာပါ ပြဋ္ဌာန်းချက်အတိုင်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်အောက် ထည့်သွင်းလုပ်ဆောင်ဖို့ အများစုထောက်ခံမှုနဲ့ အတည်ပြုခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ၄၅ ဦး ပူးပေါင်းကော်မတီအနေနဲ့ ပြင်ဆင်ရေး ဥပဒေကြမ်း ရေးဆွဲနေပြီး ကော်မတီအတွင်း သဘောထားကွဲလွဲမှုတွေကြောင့် ကော်မတီဝင် အဖြစ်ကနေ နုတ်ထွက်သွားတဲ့ ကိုယ်စားလှယ်အချို့လည်း ရှိနေပါတယ်။




ဖြဲ႕စည္းပုံျပင္ဆင္ေရးကိစၥ သမိုင္းတရားခံ အျဖစ္မခံဟု ႀကံ့ခိုင္ေရးပါတီေျပာ

ေအာင္ဆန္းဦး

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး သမိုင္းတရားခံ အျဖစ္မခံဘူးလို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာဆိုလိုက္ပါတယ္။

စက္တင္ဘာ ၁၅ ရက္က ေနျပည္ေတာ္ရွိ ပါတီဌာနခ်ဳပ္မွာက်င္းပတဲ့ ပါတီဗဟိုေကာ္မတီအဆင့္အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ လႊတ္ေတာ္အတြင္း ဖြဲ႕စည္းပုံ ျပင္ဆင္ေရးလုပ္ငန္းစဥ္အေပၚ သတင္းမီဒီယာတခုက ေမးျမန္းရာမွာ ဦးသိန္းထြန္းဦးက အခုလို ျပန္လည္ေျဖဆိုလိုက္တာပါ။

ျပည္ေထာင္စု လႊတ္ေတာ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ၄၅ ဦး ပါဝင္တဲ့ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး လုပ္ေဆာင္ေနမႈဟာ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ကို ေက်ာ္လြန္ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာဆိုလိုက္ပါတယ္။

“ကြာျခားခ်က္ကေတာ့ က်ေနာ္တို႔ပါတီသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၁၂) ပါ အတိုင္း က်ေနာ္တို႔ သြားပါတယ္။ အခုေဆာင္႐ြက္ေနၾကေသာ အဖြဲ႕အစည္း ပုဂၢိဳလ္မ်ားသည္ အခန္း (၁၂) ကို ေက်ာ္လြန္ေဆာင္ ႐ြက္တယ္လို႔ က်ေနာ္တို႔ တစိုက္မတ္မတ္ ေျပာလာၿပီးသား ျဖစ္ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးလုပ္တဲ့ေနရာမွာ ျပည္ခိုင္ၿဖိဳးပါတီ က ဘယ္ေတာ့မွ သမိုင္းတရားခံ အျဖစ္မခံဘူးလို႔ ဒီေနရာကေန ေျပာၾကားလိုပါတယ္”လို႔ ဦးသိန္းထြန္းဦးက ဆိုပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဒုတိယအႀကိမ္ ျပင္ဆင္ႏိုင္ေရးအတြက္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအေနနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြနဲ႔ ပတ္သက္တဲ့ ျပင္ဆင္ေရး ဥပေဒၾကမ္းနဲ႔ ႏိုင္ငံေတာ္သမၼတရဲ႕ လုပ္ပိုင္ခြင့္အာဏာကို ေလ်ာ့ခ်ၿပီး တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ေတြကို လုပ္ပိုင္ခြင့္ ခြဲေဝေပးႏိုင္မယ့္ ျပင္ဆင္ေရးဥပေဒၾကမ္း ၂ ေစာင္ တင္သြင္းခဲ့ပါတယ္။

ဥပေဒၾကမ္းကို လႊတ္ေတာ္ တြင္း မဲခြဲဆုံးျဖတ္ရာမွာေတာ့ ဥပေဒၾကမ္း စီစစ္ေရး ပူးေပါင္းေကာ္မတီရဲ႕ သုံးသပ္ခ်က္ အစီရင္ခံစာပါ ျပ႒ာန္းခ်က္အတိုင္း ျပည္ေထာင္စုလႊတ္ေတာ္က ဖြဲ႕စည္းေပးထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ လုပ္ငန္းစဥ္ေအာက္ ထည့္သြင္းလုပ္ေဆာင္ဖို႔ အမ်ားစုေထာက္ခံမႈနဲ႔ အတည္ျပဳခဲ့တာပါ။

လက္ရွိအခ်ိန္မွာေတာ့ ၄၅ ဦး ပူးေပါင္းေကာ္မတီအေနနဲ႔ ျပင္ဆင္ေရး ဥပေဒၾကမ္း ေရးဆြဲေနၿပီး ေကာ္မတီအတြင္း သေဘာထားကြဲလြဲမႈေတြေၾကာင့္ ေကာ္မတီဝင္ အျဖစ္ကေန ႏုတ္ထြက္သြားတဲ့ ကိုယ္စားလွယ္အခ်ိဳ႕လည္း ရွိေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013