DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီအပင်ပေါက် အညွန့်ချိုးမခံရရေး ဝိုင်းဝန်းစောင့်ရှောက်ရန် သမ္မတ တိုက်တွန်း
DVB
·
September 15, 2019
ဒီမိုကရေစီအပင်ပေါက် အညွန့်ချိုးမခံရရေး ဝိုင်းဝန်းစောင့်ရှောက်ရန် သမ္မတ တိုက်တွန်း
Donate to DVB

ပြည်သူတွေရဲ့ အသက်၊ ဘဝတွေပေးဆပ်ပြီးမှ ခက်ခက်ခဲခဲရလာတဲ့ ဒီမိုကရေစီ အပင်ပေါက်လေးကို အညွန့်ချိုး မခံရအောင် အားလုံးဝိုင်းဝန်း ပြုစုစောင့်ရှောက်ကြဖို့ သမ္မတက တိုက်တွန်းပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမိန့်ခွန်းမှာ ပြောခဲ့တာပါ။

သမ္မတဦးဝင်းမြင့်က “နိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ ကာလဖြစ်ပြီး ထိန်းချုပ်တာတွေ ဖြေလျှော့တာ၊ ကူးပြောင်းရေး အဆင့်နဲ့ ခိုင်မာရေးအဆင့်တို့ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံအနေနဲ့ ဘယ်အဆင့် လောက်မှာပဲ ရှိသေးတယ်ဆိုတာကို မိဘပြည်သူတွေအနေနဲ့ သုံးသပ်ကြစေလိုပါတယ်။ ဒီမိုကရေစီ လမ်းစပေါ် ခြေချကာစပဲရှိသေးပြီး ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးဘူးဆိုတာ အားလုံး သတိချပ်ကြစေလိုပါတယ်” လို့ ဆိုပါတယ်။

ဒီမိုကရေစီ မရှိသေးတဲ့၊ ဒါမှမဟုတ် အပြည့်အဝ မရသေးတဲ့ နိုင်ငံတွေမှာ လူမျိုးရေး ပြဿနာတွေနဲ့ စိတ်ဝမ်းကွဲပြားတာတွေဟာ ဒီမိုကရေစီ ရှင်သန်ရေးကို အတားအဆီးဖြစ်စေတာ သတိပြုကြစေလိုတယ်လို့လည်း ပြောပါတယ်။

“ပြည်သူလူထုရဲ့ အသက်၊ သွေး၊ ချွေး၊ ဘဝတွေ ပေးဆပ်ပြီးမှ ခက်ခက်ခဲခဲရရှိလာတဲ့ ဒီမိုကရေစီ အပင်ပေါက်လေးကို အညွန့်ချိုး မခံရအောင် အားလုံးက ဝိုင်းဝန်း ပြုစုပျိုးထောင် စောင့်ရှောက်ကြစေလိုပါတယ်။”

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတို့ဟာ ချိတ်ဆက်နေတာကြောင့် တခု ချိုးဖောက်ခံရရင် ကျန်တဲ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံရမှာဖြစ်ပြီး ဒီမိုကရေစီက ဆင်းရဲချမ်းသာ မျက်နှာကြီးငယ်မရွေးဘဲ အခွင့်အလမ်းများ တန်းတူရည်တူဖြစ်စေဖို့ ကိုလည်း အာမခံတယ်လို့လည်း သမ္မတက ပြောပါတယ်။ 

“ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ဖို့၊ ငြိမ်းချမ်းသာယာ ဝပြောဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းတာ၊ ပြင်ဆင် ဖြည့်စွက်တာမှာ ဒီမိုကရေစီရဲ့ အခြေခံ စံချိန် စံညွှန်းတွေ၊ လူ့အခွင့်အရေးရဲ့ အခြေခံ စံနှုန်းစံထားတွေကို ဖြည့်ဆည်းပေးဖို့လိုပါတယ်။ ဒီလို ဥပဒေတွေ ပြဋ္ဌာန်းရာမှာ ဒီမိုကရေစီမျိုးစေ့ကို ပြန်လည်ဖျက်ဆီးမယ့် မျိုးဥ မပါဖို့လိုပါတယ်။”

ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုးတယ်ဆိုရင် ဒီမိုကရေစီ ကျင့်စဉ်ဆိုတာ နောင်မှ ကျင့်သုံးမယ် ဆိုတာထက် ဒီနေ့ကပဲ စတင်ကျင့်သုံးရတယ်ဆိုတာ အားလုံးက လက်ခံဖို့လိုတယ် လို့လည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်မှာ ကျင်းပတာ ဖြစ်ပြီး ဒါနဲ့ဆိုရင် ၉ ကြိမ်မြောက်ပြီ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဒီမိုကေရစီအပင္ေပါက္ အၫြန႔္ခ်ိဳးမခံရေရး ဝိုင္းဝန္းေစာင့္ေရွာက္ရန္ သမၼတ တိုက္တြန္း

ျပည္သူေတြရဲ႕ အသက္၊ ဘဝေတြေပးဆပ္ၿပီးမွ ခက္ခက္ခဲခဲရလာတဲ့ ဒီမိုကေရစီ အပင္ေပါက္ေလးကို အၫြန႔္ခ်ိဳး မခံရေအာင္ အားလုံးဝိုင္းဝန္း ျပဳစုေစာင့္ေရွာက္ၾကဖို႔ သမၼတက တိုက္တြန္းပါတယ္။

ဒီေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာလုပ္တဲ့ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အခမ္းအနားမိန႔္ခြန္းမွာ ေျပာခဲ့တာပါ။

သမၼတဦးဝင္းျမင့္က “ႏိုင္ငံဟာ ဒီမိုကေရစီအသြင္ကူးေျပာင္းတဲ့ ကာလျဖစ္ၿပီး ထိန္းခ်ဳပ္တာေတြ ေျဖေလွ်ာ့တာ၊ ကူးေျပာင္းေရး အဆင့္နဲ႔ ခိုင္မာေရးအဆင့္တို႔ ျဖစ္ပါတယ္။ က်ေနာ္တို႔ႏိုင္ငံအေနနဲ႔ ဘယ္အဆင့္ ေလာက္မွာပဲ ရွိေသးတယ္ဆိုတာကို မိဘျပည္သူေတြအေနနဲ႔ သုံးသပ္ၾကေစလိုပါတယ္။ ဒီမိုကေရစီ လမ္းစေပၚ ေျခခ်ကာစပဲရွိေသးၿပီး ဒီမိုကေရစီပန္းတိုင္ကို မေရာက္ေသးဘူးဆိုတာ အားလုံး သတိခ်ပ္ၾကေစလိုပါတယ္” လို႔ ဆိုပါတယ္။

ဒီမိုကေရစီ မရွိေသးတဲ့၊ ဒါမွမဟုတ္ အျပည့္အဝ မရေသးတဲ့ ႏိုင္ငံေတြမွာ လူမ်ိဳးေရး ျပႆနာေတြနဲ႔ စိတ္ဝမ္းကြဲျပားတာေတြဟာ ဒီမိုကေရစီ ရွင္သန္ေရးကို အတားအဆီးျဖစ္ေစတာ သတိျပဳၾကေစလိုတယ္လို႔လည္း ေျပာပါတယ္။

“ျပည္သူလူထုရဲ႕ အသက္၊ ေသြး၊ ေခြၽး၊ ဘဝေတြ ေပးဆပ္ၿပီးမွ ခက္ခက္ခဲခဲရရွိလာတဲ့ ဒီမိုကေရစီ အပင္ေပါက္ေလးကို အၫြန႔္ခ်ိဳး မခံရေအာင္ အားလုံးက ဝိုင္းဝန္း ျပဳစုပ်ိဳးေထာင္ ေစာင့္ေရွာက္ၾကေစလိုပါတယ္။”

ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရး၊ တရားဥပေဒစိုးမိုးေရးတို႔ဟာ ခ်ိတ္ဆက္ေနတာေၾကာင့္ တခု ခ်ိဳးေဖာက္ခံရရင္ က်န္တဲ့အခြင့္အေရးေတြလည္း ခ်ိဳးေဖာက္ခံရမွာျဖစ္ၿပီး ဒီမိုကေရစီက ဆင္းရဲခ်မ္းသာ မ်က္ႏွာႀကီးငယ္မေ႐ြးဘဲ အခြင့္အလမ္းမ်ား တန္းတူရည္တူျဖစ္ေစဖို႔ ကိုလည္း အာမခံတယ္လို႔လည္း သမၼတက ေျပာပါတယ္။

“ဒီမိုကေရစီ ျပည္ေထာင္စုႏိုင္ငံေတာ္ တည္ေဆာက္ဖို႔၊ ၿငိမ္းခ်မ္းသာယာ ဝေျပာဖို႔နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒအပါအဝင္ ဥပေဒေတြကို ေရးဆြဲျပ႒ာန္းတာ၊ ျပင္ဆင္ ျဖည့္စြက္တာမွာ ဒီမိုကေရစီရဲ႕ အေျခခံ စံခ်ိန္ စံၫႊန္းေတြ၊ လူ႔အခြင့္အေရးရဲ႕ အေျခခံ စံႏႈန္းစံထားေတြကို ျဖည့္ဆည္းေပးဖို႔လိုပါတယ္။ ဒီလို ဥပေဒေတြ ျပ႒ာန္းရာမွာ ဒီမိုကေရစီမ်ိဳးေစ့ကို ျပန္လည္ဖ်က္ဆီးမယ့္ မ်ိဳးဥ မပါဖို႔လိုပါတယ္။”

ဒီမိုကေရစီကို အမွန္တကယ္ ျမတ္ႏိုးတယ္ဆိုရင္ ဒီမိုကေရစီ က်င့္စဥ္ဆိုတာ ေနာင္မွ က်င့္သုံးမယ္ ဆိုတာထက္ ဒီေန႔ကပဲ စတင္က်င့္သုံးရတယ္ဆိုတာ အားလုံးက လက္ခံဖို႔လိုတယ္ လို႔လည္း ဆိုပါတယ္။

အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အခမ္းအနားကို ျပည္ေထာင္စုလႊတ္ေတာ္ သဘင္ေဆာင္မွာ က်င္းပတာ ျဖစ္ၿပီး ဒါနဲ႔ဆိုရင္ ၉ ႀကိမ္ေျမာက္ၿပီ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013